
နေပြည်တော် ဩဂုတ် ၂၂
နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ထိခိုက် လွယ်အုပ်စုများတွင် အကျုံးဝင်သည့် အသက်(၈၀)နှင့်အထက်၊ အသက်(၈၅)နှစ်အောက် ဘိုးဘွားများနှင့် မသန်စွမ်းသူ များအား ငွေကြေးအကူအညီ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်သည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင် မြင်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိ မြို့နယ်အတွင်းရှိ ဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ကာ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ တစ်ဦးလျှင် ထောက်ပံ့ ငွေကျပ် သုံးသောင်းကို ဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်ကြသည်။
ထို့နောက် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ထိခိုက်လွယ်အုပ်စုများ ရှိသည့် အိမ်ထောင်စုများတွင် အခက် အခဲများ ပိုမိုကြုံတွေ့ရမည်ကို သိရှိ စာနာပါကြောင်း၊ အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေ သည့်ကာလအတွင်း စီးပွားရေးထိခိုက် မှုများ၊ အလုပ်အကိုင်အခက်အခဲများ နှင့် စားဝတ်နေရေးအခက်အခဲများကို လျော့နည်းသက်သာစေရန် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ထိုအစီအစဉ်အရ ထိခိုက် လွယ် အုပ်စုများတွင် အကျုံးဝင်သည့် နေပြည်တော်အတွင်းရှိ အသက် (၈၀) နှစ်နှင့် အထက်၊ အသက် (၈၅)နှစ်အောက် ဘိုးဘွားများအတွက် ငွေကြေးအကူအညီ တစ်ကြိမ် ပေးအပ် သွားမည်ဖြစ်ကြောင်း၊ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများကို လူမှုရေး ပင်စင်အဖြစ် အစိုးရက ပုံမှန်ထောက်ပံ့ လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ အတွက်လည်း အစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် တစ်ကြိမ် ထောက်ပံ့ပြီးဖြစ်ကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလအတွင်း ထပ်မံ ရရှိသော မသန်စွမ်းစာရင်းများအရ တစ်ကြိမ် ထောက်ပံ့မည်ဖြစ်ကြောင်း၊ အကျိုးခံစားခွင့်ရှိသူများ လက်ဝယ် အရောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဝန်ကြီးဌာနတာဝန်ရှိသူ များက ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ဥတ္တရသီရိမြို့နယ်အတွင်းရှိ မသန်စွမ်းသူ ၆၆ ဦးအတွက် တစ်ဦး လျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၉၈၀၀၀၀ ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးအပ်ရာ နေပြည်တော်ကောင်စီဝင်က ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ခြုံကြီးကျေးရွာရှိ ဘိုးဘွားများနေအိမ် များသို့ သွားရောက်ပြီး ထောက်ပံ့ငွေ များကို လက်ဝယ်အရောက် ပေးအပ် သည်။
ထို့နောက် ခြုံကြီးဘုန်းတော်ကြီး ကျောင်း၌ ဆရာတော်အား ဖူးမြော် ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် အလှူ ငွေများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် တပ်ကုန်းမြို့နယ် အတွင်းရှိ မသန်စွမ်းသူ ၂၇၄ ဦးအတွက် စုစုပေါင်းငွေကျပ် ၈၂၂၀၀၀၀ ကို အုပ်ချုပ်ရေးမှူးထံ ပေးအပ်သည်။
ထို့နောက် ပျဉ်းမနားမြို့နယ် ဥယျာဉ်စုကျေးရွာရှိ ဘိုးဘွားကို နေအိမ်များတွင် ထောက်ပံ့ငွေများ ပေးအပ်ပြီး ဥယျာဉ်စုဘုန်းတော်ကြီးကျောင်းတွင် မသန်စွမ်းသူ ၁၁၅၄ ဦး အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၃၄၆၂၀၀၀၀ ကို ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာရှိ ဘိုးဘွားများ နေအိမ်များ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပြီး ကျေးရွာဓမ္မာရုံတွင် မသန်စွမ်းသူ ၄၃၄ ဦးအတွက် စုစု ပေါင်းထောက်ပံ့ငွေကျပ် ၁၃၀၂၀၀၀၀ ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများထံ ပေးအပ်သည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ယနေ့လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနတို့က အသက် (၈၀) နှင့် အထက်၊ အသက် (၈၅) နှစ်အောက် ဘိုးဘွား ၆၁ ဦးအတွက် ထောက်ပံ့ ငွေကျပ် ၁၈၃၀၀၀၀ နှင့် နေပြည်တော် အတွင်းရှိ ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ် နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ မသန်စွမ်းသူ စုစုပေါင်း ၁၉၂၈ ဦးအတွက် ငွေကျပ် ၅၇၈၄၀၀၀၀ ကို ထောက်ပံ့ပေးအပ် သည်။
နေပြည်တော်အတွင်း၌ အသက် (၈၀) နှင့်အထက်၊ အသက် (၈၅) နှစ် အောက် ဘိုးဘွား ၆၁၃၅ ဦးရှိရာ ငွေကြေးအကူအညီပေးရန် ကျန်ရှိသည့် ဘိုးဘွားများနှင့် မြို့နယ်လေးမြို့နယ် ရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ ငွေများကို ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်