အမေရိကန်နိုင်ငံ၏ ပြည်နယ် ၁၂ ခု၌ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများတွေ့ရှိ

ဝါရှင်တန်  ဒီဇင်ဘာ  ၅


အမေရိကန်နိုင်ငံ၏   ပြည်နယ် ၁၂ ခု၌  အိုမီခရွန် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်  ကူးစက်မှုများ တွေ့ရှိခဲ့ ကြောင်းနှင့်   အမေရိကန်ကျန်းမာရေးအာဏာပိုင်များကပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုခံယူကြရန်    တောင်းဆိုထားကြောင်း ယနေ့သတင်းများအရ သိရသည်။


အစုလိုက်အပြုံလိုက်ဖြစ်ပွား


နယူးယောက်၊ ကယ်လီဖိုးနီးယား၊ နီဘရာစကာ၊ လူဝီစီးယားနားနှင့် အခြားသော အမေရိကန်နိုင်ငံ၏ ပြည်နယ်ရှစ်ခုတွင်   အဆိုပါ  အိုမီခရွန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ    တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်းနှင့်  ယင်းပြည်နယ်များတွင်   အိုမီခရွန်     ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှု အစုလိုက် အပြုံလိုက် ဖြစ်ပွားခြင်းဖြစ်ကြောင်း အိမ်ဖြူတော်ကျန်းမာရေး ဆိုင်ရာ အကြံပေးအကြီးအကဲ အန်ထော်နီဖောက်ချီ က  ရုပ်မြင်သံကြား  တွေ့ဆုံမေးမြန်းခန်းတစ်ရပ်တွင် ပြောကြားသည်။
ထို့ပြင် ယင်းပြည်နယ်များမှ ကျန်းမာရေးအာဏာ ပိုင်များကလည်း ဒေသခံများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူရန် သို့မဟုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်း ထိုးနှံမှုခံယူကြရန် တိုက်တွန်းထားသည်။


အဆိုပါ အိုမီခရွန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် သည် ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကျော်တွင် ကူးစက်ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။ 


ကိုးကား-အင်န်အိတ်ချ်ကေ 
ဘာသာပြန်-အလင်းသစ်