အီတလီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၆၃၂ ဦးနှင့် သေဆုံးသူ ၇၅ ဦးထပ်မံတွေ့ရှိ

မီလန်    ဒီဇင်ဘာ  ၅


အီတလီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၆၃၂ ဦးနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၇၅ ဦး ထပ်မံတွေ့ရှိကြောင်း အီတလီကျန်းမာရေးဝန်ကြီးဌာနက    ယနေ့တွင် ပြောကြားသည်။


အီတလီကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြား ချက်အရ လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလမှစတင်ကာ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံး သူပေါင်း ၁၃၄၁၅၂ ဦးရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ငါးသန်းကျော်  ရှိလာ ကြောင်း သိရသည်။


ထို့ပြင် အီတလီနိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက် အတွင်း   ကိုဗစ်-၁၉ ရောဂါကြောင့်  ဆေးရုံတက်ရောက် ကုသမှုခံယူသူ ၅၄၂၈ ဦးရှိကြောင်းနှင့် အထူးကြပ်မတ် ကုသဆောင်များ၌    ဆေးဝါးကုသမှုခံယူလျက်ရှိသူ ၇၃၂ ဦးရှိကြောင်း သိရသည်။


အီတလီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း လူပေါင်း ၆၃၆၅၉၂ ဦးအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရမှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း လည်း အီတလီကျန်းမာရေးဝန်ကြီးဌာနက    ပြောကြား သည်။ '


ကိုးကား-စီအင်န်အေ
ဘာသာပြန်-အလင်းသစ်