
ကွာလာလမ်ပူ နိုဝင်ဘာ ၃၀
မလေးရှားနိုင်ငံ၌ ပြီးခဲ့သော တစ်ရက်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ၄၀၈၇ ဦး ထပ်မံတွေ့ရှိရ သဖြင့် နိုင်ငံအတွင်း ကူးစက်ခံရသူ ပေါင်း ၂၆၂၇၉၀၃ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။
ထို့ပြင် ၆၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၃၀၃၇၀ ရှိလာကြောင်းသိရသည်။ နိုင်ငံအတွင်းရှိ ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ကုသနေသူများ အနက် ၄၉၈၄ ဦးမှာ ဆေးရုံများမှ ဆင်းခွင့်ရရှိသဖြင့် ကိုဗစ် -၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၂၅၃၂၀၃၆ ဦး ရှိလာသည်။
နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိဆဲလူနာ ၆၅၄၉၇ဦးရှိသည့်အနက် ၅၀၇ ဦးမှာ အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါး ကုသမှုခံယူနေဆဲဖြစ်ပြီး ၎င်းတို့အနက် ၂၇၂ဦးမှာ အသက်ရှူအထောက်အကူပြုကိရိယာ တပ်ဆင် ထားရကြောင်းသိရသည်။ လက်ရှိအချိန်၌ နိုင်ငံ လူဦးရေ၏ ၇၉ ဒသမ ၁ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးစီးခဲ့ပြီး
၇၇ ဒသမ ၇ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးစီးကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