ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနောင်ပင်၌ ဘတ်စ်ကားပြေးဆွဲရေးလုပ်ငန်းနှင့် အငှားမော်တော်ဘုတ်ပြေးဆွဲခြင်းလုပ်ငန်း ပြန်လည်စတင်

ဖနောင်ပင်   နိုဝင်ဘာ   ၂


ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနောင်ပင်၌ ကိုဗစ်-၁၉ ရောဂါကြောင့်    ရပ်ဆိုင်းထားခဲ့ရသော  ဘတ်စ်ကား ပြေးဆွဲရေးလုပ်ငန်းနှင့် အငှားမော်တော်ဘုတ်ပြေးဆွဲ ခြင်းလုပ်ငန်းကို ယနေ့တွင် ပြန်လည်စတင်ပြေးဆွဲခဲ့ ကြောင်း ဖနောင်ပင်မြို့တော် ဘတ်စ်ကားပြေးဆွဲရေးလုပ်ငန်းအာဏာပိုင်အဖွဲ့မှ   ညွှန်ကြားရေးမှူး အန်ဆော့ဟင်က ပြောကြားသည်။ 


ယခုစတင်ပြေးဆွဲသော အဆိုပါဘတ်စ်ကားနှင့် အငှားမော်တော်ဘုတ်များအား  နိုဝင်ဘာ ၂ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ အခမဲ့စီးနင်းခွင့်ပြုသွားမည်ဖြစ် ကာ နိုဝင်ဘာ ၈ ရက်မှစတင်၍ ယာဉ်စီးခ ပြန်လည် ကောက်ခံသွားမည်ဖြစ်ကြောင်း  သိရသည်။ 


သို့ရာတွင် ဘုန်းတော်ကြီးများ၊ သက်ကြီးရွယ်အို များ၊ ကလေးသူငယ်များ၊ ကျောင်းသားများ၊ အထည် ချုပ်စက်ရုံဝန်ထမ်းများ၊ အားကစားသမားများနှင့် ဆရာ   ဆရာမများအား   အခမဲ့စီးနင်းခွင့်ပြုသွား မည်ဖြစ်ကြောင်း သိရသည်။    အဆိုပါ  မော်‌တော်ယာဉ် များနှင့်    မော်တော်ဘုတ်များတွင် လိုက်ပါစီးနင်းသည့်ခရီးသည်များအနေဖြင့် နှာခေါင်းစည်းဝတ်ဆင် ခြင်း၊ ကိုယ်အပူချိန်တိုင်းတာမှုခံယူခြင်းနှင့် မိုဘိုင်းဖုန်း များ၌   ကိုဗစ်-၁၉ ရောဂါဆိုင်ရာ  သတိပေးချက် အက်ပလီကေးရှင်း    “Stop COVID QR Code”  ကို  ထည့်သွင်းထားခြင်း စသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ   ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း   အန်ဆော့ဟင်က   ပြောကြား သည်။


နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများနှင့် အဆိုပါရောဂါကြောင့် သေဆုံးမှု များ ကျဆင်းလျက်ရှိပြီး နိုင်ငံလူဦးရေ ၁၃ ဒသမ ၇၄ သန်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် လူဦးရေ ၁၃ ဒသမ ၀၈ သန်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးခဲ့ပြီး လူဦးရေ ၁ ဒသမ ၈၈ သန်း မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။ 
တရုတ်နိုင်ငံက ထုတ်လုပ်သော Sinovac နှင့်  Sinopharm    ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး များအား   နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရာ၌  အများဆုံး  သုံးစွဲလျက်ရှိကြောင်း သိရသည်။ နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၁၈၇၀၂ ဦး၊ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသူပေါင်း ၁၁၅၀၁၇ ဦးနှင့် အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၂၈၀၀ ရှိကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက  ပြောကြား သည်။      

   
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