
မနီလာ ဒီဇင်ဘာ ၆
ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇင်ဘာ ၆ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၅၄၃ ဦး တိုးလာပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၈၃၅၁၅၄ ဦးအထိရှိလာခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၁၁၃ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူပေါင်း ၄၉၄၉၉ ဦး အထိရှိလာခဲ့သည်။
နိုဝင်ဘာ ၂၄ ရက်ကတည်းက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၀၀၀ အောက်ကျဆင်းခဲ့ကြောင်း သတင်းဖော်ပြ ခဲ့သည်။ နိုင်ငံတစ်ဝန်းလုံးနှင့် မြို့တော် မနီလာတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက် ဆက်လက်ကျဆင်းလျက် ရှိပြီး လွန်ခဲ့သော သီတင်းပတ်များက ၄၂ နှင့် ၄၅ ရာခိုင်နှုန်းစီ အသီးသီးကျဆင်း ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ မာရီယာ ရိုဆာရီယို ဗာဂျီရီက ပြောသည်။
ရောဂါအပြင်းအထန် ခံစားနေရသူ ရာခိုင်နှုန်းကျဆင်းလာခဲ့သလို အောက်တို ဘာလကုန်မှစကာ ရောဂါအပြင်းအထန် ခံစားနေရသူအရေအတွက် ရုတ်တရက် ထိုးကျလာခဲ့သည်။
လွန်ခဲ့သောနှစ် ကိုဗစ်-၁၉ စတင် ဖြစ်ပွားချိန်မှစကာ ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု လှိုင်းဂယက် သုံးခုရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။
နောက်ဆုံး ကိုဗစ်-၁၉ လှိုင်းသည် စက်တင်ဘာလတွင် မြှင့်တက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက် တစ်နေ့တည်း ကိုဗစ်-၁၉ ဖြင့်သေဆုံးသူ ၂၆၃၀၃ ဦးဖြင့် တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား နှုန်းအမြင့်ဆုံးဖြစ်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေ သန်း ၁၁၀ ရှိသည့်အနက် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၂၃ သန်း နီးပါးရောက်ရှိလာပြီဖြစ်သည်။ ဆင်ဟွာ