ပြည်တွင်း၊ ပြည်ပအဖျက်သမား တွန်းလှန်ဖယ်ရှား

နယ်ချဲ့ဖက်ဆစ်များ၏ ကျူးကျော်စစ်ပွဲများကြောင့် ကမ္ဘာစစ်ကြီးဖြစ်ပွားပြီး နိုင်ငံ များလွတ်လပ်ရေးဆုံးရှုံးရခြင်း၊ ပြည်ပစွက်ဖက်ကျူးကျော်မှုကြောင့် တိုင်းပြည်ပြိုကွဲ ပျက်စီးရခြင်းအကြောင်းရင်းများတွင် နိုင်ငံတစ်နိုင်ငံသည် တိုင်းပြည်အတွင်း စည်းလုံး ညီညွတ်မှုမရှိခြင်းနှင့် အင်အားတောင့်တင်းခိုင်မာသော တပ်မတော်တစ်ရပ်မရှိခြင်း တို့သည် အဓိကအကြောင်းအချက်များဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းနိုင်ငံတိုင်း သည်  မိမိနိုင်ငံစည်းလုံးညီညွတ်ပြီး  အင်အားတောင့်တင်းခိုင်မာသော ခေတ်မီ တပ်မတော်တစ်ရပ်ဖြစ်ထွန်းရေးကို ကြိုးပမ်းဆောင်ရွက်ကြသည်။


တပ်မတော်သည် ရရှိပြီးသောလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ မဆုံးရှုံး စေရေး၊ တိုင်းပြည်မပြိုကွဲ၊ မပျက်စီးရေးအတွက် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိ သည်။ မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ သမိုင်း၏မဖြစ် မနေလိုအပ်ချက်အရ ပေါ်ပေါက်လာသည့် တစ်ခုတည်းသောတပ်မတော်ဖြစ်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးကြိုးပမ်းစဉ်နှင့် စစ်အတွင်းကာလကို  ခါးသီးစွာ ဖြတ်သန်းခဲ့ရပြီး  လွတ်လပ်ရေးရပြီးကာလတွင်လည်း   ကြမ်းတမ်းခက်ထန်စွာ ဖြတ်သန်းခဲ့ရသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ နိုင်ငံများသည် လွတ်လပ်ရေး ရရှိပြီးနောက် မိမိတို့နိုင်ငံ ခေတ်မီတိုးတက်ဖွံ့ဖြိုးလာအောင် ဖြောင့်တန်းစွာကြိုးပမ်း ဆောင်ရွက်နိုင်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးသည်မှ ယနေ့ ထက်တိုင်အောင် မငြိမ်းချမ်းမှုများကြောင့် ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသည်။


မတည်ငြိမ်သော နိုင်ငံရေးစနစ်နှင့်  မငြိမ်းချမ်းသောပဋိပက္ခများ၊   တစည်း တလုံးတည်းမရှိမှုတို့သည် တိုင်းပြည်အတွက် အန္တရာယ်ဖြစ်သည်။ ပြည်တွင်း စည်းလုံးညီညွတ်မှု ပျက်ပြားမှု၊ ပြည်ပစွက်ဖက်မှု၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကို ထိပါးလာမှုများအား အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသည်။ လွတ်လပ်ရေးသမိုင်းကြောင်း သည်    ကြမ်းတမ်းခက်ထန်သကဲ့သို့   လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း တိုင်းပြည်ပြိုလုနီးနီးအဖြစ်များရှိခဲ့သည်။ ထိုသို့သောအခြေအနေများကို တပ်မတော် သည် အသက်၊ သွေး၊ ချွေးများပေးဆပ်ကာ ကာကွယ်စောင့်ရှောက်ပေးခဲ့ရသည်။ မျက်မှောက်ကာလတွင်လည်း တိုင်းပြည်ပြိုကွဲပျက်စီးစေမည့်လုပ်ရပ်များ  ဖန်တီး လုပ်ကိုင်နေမှုများကို ကြုံတွေ့နေရသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ (၂၀၂၁)တွင် “တပ်မတော်မှ နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေနှင့်အညီ မဖြစ်မနေ တာဝန်ယူခဲ့ရသည့်ဖြစ်စဉ်မှန်များကို မသိကျိုးကျွန်ပြုကာ တပ်မတော်နှင့်ပြည်သူ သွေးကွဲအောင်၊ တပ်မတော်အင်အားချည့်နဲ့ပြီး တိုင်းပြည်ပြိုကွဲအောင် ပြည်တွင်း၊ ပြည်ပအဖျက်သမားများ၏ လုပ်ရပ်များကို သိရှိနားလည်ပြီး ဥပဒေဘောင်အတွင်း ကနေ သတိရှိရှိဖြင့် တွန်းလှန်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ သည်။ တပ်မတော်ဖြိုခွဲရေးအကြံအစည်ကို လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစ၍ ယနေ့အချိန်အထိ လက်ဝဲ၊ လက်ယာ နိုင်ငံရေးသမားများနှင့် အကြမ်းဖက်အဖျက် သမားများက တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။

