
ဂျကာတာ ဒီဇင်ဘာ ၆
အင်ဒိုနီးရှားနိုင်ငံတွင် ဒီဇင်ဘာ ၆ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၃၀တိုးလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၄၂၅၇၈၁၅ ဦး အထိရှိလာခဲ့သည်။
ထို့အတူ ကိုဗစ်-၁၉ ကြောင့် ကိုးဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၄၃၈၇၆ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဖော်ပြသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာပြီး ဆေးရုံမှဆင်းလာသူ ၂၀၀၅ ဦး ရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာသူ ၄၁၀၈၂၉၇ ဦးအထိ ရှိလာသည်။
သက်ဆိုင်ရာ အာဏာပိုင်များက တရုတ်ဆိုနီဗက် ကိုဗစ်-၁၉ ကာကွယ် ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေးလိုက် ပြီးနောက် အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်မှစကာ ကိုဗစ်-၁၉ ကာကွယ်ဆေး အစုလိုက် စတင်ထိုးနှံခဲ့သည်။
ယနေ့အချိန်အထိ လူပေါင်း အနည်းဆုံး ၉၉ ဒသမ ၂၂ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးပြီဖြစ် ကြောင်းသိရပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၁၄၂ ဒသမ ၇၀ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ကြေညာလိုက် သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ယခုအချိန် အထိ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းများ အပါအဝင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၂၄၃ ဒသမ ၁၇ သန်းရှိလာပြီဖြစ်သည်။
အစိုးရသည် ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ သည်။
ဆင်ဟွာ