အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနှင့် အဖွဲ့များ ရဟတ်ယာဉ်ပျက်ကျ သေဆုံး

 

နယူးဒေလီ   ဒီဇင်ဘာ  ၈ 


အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင် ရာဝက်နှင့် ဇနီးအပါအဝင်  အခြားအရာရှိ  ၁၂  ဦး ဒီဇင်ဘာ ၈ ရက်က တောင်ပိုင်းတမီးလ်နာဒူပြည်နယ် တွင် ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့ ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

 


ကာကွယ်ရေးဦးစီးချုပ် ဘီပင်ရာဝက်၊ ၎င်း၏ဇနီး နှင့် စစ်ဘက်အရာရှိ ၁၁ ဦး တမီးလ်နာဒူတွင် မမျှော် လင့်သော   ရဟတ်ယာဉ်ပျက်ကျမှုတွင်    ရုတ်တရက်    ကွယ်လွန်သွားခဲ့သည့်အတွက် တပ်မတော်နှင့် နိုင်ငံ အတွက် တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုဖြစ်ခဲ့ရပြီး အလွန်အမင်း  မချိတင်ကဲဖြစ်ခဲ့ရကြောင်း   အိန္ဒိယ ကာကွယ်ရေးဝန်ကြီး        ရာဂျ်နက်သ်ဆင်းဂ်က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ 

 


ဗိုလ်ချုပ်ကြီး    ရာဝက်သည်   နိုင်ငံအတွက် ထက်သန်သောလုံ့လဝီရိယ၊ ဇွဲသတ္တိတို့ဖြင့် တာဝန် ထမ်းဆောင်ခဲ့သည်။ ပထမဆုံးကာကွယ်ရေးဦးစီးချုပ် တစ်ဦးအဖြစ် ၎င်းသည် တပ်မတော်အင်အားရှိအောင် ပေါင်းစပ်မှုများ   လုပ်ဆောင်ရန်    အစီအစဉ်ချခဲ့ သည်။ 

 


ရဟတ်ယာဉ်သည်    တမီးလ်နာဒူမြို့တော် ချန်နိုင်းအနောက်တောင်ဘက် ၅၃၈ ကီလိုမီတာခန့် နီဂီရစ်ဒေသ   ကူနော်ဧရိယာတွင်   ပျက်ကျခဲ့ခြင်း ဖြစ်သည်။                                            

ဆင်ဟွာ