မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် မဟာအောင်မြေမြို့နယ်များအတွင်း အကြမ်းဖက်ဖောက်ခွဲရေးနှင့် လုပ်ကြံ သတ်ဖြတ်မှုများ ဆောင်ရွက်ခဲ့သော PDF အကြမ်းဖက်အဖွဲ့များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဒီဇင်ဘာ  ၁


နိုင်ငံတော်         တည်ငြိမ်အေးချမ်းမှုကို  ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍   အများ ပြည်သူနှင့်  သက်ဆိုင်သောနေရာများတွင်  မိုင်းထောင်ဖောက်ခွဲခြင်း၊    နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် နိုင်ငံ့ဝန်ထမ်းများကို   လုပ်ကြံသတ်ဖြတ် ခြင်းများကို PDF အကြမ်းဖက်အဖွဲ့များမှ ဆောင်ရွက်လျက်ရှိရာ    ၂၀၂၁    ခုနှစ်၊  နိုဝင်ဘာ  ၃  ရက်တွင်   KIA သောင်းကျန်းသူ တပ်မဟာ (၈) တွင်  PDF  အကြမ်းဖက် သင်တန်းတက်ရောက်ခဲ့သော သူရအောင် (၂၈) နှစ်ကို အမရပူရမြို့နယ်၊ ကျောက်စိမ်း ဘုရားအနီးတွင်လည်းကောင်း၊ အောင်ဖြိုး  (၂၆) နှစ်အား  ပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု၊  ကျည် ၁၆ တောင့်နှင့်အတူ ချမ်းမြ သာစည်မြို့နယ်၊  ၄၉ လမ်းနှင့် ၁၀၉ လမ်း ထောင့်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏  ထွက်ဆိုချက်အရ  ဇင်ဝိုင်း  (ခ) မျိုးချစ် (၂၈) နှစ်အား လက်လုပ်သေနတ်     တစ်လက်၊ ကျည် သုံးတောင့်၊ လက်လုပ်မိုင်း နှစ်လုံး
တို့နှင့်အတူ   အမရပူရမြို့နယ်၊ ဆေးအိုးဘိုအဝိုင်းအနီး       တွင် လည်းကောင်း၊ ရှိုင်းအောင် (၂၁)  နှစ် အား  ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီးတွင် လည်း ကောင်း၊ ထက်လင်းခိုင် (ခ) ဒီပ  (၂၃)  နှစ်  အား  ချမ်းမြသာစည် မြို့နယ်၊   ၅၁ လမ်း x ၅၂  လမ်း၊ ၁၁၀ (B) လမ်းတွင် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

 


တရားခံ    ရှိုင်းအောင်      ၏ ထွက်ဆိုချက်အရ         နိုဝင်ဘာ ၄ ရက်တွင် ဖြိုးသုန်ထွန်း (၂၁)နှစ် အား     ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီးတွင် လည်း ကောင်း၊   မျိုးကို  (ခ)  မျိုးကျော် (၂၀) နှစ်၊ အောင်မျိုးဝင်း (၂၁) နှစ် နှင့်     ရှင်းသန့်နိုင်  (၁၇)  နှစ်တို့ သုံးဦးကို   လက်ပစ်ဗုံး   တစ်လုံး၊ လက်လုပ်မိုင်း   တစ်လုံး   တို့နှင့် အတူ  ပုသိမ်ကြီးမြို့နယ်၊  နွယ်နီ ကျေးရွာအနီးတွင် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

 


