
ပါရီ ဒီဇင်ဘာ ၅
ပြင်သစ်နိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၁၀ သန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်း ထိုးနှံပေးပြီးဖြစ်ကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီး အိုလီဗီယာဗီရန်က ဒီဇင်ဘာ ၅ ရက်တွင် ကြေညာခဲ့ သည်။
ပြင်သစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ နိုင်ငံအတွင်း၌ လူဦးရေ ၅၂၀၈၃၂၂၈ ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်တွင် Pfizer ၊ Moderna၊ Johnson & Johnson နှင့် AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတို့ကို အရေးပေါ်အသုံးပြုရန် အတည်ပြုထားကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၁၆၂၄ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၇၈၇၅၀၁၂ ဦးရှိလာကြောင်း ပြင်သစ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
လက်ရှိတွင် ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူစုစုပေါင်း ၁၁၉၅၀၆ ဦးရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်