
နေပြည်တော် ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ ဇေယျာ နောင်(ခ) နောင်နှင့် မနန္ဒာအောင် (ဘ) ဦးသန်းစိုးတို့ နှစ်ဦးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း ဆူပူဆန္ဒပြမှု ဖြစ်စဉ်များတွင် တက်ကြွစွာ ပါဝင် လှုပ်ရှားခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့် ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့်အဖွဲ့ အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်း များကို ဆောင်ရွက်ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေပုဒ်မ ၅၀(ည) အရ ဒီဇင်ဘာ ၂ ရက်တွင် ၎င်းတို့ နှစ်ဦးကို “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်အား အမိန့်ချမှတ်လိုက် ကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာ ၁၃ ရက်တွင် ဟိန်းထက်အောင် (ခ) ဈာန်ရဲ(ဘ) ဦးရဲမြင့်၊ အာကာသိန်း (ခ)အာကာ (ဘ)ဦးမြင့်သိန်းတို့ နှစ်ဦးသည် ရန်ကုန်တိုင်းဒေသ ကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၄၉) ရပ်ကွက်နေ ဆယ်အိမ်မှူးတစ်ဦးကို သေနတ် ဖြင့် ဝိုင်းဝန်းလုပ်ကြံ သတ်ဖြတ် ခဲ့ခြင်းကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၀၂ (၁)(ခ)/ ၃၄ အရ ဒီဇင်ဘာ ၂ ရက် တွင် ၎င်းတို့ နှစ်ဦးကို “သေဒဏ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရ သည်။
ထို့အတူ စက်တင်ဘာ ၃၀ ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် အမှတ် (၃)ရပ်ကွက်နေ မျိုးမင်း (ခ)မျိုးမြင့်သည် တစ်ရပ် ကွက်တည်းနေသူနှင့် စကားများ ရန်ဖြစ်ရာမှ လူသတ်မှုကို လည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၉)ရပ်ကွက် စစ်ကိုင်းလမ်းနေ ထက်လှိုင်ဦး (ခ) ငထက် (ဘ)ဦးဝင်းနိုင် အပါအဝင် သုံးဦးတို့သည့် အောက်တိုဘာ ၁၂ ရက်တွင် တစ်ရပ်ကွက်တည်းနေသူနှင့်စကား များရန်ဖြစ်ကြရာမှ လူသတ်မှုကို လည်းကောင်း၊ နေဝင်း(ဘ)ဦးဖြိုး သည် စက်တင်ဘာ ၂၀ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁၂) ရပ်ကွက်၌ ရိုက်နှက်ရာမှ လူသတ်မှုကို လည်းကောင်း ကျူးလွန်ခဲ့ကြသည့်အတွက် စစ် အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၃၀၂ (၂) အရ ဒီဇင်ဘာ ၂ ရက်တွင် ၎င်းတို့ ငါးဦးကို “အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ် ” ပြစ်ဒဏ်အား အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူ များအနက်မှ ထွက်ပြေးလွတ် မြောက်နေသူများအား ၎င်းနှင့် စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်း ဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ် ခဲ့ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ် ပြန်ကြေညာထားသည့် မြို့နယ် များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေး မည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲ ထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက် ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေး မှုများ ဆောင်ရွက်ကာ ထိထိ ရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်