အစ္စရေးနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ဦးထပ်မံတွေ့ရှိ

ဂျေရုဆလင်  ဒီဇင်ဘာ  ၇


အစ္စရေးနိုင်ငံ၌     ယမန်နေ့က
အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ  ၁၀ ဦးထပ်မံ  တွေ့ရှိ ခြင်းကြောင့်  နိုင်ငံအတွင်း အိုမီ ခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက် ခံရသူပေါင်း ၂၁ ဦးရှိလာကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။


အစ္စရေး    ကျန်းမာရေး ဝန်ကြီးဌာန၏  ပြောကြားချက်အရ အဆိုပါ   အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်    ကူးစက်ခံရသူများ အနက် ၁၆ ဦးသည် အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ အာရပ်စော် ဘွားများ     ပြည်ထောင်စုနှင့် တောင်အာဖရိက    နိုင်ငံတို့မှ ပြန်လည်   ရောက်ရှိလာသူများ ဖြစ်ကြောင်းနှင့်  အခြားသူငါးဦး သည်   တောင်အာဖရိကနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ    ပြန်လာ သော     ခရီးသည်များနှင့် အနီးကပ် ထိတွေ့မှုရှိခဲ့ပြီးနောက် ကူးစက်ခံရသူများ ဖြစ်ကြောင်း သိရသည်။
ယင်းအိုမီခရွန်   ဗီဇပြောင်း ဗိုင်းရပ်စ်  ကူးစက်ခံရသူ  ၂၁ ဦး အနက်  ရှစ်ဦးသည်  ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေး    လုံးဝ မထိုးနှံရသေးသူများ ဖြစ်ကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ ဘာသာပြန်-အလင်းသစ်