အစ္စရေးနိုင်ငံ၌  အိုမီခရွန်ကူးစက်ခံရသူ  ၁၀ ဦး ထပ်မံတွေ့ရှိ

 

 

ဂျေရုဆလင် ဒီဇင်ဘာ ၇
အစ္စရေးနိုင်ငံ၌ ဒီဇင်ဘာ  ၆  ရက်က  ကိုဗစ်- ၁၉   မျိုးကွဲအိုမီခရွန် ကူးစက်ခံရသူ ၁၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ အရေအတွက်မှာ ၂၁ ဦးအထိ  ရှိလာသည်ဟု အစ္စရေးကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
ကူးစက်ခံရသူများအနက် ၁၆ ဦးမှာ အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ ယူအေအီးနှင့်  တောင်အာဖရိကတို့မှ   ပြန်လာကြသူများ ဖြစ်သည်။ ကူးစက်ခံရသူ ၂၁ ဦးတွင် ရှစ်ဦးမှာ ကာကွယ်ဆေးမထိုးရသေးသူများသို့မဟုတ် လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်ကမှ ကူးစက်ခံရပြီး ပြန်လည် နာလန်ထူလာသူများဖြစ်သည်။  
အိုမီခရွန်ကူးစက်ခံရသည်ဟု   သံသယရှိသူ   ၁၇   ဦးရှိပြီး ဆေးစစ်ချက်အဖြေများကို  ပြန်လည်စစ်ဆေးနေသည်ဟု    သိရ သည်။
ဆင်ဟွာ