
ဟနွိုင်း ဒီဇင်ဘာ ၅
ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၃၁၄ ဦး ထပ်မံ တွေ့ရှိကြောင်း၊ ယင်းလူဦးရေအနက် ၁၄၃၁၂ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရ သူများဖြစ်ကြောင်းနှင့် နှစ်ဦးသည် ပြည်ပ မှ ပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရခြင်းဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။
ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်ခံရမှုအများစုမှာ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမှဖြစ်ကြောင်းနှင့် ဟိုချီမင်း စီးတီး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၉၁ ဦး၊ ကန်သိုပြည်နယ်၌ ၁၁၃၂ ဦးနှင့် တေနင်ပြည်နယ်၌ ၇၉၂ ဦး ရှိကြောင်း သိရသည်။
သေဆုံးသူပေါင်း ၂၆၂၆၀ ရှိ
လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၃၀၉၀၉၂ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၆၂၆၀ ရှိကြောင်း ဗီယက်နမ်ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၇၁၁ ဦးရှိခြင်းကြောင့် အဆိုပါရောဂါမှ ပြန်လည်ကျန်းမာလာ သူပေါင်း ၁၀၀၉၂၇၇ ဦးရှိလာကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အောက်တွင် ကာကွယ်ဆေး အလုံးရေ ၁၂၇ သန်းကျော် အသုံးပြုပြီး ဖြစ်ကြောင်းနှင့် ယင်းတို့အနက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၅၄ သန်းကျော်အား ဒုတိယအကြိမ်ထိုးနှံ ရာတွင် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်