
နေပြည်တော် ဩဂုတ် ၂၁
နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ နေပြည်တော်ဖွံ့ဖြိုးရေး ဘဏ်လီမိတက် သပြေကုန်းဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် သပြေကုန်းဈေး ကုန်စိမ်းဈေးရှေ့ရှိ အဆိုပါဘဏ်ခွဲ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်နှင့်အညီ (Social Distancing) စနစ်ဖြင့် ကျင်းပသည်။
ဖွင့်ပွဲသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာ အဖွဲ့နာယက ဒေါက်တာမျိုးအောင်၊ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်၊ နေပြည်တော်ဖွံ့ဖြိုးရေး ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ကော်မတီဝင် များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဘဏ် ဒါရိုက်တာ အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိ တက်မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိ တက် ဒါရိုက်တာ အဖွဲ့ဥက္ကဋ္ဌ ဦးရဲမင်း ဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် တို့က ဘဏ်ခွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် ဒါရိုက်တာ အဖွဲ့နာယက ဒေါက်တာမျိုးအောင်က ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး အခမ်း အနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များက ဘဏ်ခွဲ ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဘဏ်ခွဲ အဆောက်အအုံ အတွင်း လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ဘဏ်ခွဲသည် မူလက ဘဏ်ခွဲငယ်အဖြစ် ဖွင့်လှစ်ဆောင်ရွက် လျက်ရှိပြီး ဘဏ်လုပ်ငန်း ဝန်ဆောင် မှုများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နိုင်ရန်နှင့် ဘဏ်နှင့် ဆက်သွယ်သူ ပြည်သူများ လွယ်ကူအဆင်ပြေ ချောမွေ့စေရန်အတွက် ဘဏ်ခွဲအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်