တရားခံ   ထက်လင်းခိုင်   (ခ)ဒီပ ၏ ထွက်ဆိုချက်အရ နိုဝင်ဘာ  ၅   ရက်တွင်  သိန်းအောင်  (ခ)သိန်းစိုး(၂၀)နှစ်၊ သန့်ဇင်ဝင်း(၁၉)နှစ်နှင့် ပိုးသဉ္ဇာကျော်(၂၀)နှစ်တို့ သုံးဦးအား ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်   ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးရမိခဲ့ပြီး တရားခံ များ၏   ထွက်ဆိုချက်အရ   နိုဝင် ဘာ  ၁၈ ရက်တွင် အောင်ခန့်ဇော် (၂၁)  နှစ်အား ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာတွင် လည်း ကောင်း၊    ၎င်း၏ထွက်ဆိုချက် အရ  နိုဝင်ဘာ  ၂၅  ရက်တွင် ခင်အေးမော် (၅၀)နှစ်အား ချမ်းမြ သာစည်မြို့နယ်၊ အောင်ပင်လယ် ရပ်ကွက်တွင်       လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိ  တရားခံများ၏ ထွက်ဆိုချက်အရ       နိုဝင်ဘာ ၃၀ ရက်တွင် MPDF အကြမ်းဖက် အဖွဲ့မှ    အောင်သူရကျော်    (ခ)ဇီးကွက် (၂၆) နှစ်၊ ကျော်စွာသက် (၂၁)  နှစ်၊ ဝေယံထွန်း (၂၄) နှစ်၊ ကျော်မင်းသူ (၃၁) နှစ်၊ စည်သူဖြိုး (၂၇) နှစ်၊ သူရအောင် (ခ) ရှမ်းပုတ်  (၂၉)  နှစ်၊  ဇင်မင်းဌေး (၂၂) နှစ်၊ သီဟဇော် (၂၂) နှစ်၊ လှိုင်ဦး (၂၁) နှစ်၊ ကိုထွေး (ခ) မင်းသက်ထွေး (၃၃)   နှစ်၊   မိုးဝင်း   (၃၇)  နှစ်၊ ချောစုစုဝေ (၂၂) နှစ်၊ အိမြတ်နိုးဦး (၂၈) နှစ်နှင့် ချစ်ဖူးငုံ (၂၈) နှစ်ပါ  ၁၄ ဦးကို ချမ်းအေးသာစံမြို့နယ်၊ ၂၇   လမ်းနှင့်   ၇၂   လမ်းထောင့်ရှိ GIZA BAR RESTAURANT တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

 


တရားခံများ၏ ထွက်ဆိုချက် အရ  နိုဝင်ဘာ ၃၀ ရက် ညနေ ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ  မတ္တရာမြို့နယ်၊    တောင်ခေါင်း ကျေးရွာ၊       လိပ်ကျရေတံခွန် အပါအဝင်     အနီးဝန်းကျင်အား သွားရောက်   ရှာဖွေစစ်ဆေးခဲ့ရာ KIA သောင်းကျန်းသူထုတ်  KA-2-5 ခေါက်ဒင် ခုနစ်လက်၊   KA-2-5 ခုနစ်လက်၊ TYPE 81 ခြောက် လက်၊   M79  ဗုံးပစ်လောင်ချာ တစ်လက်၊  ပေါင်း  ၂၁  လက်၊ ကျည်အိမ် ၂၀၊ ၅.၅၆ ကျည်တောင့် ၁၄၅၀၊ 7.62  ကျည် ၅၀၀၊ 12 ဗို့ကျည်  ၆၁  တောင့်၊  ၄၀  မမ  ဗုံးသီး ၁၅ လုံး၊ လက်ပစ်ဗုံး  ၂၀၊  လက်လုပ်မိုင်း   နှစ်လုံး၊    ဒီတို နေတာ (လျှပ်စစ်) ၉၉၃ ခု၊  ဒီတို နေတာ(မီးရှို့) ၁၃၄ ခု၊ အီကွေမန့် သုံးစုံနှင့် MPDF တံဆိပ်ပါအလံ  သုံးခုတို့ကို  သိမ်းဆည်းရမိခဲ့သည်။ 

 


တရားခံ အောင်သူရကျော် (ခ)  ဇီးကွက်၏  ထွက်ဆိုချက်အရ ဒီဇင်ဘာ  ၁  ရက်တွင်  ဝင်းလှိုင် (၄၁) နှစ်ကို ပြည်ကြီးတံခွန်မြို့နယ်၊  (ဇ)  ရပ်ကွက်၊  ၆၀ (ဒီ) လမ်းတွင် လည်းကောင်း၊ သီဟကို (၂၄)နှစ် နှင့်    ဝေသူအောင်  (၂၈) နှစ်တို့ နှစ်ဦးကို ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၉x၁၃၀ လမ်း၊ ၅၈x၅၉ လမ်း တွင်လည်းကောင်း၊ စိုင်းဇော်ဦး (၂၂) နှစ်အား    အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်တွင်     လည်း ကောင်း၊    ဖြိုးဝေ (၂၁) နှစ်အား မြစ်သားမြို့နယ်၊ ရိုးကန်ကျေးရွာ တွင်လည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့သည်။ 

 


