
အမ္မန် ဒီဇင်ဘာ ၆
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဂျော်ဒန်နိုင်ငံ အမ္မန်မြို့တွင် လေးကြိမ်မြောက် ဆောင်းရာသီ ဈေးရောင်းပွဲကို ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည် ဟု သိရသည်။
ဂျော်ဒန်နိုင်ငံ တစ်လွှားရှိ ဒုက္ခသည်များကို ကူညီထောက်ပံ့ ပေးရန်အတွက် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တစ်ပတ် ကြာကျင်းပသည့် ဈေးရောင်း ပွဲတော်တွင် ဒုက္ခသည် လမ်းဘေး ဈေးသည် ၆၀ပါဝင်ခဲ့ပြီး လက်မှု ပစ္စည်းများ ရောင်းချခဲ့သည်ဟု သိရသည်။
ရောင်းချသည့် ပစ္စည်းများ ထဲတွင် ဆပ်ပြာ၊ အစားအသောက်၊ အိမ်အလှဆင်ရေး ပစ္စည်းများ နှင့် အားလပ်ရက်ပစ္စည်းများ ပါဝင်သည်ဟု ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး က သတင်းထုတ်ပြန်သည်။
ဒုက္ခသည်များထံ ဝင်ငွေ တိုက်ရိုက်ရရှိစေရေး အတွက် ရည်ရွယ်ကာ ယခုလိုပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး မှ ဂျော်ဒန်နိုင်ငံဆိုင်ရာ ကိုယ်စား လှယ် ဒိုမနစ်ဘာ့ဂျ်က ပြောသည်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက တစ်နှစ်လျှင် နှစ်ကြိမ်ဒုက္ခသည် များကို စုစည်းပေးပြီး အဆိုပါဈေး မှာ ဂျော်ဒန်နိုင်ငံရှိ ဒုက္ခသည်စခန်း များအားလုံးကို ပထမဆုံး အကြိမ်အဖြစ် ကိုယ်စားပြုကြောင်း ကိုလည်း ၎င်းက ဆက်လက် ပြောကြားသည်။
ဂျော်ဒန်နိုင်ငံသည် ဒုက္ခ သည်များကို ဒုတိယအများဆုံး လက်ခံထားရာ နိုင်ငံဖြစ်ပြီး ဒုက္ခသည် ၇၅၀၀၀၀ အတွက် ခိုလှုံ ရာလည်းဖြစ်သည်။ ဒုက္ခသည် အများစုမှာ ဆီးရီးယားနိုင်ငံမှ ဖြစ်သည်ဟုလည်း သိရသည်။
ဆင်ဟွာ