ဘရူနိုင်းနိုင်ငံ၌ ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူပေါင်း  ၁၅၂၀၂  ဦးအထိ  ရှိလာ 


 

ဘန်ဒါဆီရီဘီဂါဝန်  ဒီဇင်ဘာ  ၆   
ဘရူနိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၆  ရက်က  ကိုဗစ်-၁၉  ထပ်မံကူးစက်ဖြစ်ပွားသူ ၁၆ ဦး တိုးလာသောကြောင့်   စုစုပေါင်း နိုင်ငံအတွင်း    ကိုဗစ်-၁၉   ကူးစက် ဖြစ်ပွားသူပေါင်း   ၁၅၂၀၂ ဦး  အထိ ရှိလာခဲ့သည်။ 
ဘရူနိုင်းနိုင်ငံတွင်   ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူအားလုံးသည် ပြည်တွင်း    ကူးစက်ခံရသူများဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 
ပြည်တွင်း   ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ခြောက်ဦးကို စုံစမ်းစစ်ဆေး လျက်ရှိသည်။ ၂၈ ရက်အတွင်း ကိုဗစ်- ၁၉ အစုလိုက်  ကူးစက်ဖြစ်ပွားမှုမရှိခဲ့ ပြီးနောက်   ကိုဗစ်-၁၉ အစုလိုက် ကူးစက်ဖြစ်ပွားမှု  သုံးခုတွေ့ရှိခဲ့သည်။ လတ်တလောတွင်       ကိုဗစ်-၁၉ အစုလိုက်ကူးစက်ဖြစ်ပွားမှု ၁၁၁ ခု ရှိသည်။ 
လူဦးရေပေါင်း ၄၅၀၀၀၀ နေထိုင် သော   ဘရူနိုင်းနိုင်ငံ၌  လွန်ခဲ့သော     နှစ်  ဇွန်လက    ကိုဗစ်-၁၉ သေဆုံးမှု နောက်ဆုံးဖြစ်ခဲ့သည်။    
    ဆင်ဟွာ