
အိုက်ချီ ဒီဇင်ဘာ ၇
အမေရိကန်ပြည်ထောင်စု မြောက်ကာရို လိုင်းနားပြည်နယ်တွင် ဂျပန်ကားကုမ္ပဏီဖြစ် သည့် တိုယိုတာကုမ္ပဏီမှ ပထမဆုံး ဘက်ထရီ စက်ရုံကို တည်ဆောက်သွားမည်ဟု ကုမ္ပဏီ က ဒီဇင်ဘာ ၆ ရက်တွင် ပြောသည်။
မြောက်ကာရိုလိုင်းနားတွင် စက်ရုံ တည်ဆောက်ရန် ကောင်းမွန်သည့် အနေ အထားများရှိသည်ဟုလည်း ကုမ္ပဏီ၏ အရာရှိတစ်ဦးက ပြောသည်။ လိုအပ်သည့် အစိတ်အပိုင်းများ သယ်ယူပို့ဆောင်ရန်အတွက် လည်း အခြေခံအဆောက်အအုံများမှာ လွယ်ကူမှုရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ပြန်လည်အသုံးပြုနိုင်သည့် စွမ်းအင် ရရှိနိုင်ခြင်းမှာလည်း နောက်ထပ်ဆွဲဆောင်မှု တစ်ရပ်ပင်ဖြစ်သည်။ ပြည်တွင်းလုပ်ငန်းခွဲ တစ်ခုတည်ထောင်ရန်အတွက် တိုယိုတာ ကုမ္ပဏီသည် တိုယိုတာဆူရှီကုမ္ပဏီနှင့် လက်တွဲခဲ့သည်။
၎င်းတို့သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ နီးပါးကို ရင်းနှီးမြှုပ်နှံထားပြီး အလုပ်အကိုင်ပေါင်း ၁၇၅၀ ကိုဖန်တီးပေးနိုင် မည်ဟု မျှော်မှန်းထားသည်။ ၂၀၂၅ ခုနှစ်တွင် စက်ရုံကို ဖွင့်လှစ်နိုင်မည်ဟုလည်း တိုယိုတာ ကုမ္ပဏီက မျှော်မှန်းထားသည်။
အမေရိကန်ရှိ တိုယိုတာကားကုမ္ပဏီ၏ ပြိုင်ဘက်များသည် အလားတူ ရင်းနှီးမြှုပ်နှံမှု များကို ပြုလုပ်ထားပြီး လျှပ်စစ်ကား များ ထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိသည်။ ဂျန်နရယ်မော်တာနှင့် ဖို့ဒ်ကားကုမ္ပဏီတို့ သည်လည်း ဘက်ထရီစက်ရုံကို တည်ထောင် ရန် ဆန္ဒရှိသည်။
အင်န်အိတ်ချ်ကေ