အင်ဒိုနီးရှားနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးပြီး ၄၀ ဒဏ်ရာရ

 

ဂျကာတာ  ဒီဇင်ဘာ   ၅


အင်ဒိုနီးရှားနိုင်ငံ  အရှေ့ဂျာဗား ပြည်နယ်ရှိ    ဆမ်မရူမီးတောင် ပေါက်ကွဲမှုကြောင့် ဒီဇင်ဘာ ၄ ရက်တွင်  နှစ်ဦး  ပျောက်ဆုံးပြီး တစ်ဦးသေဆုံးကာ ၄၀ ဒဏ်ရာရ ရှိ ခဲ့သည်ဟု  ဒေသခံအရာရှိတစ်ဦး က ပြောသည်။

 


မီးတောင်ပေါက်ကွဲမှုကြောင့် ခရိုင်အတွင်းရှိ     နေအိမ်များ ပျက်စီးကာ ချော်ရည်များကြောင့် သတ္တုမိုင်းအတွင်း ပိတ်မိနေသည့် လူများကို     ကယ်တင်ရာတွင် အခက်အခဲဖြစ်နေရသည်ဟု ခရိုင် ဒုတိယအကြီးအကဲဖြစ်သူ အင်ဒါ အမ်ပါရာဝတီ မက်စဒါက ပြောသည်။

 


သတ္တုမိုင်းအတွင်း  ပိတ်မိနေ သည့်  လူရှစ်ဦးကို ကယ်တင်ရန် အတွက်မူ   ချော်ရည်ပူများရှိနေ သေးသည့်အတွက် အခက်တွေ့နေ ရကြောင်း ၎င်းက  ဆက်ပြောသည်။   သဘာဝဘေးဒဏ်ခံစားနေရသည့်      ရွာသားများကို  ကယ်တင်ရန် အတွက် သဘာဝဘေးအန္တရာယ်   စီမံခန့်ခွဲရေးနှင့်     လျှော့ချရေး အေဂျင်စီက           ရဟတ်ယာဉ် တစ်စင်း  စေလွှတ်ပေးရန်လည်း အာဏာပိုင်များက   အကူအညီ တောင်းခံထားသည်။    

ဆင်ဟွာ