
နေပြည်တော် ဒီဇင်ဘာ ၁
CRPH နှင့် NUG အမည်ခံအကြမ်းဖက် အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့ သောဒေသများတွင် အေးချမ်းစွာနေထိုင် ကြသော ပြည်သူများအား အကြောင်း ပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ၊ အများ ပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင် ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော် ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင်ပစ္စည်း များနှင့် စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း စသည့်အဖျက်အမှောင့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ မိုင်းထောင် ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ နေအိမ် ၃၆၀ ပျက်စီးဆုံးရှုံးခဲ့ရမှုကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-
အကြမ်းဖက်အဖွဲ့များအနေဖြင့် နေအိမ်များအား ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု သတင်း များကို ရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ် သတင်းပေးပို့၍ အကြမ်းဖက် သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံသတင်း ထုတ်ပြန်ထားသည်။
သတင်းစဉ်