
နေပြည်တော် ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည် မြို့နယ် ရေဦး - တန့်ဆည် ကား လမ်းပေါ်ရှိ ကွန်ကရစ် တံတားနှင့် မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် ထုံးဘို-ပြင်ဦးလွင်လမ်း ပေါ်ရှိ မင်္ဂလာတံတားတို့အား အကြမ်းဖက်သမားတို့က မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား ကာ အကြမ်းဖက်သမားများ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် တန့်ဆည်မြို့နယ် ကျွဲဆွဲကျေးရွာ အနီး၌ မိုင်းထောင်နေစဉ် ပေါက်ကွဲ မှုဖြစ်ပွား၍ မိုင်းထောင်နေသည့် အကြမ်းဖက်သမားတစ်ဦး သေဆုံး ကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ အကြမ်းဖက်သမား တစ်ဦးသည် ဦးခေါင်းမိုင်းစထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာ၌ သေဆုံးလျက်ရှိသည်ကို တွေ့ရှိရသည်။
အလားတူ ဒီဇင်ဘာ ၂ ရက် နံနက် ၆ နာရီခွဲတွင် မန္တလေး တိုင်းဒေသကြီး အမရပူရမြို့နယ် ထုံးဘို-ပြင်ဦးလွင်အတက် ကား လမ်း မိုင်တိုင်အမှတ် ၃ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအကြား တမုတ် ဆိုးကျေးရွာအနီးရှိ မင်္ဂလာတံတား ပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးရာ အဆိုပါတံတား တောင်ဘက်ထိပ် ၌ အကြမ်းဖက်သမားတစ်ဦးက PVC ပိုက်ဖြင့် ပြုလုပ်ထားပြီး Keypad ဖုန်းဖြင့် ချိတ်ဆက်ထား သည့် လက်လုပ်မိုင်းတစ်လုံးအား ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး ပေါက်ကွဲမှုကြောင့် အကြမ်း ဖက်သမားမှာ ဒူးအထက်မှ ပြတ် ထွက်ဒဏ်ရာ၊ ဦးခေါင်းဝဲဘက်ခြမ်း ပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံး ခဲ့ပြီး တံတားလက်ရန်း ၁၂ ပေခန့် ပျက်စီးနေသည်ကို တွေ့ရှိရသည်။
ထိုကဲ့သို့ အများပြည်သူ သွားလာလှုပ်ရှား အသုံးပြုလျက် ရှိသည့်တံတားအား ဖျက်ဆီးရန် နှင့် လမ်းမကြီးအား အသုံးပြုသွား လာနေသူများအား ထိခိုက်ပျက်စီး စေရန် ရည်ရွယ်ချက်ဖြင့် မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့သည့် အကြမ်းဖက်သမား ၏ အလောင်းအား တန့်ဆည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ထားရှိပြီး ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်းရေးဖွင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်