
ဘာမာကို ဒီဇင်ဘာ ၉
မာလီအလယ်ပိုင်းတွင် ဒီဇင်ဘာ ၈ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွား ခဲ့ရာ ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂမစ်ရှင်က တွစ်တာတွင် ဖော်ပြခဲ့သည်။
Douentza နှင့် Sevare မြို့ နှစ်မြို့ကြားတွင် ထောက်ပံ့ပို့ဆောင် ရေးယာဉ်တန်း တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ အဆိုပါဒေသရှိ အုပ်စု များသည် အယ်လ်ကေဒါးနှင့် အိုင်အက်စ်အဖွဲ့တို့နှင့် ဆက်နွှယ် လျက်ရှိသော်လည်း အဆိုပါ တိုက်ခိုက်မှုသည် မည်သူမည်ဝါ၏ လက်ချက်ဖြစ်ကြောင်း မသိရသေးချေ။
ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် အန်တိုနီယို ဂူတာရက်စ်က အဆိုပါတိုက်ခိုက်မှုကို ပြင်းထန် စွာ ပြစ်တင်ရှုတ်ချထားကြောင်း ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ကြေညာချက်တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။
တိုက်ခိုက်သူများကို မှန်ကန် သည့် တရားစီရင်မှုများ ပြုလုပ် နိုင်ရန် မာလီအာဏာပိုင် များကို ၎င်းက တိုက်တွန်းလိုက် သည်။
မာလီသည် အာဖရိက၏ အကြီးဆုံးနှင့် ဆင်းရဲတွင်းအနက် ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် အကြမ်းဖက်မှုများကို ထိန်းသိမ်း ရန် ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၁၃၀၀၀ ကျော်ကို ဖြန့်ကြက်ချထားကြောင်း သိရသည်။
ဆင်ဟွာ