ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူ ၁၄၅၉၁ ဦးရှိ

 

 

ဟနွိုင်း  ဒီဇင်ဘာ  ၆    
ဗီယက်နမ်နိုင်ငံ၌   ဒီဇင်ဘာ ၆  ရက် က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၄၅၉၁  ဦးရှိလာကြောင်း  ဖော်ပြခဲ့ပြီး ပြည်ပကူးစက်ဖြစ်ပွားသူ  ၃၃ ဦးနှင့် ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၁၄၅၅၈ဦး ဖြစ်ကြောင်း      ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာသည်။ 
‌ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွား မှုနှင့်အတူ    နိုင်ငံတွင်း     ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၁၃၂၃၆၈၃ ဦး အထိရှိလာပြီး ၂၆၄၈၃ ဦး သေဆုံးခဲ့ ကြောင်း   ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်  သတင်းထုတ်ပြန်ဖော်ပြခဲ့ သည်။
ကိုဗစ်-၁၉ အစုလိုက်  ကူးစက်မှု အများစုမှာ    တောင်ပိုင်းဒေသများမှ ဖြစ်ကာ    ကိုဗစ်-၁၉   ကူးစက်ရာ ဗဟိုချက်နေရာဖြစ်သည့်   ဟိုချီမင်း စီတီမှ ၁၁၇၄ ဦး၊   ကန်သိုပြည်နယ်မှ ၁၁၈၉   ဦး နှင့်     တေနင်ပြည်နယ်မှ  ၈၅၉ ဦးတို့ ဖြစ်ကြသည်။           
       ဆင်ဟွာ