တန့်ဆည်မြို့နယ်အတွင်းရှိ PDF အမည်ခံအကြမ်းဖက်လက်နက်ကိုင်များက အပြစ်မဲ့အရပ်သား ပြည်သူအမျိုးသမီး လေးဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ အမျိုးသမီးနှစ်ဦးအား ရက်စက်စွာမီးရှို့သတ်ဖြတ်

 

နေပြည်တော်  ဒီဇင်ဘာ   ၂


အကြမ်းဖက်သမားများသည် တရားဥပဒေစိုးမိုးရေး နှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေကြသော  အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ထိခိုက်ဒဏ်ရာရရှိစေရန်   ရည်ရွယ်ချက်များ ဖြင့် လည်းကောင်း၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း များအား  အဓိပ္ပာယ်မဲ့ ပြုမူလုပ်ဆောင်လျက်ရှိသည် ကို တွေ့ရသည်။

 


ထိုသို့အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက် ည ၁၂ နာရီ ၅ မိနစ်တွင် တန့်ဆည် မြို့နယ်         ကျွန်းတောကုန်းကျေးရွာအတွင်းသို့ ဒေါင့်ကြီးကျေးရွာဘက်မှ PDF အကြမ်းဖက်သမား ၂၀ ခန့်က လက်နက်များကိုယ်စီကိုင်ဆောင်ကာ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတိုက်ငွေ(၆၂နှစ်) (ဘ)ဦးဖိုးဆောင် ၏ နေအိမ်ခြံဝင်းအတွင်းဝင်ရောက်ကာ ဦးတိုက်ငွေ အား သတ်ဖြတ်ရန်အတွက်    ရှာဖွေခဲ့ကြောင်း၊ ဦးတိုက်ငွေအား  မတွေ့ရှိရသဖြင့်   အဆိုပါခြံဝင်း အတွင်း၌ နေထိုင်ကြသည့် ဦးတိုက်ငွေ၏ ညီမဝမ်းကွဲ ဖြစ်သူ ဒေါ်တင်ထွေး (၅၅နှစ်) (ဘ)ဦးဘမောင်၏ နေအိမ်အတွင်းဝင်ရောက်ကာ   ဒေါ်တင်ထွေး အပါ အဝင် ၎င်းအိမ်တွင် နေထိုင်လျက်ရှိသည့် ဒေါ်တင် ထွေး၏ တူမများဖြစ်သော ဒေါ်ဝင်းမာ (၄၀နှစ်) (ဘ)ဦးကံမြင့်၊   ဒေါ်ရှမ်း(၃၅နှစ်) (ဘ)ဦးကံအေးနှင့် ဒေါ်တင်ထွေး၏မြေးဖြစ်သူ မစနေမ(ခ)မနွယ်ဇင် လင်း(၂၀နှစ်) (ဘ)ဦးမင်းဌေးတို့ လေးဦးအား အကြမ်း ဖက်သူများက သေနတ်ဖြင့်   ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း၊ ထို့နောက် တစ်ဝင်းတည်းနေ ဦးတိုက်ငွေ၏ အစ်မဝမ်းကွဲတော်စပ်သူ ဒေါ်ခင်နှင်း(၆၅နှစ်) (ဘ)ဦးဘခက်၏ နေအိမ်သို့ ထပ်မံဝင်ရောက်ကာ ၎င်း နေအိမ်တွင် နေထိုင်လျက်ရှိသည့်     ဒေါ်ခင်နှင်း၏ ညီမများဖြစ်ကြသော    ဒေါ်ခင်တိုး   (၅၀နှစ်)နှင့် ဒေါ်ခင်ဝင်း (၄၅နှစ်တို့) နှစ်ဦးအား နေအိမ်အတွင်း ပိတ်လှောင်ကာ ဒေါ်ခင်နှင်း၏ နေအိမ်နှင့် ဦးတိုက်ငွေ တို့၏ နေအိမ်များအား မီးရှို့ဖျက်ဆီးကာ ဒေါင့်ကြီး ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

 


အကြမ်းဖက်သမားများ၏           ရက်စက်စွာ သတ်ဖြတ်မီးရှို့ခဲ့မှုများကြောင့်   ဒေါ်ခင်တိုးနှင့် ဒေါ်ခင်ဝင်းတို့နှစ်ဦးမှာ နေအိမ်အတွင်း မီးလောင် ကျွမ်း၍လည်းကောင်း၊ ဒေါ်တင်ထွေး၊   ဒေါ်ဝင်းမာ၊ ဒေါ်ရှမ်းနှင့် မစနေမ(ခ)မနွယ်ဇင်လင်းတို့ လေးဦးမှာ ကျည်ထိမှန်ဒဏ်ရာများဖြင့်လည်းကောင်း သေဆုံး ခဲ့ကြပြီး ဦးတိုက်ငွေ ပိုင်ဆိုင်သည့် သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း နှစ်ထပ်တိုက်တစ်လုံးနှင့်   ဒေါ်ခင်နှင်း ပိုင်ဆိုင်သည့် သွပ်မိုး၊ ပျဉ်ကာ နှစ်ထပ်နေအိမ်တစ်လုံး တို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

 

ထိုကဲ့သို့   အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အား ထောက်ခံအားပေးမှုမရှိဘဲ အေးချမ်းစွာ နေထိုင်လျက်ရှိသော  အပြစ်မဲ့အရပ်သား ပြည်သူ များအား “သူလျှို၊ ဒလန်”ဟုစွပ်စွဲကာ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းများအား ဆင်ခြင်တုံတရား ကင်းမဲ့ စွာဖြင့် ပြုလုပ်လျက်ရှိသဖြင့် ၎င်းအကြမ်းဖက်သမား များအား ဥပဒေနှင့်အညီ   ထိရောက်စွာ  ဖော်ထုတ် အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ   ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။    

  
သတင်းစဉ်