
နယူးယောက် ဒီဇင်ဘာ ၇
အိုမီခရွန်ကူးစက်မှု အန္တရာယ် ကြောင့် နယူးယောက်မြို့တွင် ကာကွယ်ဆေးထိုးရမည့် သတ် မှတ်ချက်ကို တိုးမြှင့်လျက်ရှိသည်။ ပုဂ္ဂလိကကုမ္ပဏီများသည် ၎င်းတို့ ၏ ဝန်ထမ်းများအား ကာကွယ်ဆေး ထိုးပေးထားရန် လိုအပ်သည်။
ဒီဇင်ဘာ ၂၇ ရက်မှ စတင် ကာ အဆိုပါအမိန့်ကို စတင်မည် ဖြစ်ပြီး လုပ်ငန်းပေါင်း ၁၈၄၀၀၀ ကို လွှမ်းခြုံမည်ဟု နယူးယောက် မြို့တော်ဝန် ဘေလ်ဒါဘလာစီယို က ဒီဇင်ဘာ ၆ ရက်တွင် ကြေညာ ခဲ့သည်။
အိုမီခရွန် ကူးစက်မှု၊ အေးမြသည့် ရာသီဥတုနှင့် အားလပ်ရက်ကာလ လူစုလူဝေး ပွဲများ မကြာမီစတင်တော့မည် ကို ၎င်းကထောက်ပြခဲ့သည်။
တိကျသည့် စည်းကမ်းချက် များကို ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာသွားမည်ဟု သိရသည်။ ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာ အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် အထိ ကလေးများမှာ စားသောက် ဆိုင်များနှင့် အခြားသော ဖျော်ဖြေ ပွဲများသို့သွားရန် ကာကွယ် ဆေးတစ်ကြိမ် ထိုးပြီးကြောင်း လက်မှတ်ပြသရန် လိုအပ်လာမည် ဖြစ်သည်။
ဒီဇင်ဘာ ၂၇ ရက်မှ စတင် ကာ အသက် ၁၂နှစ်နှင့် အထက် များသည် ကာကွယ်ဆေးအပြည့် ထိုးပြီးကြောင်း လက်မှတ်ပြသ ရန် လိုအပ်လာမည်ဖြစ်သည်ဟု လည်း မြို့တော်ဝန်က ဆက်လက် ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