 
ပြည်တွင်းမှ အကြမ်းဖက်အဖျက်သမားများက လက်နက်ဆွဲကိုင်အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ    ပြုလုပ်နေပြီး    ၎င်းတို့ကို    ပြည်တွင်းသစ္စာဖောက် ပြည်ပအားကိုး  အကြမ်းဖက်အဖွဲ့အစည်းများက  သွေးထိုးလှုံ့ဆော်၊ မြှောက်ပင့် ထောက်ပံ့အားပေးနေသည်။ တပ်မတော်ကို ဖြိုခွဲနိုင်လျှင် ဒီမိုကရေစီရရှိမည်ဟူသော အတွေးကြောင်သည့် ဝါဒမှိုင်းတိုက်ပေးပြီး ပြည်သူနှင့်တပ်မတော်ကို ရန်တိုက်ပေး သည်။ တပ်မတော်သည် ရှင်ကြီးဝမ်းထဲလည်းဝင်ခဲ့ဖူးပြီ၊ ရှင်ငယ်ဝမ်းထဲလည်းဝင်ခဲ့ ဖူးပြီ။ တိုင်းပြည်ကို ဖြိုခွဲဖျက်ဆီးသော ပြည်တွင်း၊ ပြည်ပရန်စွယ်အန္တရာယ်အမျိုးမျိုး ကို အကြိမ်ကြိမ်တွန်းလှန်ဖယ်ရှားခဲ့ပြီးဖြစ်သည်။ တပ်မတော်သည် ပြည်ပကျူးကျော် မှုကို ကာကွယ်ရေး၊ ပြည်တွင်းဆူပူသောင်းကျန်းမှုကို တားဆီးရေးတို့သာမက အမျိုး၊ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုတို့ မပျောက်ပျက်ရေးတို့ကိုပါ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည့် အမျိုးသားတပ်မတော်ဖြစ်သည်။


တိုင်းပြည်နှင့်တပ်မတော်ကို ဖြိုခွဲဖျက်ဆီးရန် ကြိုးပမ်းမှုဖြင့် ဒီမိုကရေစီရရှိမည် မဟုတ်ပေ။ တိုင်းပြည်ပြိုကွဲပျက်စီးပြီး ပြည်သူများအားလုံး ဒုက္ခဆင်းရဲရောက်ကြရ မည်ဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ နိုင်ငံတော်နှင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍနှင့် ပြည်သူ လူထု၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရန် ဆောင်ရွက် ပေးနေသောအဖွဲ့အစည်းဖြစ်သည်။ နိုင်ငံတော်၏ အသက်ခန္ဓာသဖွယ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်  ပါတီစုံဒီမိုကရေစီစနစ်ကို   ယိမ်းယိုင်ပျက်စီးအောင်   ပြုလုပ်လာသည့်   ပြည်တွင်း၊ ပြည်ပအဖျက်မှန်သမျှကို တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ ကာကွယ်တားဆီးမည်ဟု ယုံကြည်ပါကြောင်း။     ။