ဖြစ်စဉ်တွင်            တရားခံ အောင်သူရကျော်  (ခ) ဇီးကွက်ပါ ကျား  ၂၈  ဦး၊  မ  ငါးဦး  ပေါင်း ၃၃ ဦးကို လက်နက်မျိုးစုံ ၂၂ လက်၊ လက်လုပ်သေနတ်        တစ်လက်၊ ကျည်အိမ်မျိုးစုံ ၂၂ ခု၊ ကျည်မျိုးစုံ ၂၀၂၆ တောင့်၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊ လက်ပစ်ဗုံး ၂၁ လုံး၊ လက်လုပ် မိုင်း ငါးလုံး၊ ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

 


တရားခံများ၏ ထွက်ဆိုချက် အရ   သူရအောင်၊   ဇင်ဝိုင်း (ခ)မျိုးချစ် တို့သည် KIA တပ်မဟာ (၈) တွင်လည်းကောင်း၊ ထက်လင်း ခိုင်(ခ) ဒီပ သည် KIA တပ်မဟာ (၃) တွင်လည်းကောင်း  အကြမ်း ဖက်သင်တန်းများ   တက်ရောက် ခဲ့ပြီး    ကျန်ဖမ်းဆီးရမိ   တရားခံ များသည်   PDF   အကြမ်းဖက် ဆင့်ပွားသင်တန်းများ     တက် ရောက်ပြီးသူများ    ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 


ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ      အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်မှုအနေ ဖြင့် စက်တင်ဘာလ ပထမပတ် တွင် နောင်ရိုးအကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန်တရားခံ ကိုဇော် (ခ)  ကမ္ဘာ  ၏   စေခိုင်းချက်အရ အောင်ဖြိုး (ခ) ကိုဖြိုး သည် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၅ လမ်း နှင့်  ၁၂၆  လမ်းကြား၊  ဗိုလ်ချုပ် ပန်းခြံအနီးရှိ ကျောင်းဝင်းအတွင်း လက်လုပ်ဗုံးဖြင့်လည်းကောင်း။

 


အောက်တိုဘာ ၂၁ ရက်တွင် YDF အကြမ်းဖက်အဖွဲ့မှ ဖြိုးသုန် ထွန်း သည် ပြည်ကြီးတံခွန်မြို့ နယ်၊  (ဋ)  ရပ်ကွက်၊  ၄၈ လမ်းနှင့် ၄၉ လမ်းကြားရှိ ရွှေငါးစတိုးဆိုင် အား     လက်လုပ်ဗုံးဖြင့်    လည်းကောင်း။  

 


အောက်တိုဘာ ၂၂ ရက်တွင် YDF အကြမ်းဖက်အဖွဲ့မှ မျိုးကို(ခ) မျိုးကျော်နှင့်  အောင်မျိုးဝင်း (ခ)မျိုးကြီး တို့ နှစ်ဦးသည် ချမ်းအေး သာဇံမြို့နယ်၊ ၆၂ လမ်းနှင့်  ၃၂ (အေ)   လမ်းထောင့်ရှိ   မြတံခွန်  နှင့်   အောင်သန်းဆုထီဆိုင်အား လက်လုပ်ဗုံးဖြင့် လည်းကောင်း။

 


အောက်တိုဘာ ၃၁ ရက်တွင် YDF အကြမ်းဖက်အဖွဲ့မှ ရှင်းသန့် နိုင်၊ အောင်မျိုးဝင်းနှင့် ဖမ်းဆီးရန် ကျန်တရားခံ ဝဏ္ဏကို တို့ သုံးဦး သည်       မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးရှိ Royal One KTV ဆိုင်အား လက်လုပ်ဗုံးဖြင့်  လည်း ကောင်း       ပစ်ခတ်ဖောက်ခွဲခဲ့ ကြောင်း သိရှိရသည်။

 


ထို့ပြင် စက်တင်ဘာ ၂၄ ရက် တွင် အောင်ဖြိုး (ခ) ကိုဖြိုးသည် ပြည်ကြီးတံခွန်မြို့နယ်၊      (စ)ရပ်ကွက်ရှိ       အပြစ်မဲ့ပြည်သူ တစ်ဦးကို      လက်နက်ငယ်ဖြင့် လည်းကောင်း။

 


