တူရကီနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူနှစ်သောင်းကျော်ရှိ

အန်ကာရာ  ဒီဇင်ဘာ  ၇
တူရကီနိုင်ငံ၌   လွန်ခဲ့သည့် တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ   ၂၀၀၃၃ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့်    နိုင်ငံတစ်ဝန်းတွင်    ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ      စုစုပေါင်း  ၈၉၂၁၁၅၀  ရှိလာကြောင်း တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာနက  ယနေ့တွင်  ပြောကြားသည်။


တူရကီနိုင်ငံ၌    လွန်ခဲ့သည့် တစ်ရက်အတွင်း   ကိုဗစ်-၁၉ ရောဂါကြောင့်    သေဆုံးသူ ၁၈၇ ဦး   ထပ်မံတွေ့ရှိခြင်းကြောင့်    အဆိုပါရောဂါဖြင့်   သေဆုံးသူ စုစုပေါင်း ၇၈၀၁၇ ရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ    ပြန်လည်ကျန်းမာလာသဖြင့်     ဆေးရုံအသီးသီးမှ   ဆင်းခွင့်ရရှိသူ  ၂၅၆၁၁ ဦး  ရှိကြောင်း သိရသည်။
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီကျန်းမာရေးအာဏာပိုင် များက  အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု  အစီအစဉ် ကို ဇန်နဝါရီ ၁၄ ရက်တွင်  စတင်ခဲ့သည်။


လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူ စုစုပေါင်း ၅၆ သန်းကျော်ရှိကြောင်း၊  ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး သူစုစုပေါင်း ၅၁  သန်းကျော်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ စုစုပေါင်း  ၁၂၁ ဒသမ ၀၄ သန်းကျော်   အသုံးပြုပြီးဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်