
ဂျေရုဆလင် ဒီဇင်ဘာ ၆
အစ္စရေးဘောလုံးအဖွဲ့ချုပ် (အိုင်အက်ဖ်အေ) နှင့် မော်ရိုကို တော်ဝင် ဘောလုံးအသင်း အဖွဲ့ချုပ် ( အက်ဖ်အာအမ်အက်ဖ်) တို့ သမိုင်းဝင် ပူးပေါင်းမှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု အိုင်အက်ဖ်အေက ဒီဇင်ဘာ ၅ ရက်တွင် ပြောသည်။
ဒိုင်လူကြီးများ ဖလှယ်
အဆိုပါသဘောတူညီမှုတွင် နှစ်နိုင်ငံအသင်းများကြား ချစ်ကြည်ရေးပွဲစဉ်များ ပါဝင်မည်ဖြစ်ပြီး အစ္စရေးနိုင်ငံ၏ အသက် ၁၇ နှစ်အောက် ဘောလုံးအသင်းသည် လာမည့်သီတင်းပတ်များ အတွင်း မော်ရိုကိုနိုင်ငံသို့ သွားရောက်ဖွယ်ရှိသည်။ ဒိုင်လူကြီးများ ဖလှယ်သည့် သဘောတူညီမှုလည်း ပါဝင်သည်။
ဘောလုံးအကယ်ဒမီသို့ သွားရောက်လည်ပတ်ခွင့်ရမည်
လူငယ်အားကစားသမားများကြားတွင် တိုးတက်မှုမြှင့်တင်ရန် အတွက် ရည်ရွယ်ကာ ယခုလိုသဘောတူညီမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အစ္စရေးဘောလုံးသမားများသည် ရာဘတ် မြို့အနီးရှိ မိုဟာမက် ၆ ဘောလုံးအကယ်ဒမီသို့ သွားရောက် လည်ပတ်ခွင့်ရမည်ဖြစ်သည်။
ဆင်ဟွာ