
ဝင်းဒေါ့စ် ဒီဇင်ဘာ ၆
နမီးဘီးယားနိုင်ငံ၌ ယနေ့တွင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈ ဦးအား ထပ်မံစစ်ဆေးတွေ့ရှိခဲ့သဖြင့် အဆိုပါဗိုင်းရပ်စ်အပါအဝင် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက် ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြား သည်။
နိုင်ငံအတွင်းလက်ရှိအချိန်၌ အိုမီခရွန်ဗီဇပြောင်း ထပ်မံကူးစက်မှုမရှိစေရေး အတွက် အဆိုပါဗိုင်းရပ်စ်ကူးစက်ခံရသူများနှင့် အနီးကပ်နေထိုင်ခဲ့သူများအား ရှာဖွေ ကုသခြင်းအပါအဝင် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမီးဘီးယားနိုင်ငံသမ္မတ ဟက်ဂျိန်းအောက်စ်က ပြောကြားသည်။ နိုင်ငံအတွင်း ပွဲတော်ကျင်းပမည့်အချိန် နီးကပ်လာသည့်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများကို တင်းကျပ်စွာချမှတ်ရမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ထို့ပြင် နမီးဘီးယားနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများကို ရင်ဆိုင် နေရသောကြောင့် လူအစုလိုက် အပြုံလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှု ခံယူရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ကာလန်ဘီရှန်ဂူလာက ပြောကြား သည်။
အိုမီခရွန်ဗိုင်းရပ်စ်နှင့်ပတ်သက်၍ လိုအပ်သည့် အချက်အလက်များရရှိနိုင်ရန် ကြိုးပမ်းနေချိန်၌ ရောဂါကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ် ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