မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂ ဒသမ ၆၅ သန်းကျော်ရှိလာ

ကွာလာလမ်ပူ    ဒီဇင်ဘာ   ၅


မလေးရှားနိုင်ငံ၌ ဒီဇင်ဘာ ၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၈၉၆ ဦး ထပ်မံတွေ့ရှိခြင်း ကြောင့်  ကူးစက်ခံရသူပေါင်း ၂၆၅၄၄၇၄ ဦး  ရှိလာ ကြောင်း       မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။


ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်


အဆိုပါတစ်ရက်အတွင်း   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၈၉၆ ဦးအနက် ၄၈၇၆ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ၁၈ ဦး သည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက် မှ      ကူးစက်ခံရသူများဖြစ်ကြောင်း     မလေးရှား ကျန်းမာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်မှ    ထုတ်ပြန် သည့်အချက်အလက်များအရ သိရသည်။


မလေးရှားနိုင်ငံ၌   ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၆ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၃၀၅၇၄ ဦး  ရှိလာ ကြောင်း သိရသည်။    ထို့ပြင်   မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၄၆၇၈ ဦး ထပ်မံတွေ့ရှိခြင်း ကြောင့်  အဆိုပါရောဂါမှ   ပြန်လည်ကျန်းမာလာ သူပေါင်း ၂၅၆၁၂၃၂ ဦးရှိလာကြောင်း သိရသည်။


ဆေးဝါးကုသမှုခံယူလျက်ရှိ


လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိဆဲလူနာပေါင်း ၆၂၆၆၈ ဦးရှိပြီး ယင်းတို့ အနက် ၄၉၀ မှာ   အထူးကြပ်မတ်ကုသဆောင်များ၌  ဆေးဝါးကုသမှုခံယူလျက်ရှိရာ ၂၆၉ ဦးမှာ   အသက်ရှူ အထောက်အကူပြုကိရိယာများ      လိုအပ်လျက်ရှိ ကြောင်း သိရသည်။


မလေးရှားနိုင်ငံ၌  ဒီဇင်ဘာ ၄ ရက်တစ်ရက် တည်းမှာပင်      ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၆၇၇၀၁ လုံးအသုံးပြုခဲ့ပြီး နိုင်ငံလူဦးရေ၏ ၇၉ ဒသမ ၂ ရာခိုင်နှုန်းသည်    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း နှင့် ၇၇ ဒသမ ၉ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။  

                     

      ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်