စက်တင်ဘာ   ၂၅   ရက်တွင် နောင်ရိုး    အကြမ်းဖက်အဖွဲ့မှ အောင်ဖြိုး (ခ) ကိုဖြိုး      သည် ချမ်းမြသာစည်မြို့နယ်၊     အောင် သာယာရပ်ကွက်ရှိ      အပြစ်မဲ့ ပြည်သူတစ်ဦးကို လက်နက်ငယ် ဖြင့် လည်းကောင်း။

 


အောက်တိုဘာ ၂၀ ရက်တွင် နောင်ရိုး    အကြမ်းဖက်အဖွဲ့မှ ထက်လင်းခိုင်   (ခ)   ဒီပသည် ချမ်းမြသာစည်မြို့နယ်၊ အောင် ပင်လယ်ရပ်ကွက်မှ ရစဖအဖွဲ့ဝင် ဦးကျော်ကျော် အား လက်နက်ငယ် ဖြင့် လည်းကောင်း။

 


အောက်တိုဘာ ၃၀ ရက်တွင်  နောင်ရိုး     အကြမ်းဖက်အဖွဲ့မှ အောင်ဖြိုး  (ခ) ကိုဖြိုး     သည် ဖမ်းဆီးရန်ကျန်           တရားခံ ကွေးကွေး၏  စေခိုင်းချက်အရ မဟာအောင်မြေမြို့နယ်၊ မဟာ မြိုင်(၁)ရပ်ကွက်မှ အပြစ်မဲ့ပြည်သူ တစ်ဦးကို     လက်နက်ငယ်ဖြင့် လည်းကောင်း။

 


နိုဝင်ဘာ   ၃   ရက်တွင်  YDF အကြမ်းဖက်အဖွဲ့မှ ဖြိုးသုန်ထွန်း (ခ) ကိုဖြိုး သည် ချမ်းမြသာစည် မြို့နယ်၊    ကန်သာယာရပ်ကွက်၊ ၁၁၀ လမ်းနှင့် ၅၉ လမ်းထောင့်ရှိ ဆိုင်ကယ်အရောင်းဆိုင်မှ အပြစ်မဲ့ ပြည်သူတစ်ဦးကို လက်နက်ငယ် ဖြင့်လည်းကောင်း         ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

 


တရားခံများ၏ ထွက်ဆိုချက် အရ NLD ပါတီမှ ပြည်ကြီးတံခွန် မြို့နယ်၊    ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း  ကျော်စိုး လင်း ၏ ချိတ်ဆက်ပေးမှုဖြင့် KIA တပ်မဟာ  (၆)  နှင့်  (၈)  တို့တွင် အကြမ်းဖက်သင်တန်းများ  တက် ရောက်ခဲ့ပြီး  ဖမ်းဆီးရမိလက်နက် ခဲယမ်းများအား KIA သောင်းကျန်း သူအဖွဲ့မှ  ပေးပို့ခဲ့ကြောင်း   ဖော်ထုတ်သိရှိရသည်။

 


တရားခံများ၏  ထွက်ဆိုချက် အရ    ဖမ်းဆီးရန်ကျန်   တရားခံ နက္ခတ်  (ခ)  နိုင်နိုင်ထွန်း  နှင့် ကျော်စိုးလင်း တို့၏ စေခိုင်းမှုဖြင့်  မန္တလေးမြို့အတွင်း အကြမ်းဖက် ဖောက်ခွဲရေးနှင့် လုပ်ကြံသတ်ဖြတ် မှုများအား    ဆောင်ရွက်ခြင်းဖြစ် ကြောင်းနှင့်    ထိုသို့ဆောင်ရွက် နိုင်ရေး ပြည်ပနိုင်ငံများရှိ အစွန်း ရောက်   NLD   ပါတီထောက်ခံ သူများနှင့်      အဖွဲ့အစည်းအချို့မှ လိုအပ်သော   ငွေကြေးများ ထောက်ပံ့ပေးလျက်    ရှိကြောင်း ဖော်ထုတ်သိရှိရသည်။

 


အဆိုပါ ဖမ်းဆီးရမိတရားခံ များအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး     ဆက်လက် ဆောင်ရွက်သွားမည်    ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား    ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြ ရန်နှင့် ဆက်စပ်တရားခံများအား  အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့   ပုန်းခိုရာ     နေရာများ၊ လှုပ်ရှားသွားလာ      နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့    လျှို့ဝှက်စွာ   သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ  လျှို့ဝှက်၍  ဆုငွေ များ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း နှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက်      ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန်      မေတ္တာ ရပ်ခံထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။      

သတင်းစဉ်