ဂျပန်နိုင်ငံ၌ ကိုဗစ်- ၁၉ တတိယအကြိမ် ထိုးနှံပေးမှုစတင်

 

တိုကျို   ဒီဇင်ဘာ   ၅

ဂျပန်နိုင်ငံရှိ         ကျန်းမာရေး အာဏာပိုင်များသည် အိုမီခရွန် မျိုးကွဲကူးစက်ခံရမည်ကို စိုးရိမ်နေ ရသည့်ကြားထဲကပင်  တတိယ အကြိမ်ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံပေးမှုများကို စတင်နေပြီဟု သိရသည်။

 


ယင်းမှာ      ကာကွယ်ဆေး စွမ်းဆောင်ရည်   ရေရှည်အကျိုး သက်ရောက်မှု ရှိစေရေးအတွက် ရည်ရွယ်သည်။ ပြီးခဲ့သည့်  ရှစ်လ တာအတွင်း     ဒုတိယအကြိမ်    ကာကွယ်ဆေးထိုးပြီးသည့် အသက် ၁၈ နှစ်နှင့်အထက်များကို  ပစ်မှတ် ထားကာ    ကာကွယ်ဆေးထိုးနှံမှု များ   လုပ်ဆောင်မည်ဖြစ်သည်။ ယခု နှစ်ကုန်ပိုင်းတွင်     ဆေးဘက် ဆိုင်ရာနှင့်ကျန်းမာရေးလုပ်သား တစ်သန်းကျော်ကို      တတိယ အကြိမ်    ကာကွယ်ဆေးထိုးပေး ရန်အတွက် မျှော်လင့်ထားကြောင်း အစိုးရက ပြောသည်။ အသက် ၆၅ နှစ်နှင့်အထက်များကို ဇန်နဝါရီ လအတွင်း        တတိယအကြိမ် ကာကွယ်ဆေး ထိုးပေးသွားမည် ဖြစ်သည်။

 

 
ချီဘာ တက္ကသိုလ်ဆေးရုံသည် တတိယအကြိမ်    ကိုဗစ် -၁၉ ကာကွယ်ဆေး ဦးဆုံးထိုးပေးနေ သည့် ဆေးရုံများထဲမှ တစ်ခုဖြစ် သည်။  တတိယအကြိမ် ကာကွယ် ဆေးထိုးပေးခြင်းဖြင့်    အကျိုး သက်ရောက်မှု   အချက်အလက် များကို စုစည်းထားပြီး ပြည်သူများ ကာကွယ်ဆေးထိုးရန်  အားပေး မှုဖြစ်လာမည်ဟုလည်း ဒေါက်တာ အီဂါရီ ဟီဒီတိုရှီက ပြောသည်။

 


သို့သော်လည်း တစ်ကမ္ဘာလုံး မှ  သိပ္ပံပညာရှင်များသည် အိုမီ ခရွန်မျိုးကွဲကို    လေ့လာမှုများ ပြုလုပ်နေကြပြီး လက်ရှိအသုံးပြု နေသည့်  ကာကွယ်ဆေးများမှာ အသုံးဝင်မဝင်ကို    သေချာမသိရ သေးချေ။ 


အင်န်အိတ်ချ်ကေ