
နယူးဒေလီ ဒီဇင်ဘာ ၅
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၇၉၆ ဦးရှိခဲ့ကာ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် စံချိန်တင်မြင့်တက်လာခဲ့ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်သည့် အချက် အလက်များအရ သိရသည်။
သေဆုံးသူပေါင်း ၄၇၃၃၂၆ ဦးရှိ
အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သည့် ရက်ပိုင်းကမူ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေ အတွက် ၄၀၀ ဝန်းကျင်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။ လက်ရှိ တွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၄၇၃၃၂၆ ဦးရှိလာကြောင်း သိရ သည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၈၉၅ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၃၄၆၃၃၂၅၅ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာ ရေးဝန်ကြီးဌာန၏ နောက်ဆုံး အချက်အလက်များအရ သိရသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိဆဲ လူနာပေါင်း ၉၉၁၅၅ဦးရှိကြောင်း နှင့် လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရရှိသူ ၈၁၉၀ ရှိခြင်းကြောင့် ပြန်လည်ကျန်းမာ လာသူပေါင်း ၃၄၀၆၀၇၇၄ ဦး ရှိလာကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်