
နေပြည်တော် ဒီဇင်ဘာ ၉
နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် နိုင်ငံ့ ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ အား လုပ်ကြံသတ်ဖြတ်ခြင်း နှင့် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မှု မရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ နေ့/ည မပျက် ဆောင်ရွက်လျက်ရှိရာ တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ ချက်အရ ဒီဇင်ဘာ ၈ ရက်တွင် မဟာအောင်မြေမြို့နယ် စိန်ပန်း အရှေ့ရပ်ကွက်၌ အပြစ်မဲ့ပြည်သူ များကို လုပ်ကြံသတ်ဖြတ်လျက်ရှိ သူတစ်ဦး ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်း အဖွဲ့မှ သွားရောက်ရှာဖွေခဲ့ရာ ၃၈x ၉၀ လမ်း သပြုရပ်စိန်ပန်း အရှေ့ တုန်တုန်စတိုးဆိုင်အနီး၌ ခင်မောင်ထွေး (၃၉)နှစ်၊ ဒေးဝင်း အရှေ့ရပ်နေသူကို ၉-မမ ပစ္စတို တစ်လက်၊ ၎င်းကျည် ၁၄ တောင့် နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ခင်မောင်ထွေး၏ ထွက်ဆိုချက်အရ အကြမ်းဖက် လုပ်ငန်းများတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်လျက်ရှိသော လင်းလင်း (ခ)ဘေကြီး(၃၇)နှစ်ကို မဟာအောင်မြေမြို့နယ် ညောင် ကုန်းရပ်ကွက်တွင် လည်းကောင်း၊ ရဲဝင့်ကျော်(ခ)အသေးလေး (၂၁) နှစ်ကို မဟာအောင်မြေမြို့နယ်အရှေ့ပတ္တားရပ်တွင် လည်း ကောင်း ဖမ်းဆီးရမိခဲ့ပြီး တရားခံ ရဲဝင့်ကျော် (ခ) အသေးလေး၏ ထွက်ဆိုချက်အရ ချမ်းမြသာစည် မြို့နယ် (ဆ-၂) ရပ်ကွက် အိမ် အမှတ်(၇၆)တွင် အောင်မြင့်မြတ် (၂၃)နှစ်အား ၉-မမ ပစ္စတို တစ်လက်၊ ပစ္စတိုကျည်အိမ် သုံးခု၊ ၉-မမ ကျည် ၁၅၀ ၊ MG-1 လက်ပစ်ဗုံး သုံးလုံး၊ မိုင်းမျိုးစုံ သုံးလုံး၊ လက်လုပ် မိုင်းမျိုးစုံ ၁၇၇ လုံး၊ မီးရှို့စနက်ကြိုး ပေ ၁၀၀ ၊ ယမ်းကြိုး ပေ ၁၀၀ ၊ ဒီတိုနေတာ အချောင်း ၂၂၀ ၊ ကျည်ကာ အခံပြား ၅၀ ၊ လက်ကိုင်ဖုန်း တစ်လုံး၊ ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံလေးဦး ကို ၉-မမ ပစ္စတို နှစ်လက်၊ ကျည်အိမ် သုံးခု၊ ၉-မမ ကျည် ၁၆၄ တောင့်၊ လက်ပစ်ဗုံး သုံးလုံး၊ မိုင်းမျိုးစုံ သုံးလုံး၊ လက်လုပ်မိုင်း မျိုးစုံ ၁၇၇ လုံး၊ ဖောက်ခွဲရေး ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ အောင်မြင့်မြတ် ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် စောဒေးဗစ်၊ မြောင် PDF အကြမ်း ဖက် အဖွဲ့ဝင် ခန့်ဇော်ဦး၊ ကျော်စိုး၊ မြင့်စိုး၊ အားတီ၊ ဖွေးဖွေး(ခ) တင်ဇာခြည်၊ BPO အကြမ်းဖက် အဖွဲ့ဝင် မင်းထက်ဦး၊ ကျော်ဆန်း တို့မှ ပို့ဆောင်ခိုင်းသော လက်နက်/ ခဲယမ်းများနှင့် ဖောက်ခွဲရေး ပစ္စည်းများအား ပုသိမ်ကြီးမြို့နယ်၊ အမရပူရ မြို့နယ်၊ မတ္တရာမြို့နယ်၊ ချမ်းအေး သာစံမြို့နယ်၊ မဟာအောင်မြေ မြို့နယ်တို့တွင် အပြစ်မဲ့ပြည်သူ များကို လုပ်ကြံသတ်ဖြတ်ရန်၊ အများပြည်သူ အထိတ်တလန့် ဖြစ်စေရန်နှင့် ဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဖမ်းဆီးရန်ကျန် MPO အကြမ်းဖက်အဖွဲ့ဝင် ဘာဟု၊ သီဟ၊ အမရပူရ PDF အကြမ်းဖက် အဖွဲ့နှင့် မတ္တရာ PDF အကြမ်းဖက် အဖွဲ့တို့ထံ အခကြေးငွေရယူ၍ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
တရားခံ ခင်မောင်ထွေး ၏ ထွက်ဆိုချက်အရ အောင်မြင့်မြတ် မှ ပို့ဆောင်ခိုင်းသည့် ဖောက်ခွဲ ရေးပစ္စည်းများအား လင်းလင်း(ခ)ဘေကြီး၊ ရဲဝင့်ကျော်(ခ)အသေး လေးတို့နှင့်အတူ အကြမ်းဖက် သမားများထံသို့ သွားရောက် ပို့ဆောင်ပေးရပြီး ထိုသို့ ဆောင် ရွက်ပေးမှုကြောင့် အောင်မြင့်မြတ် မှ လိုအပ်သော ငွေကြေး များ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် မန္တလေးမြို့အတွင်း ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်အတွက် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်း များအား ဖမ်းဆီးရန်ကျန် ကိုဖြိုး၊ တရုတ်ကြီး၊ နန်းဦး၊ ရှင်းသန့် တို့ လေးဦးမှ ဆောင်ရွက်လျက်ရှိ ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ အောင်မြင့်မြတ်၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် တရားခံ သုတအောင်ထံမှ အောက်တိုဘာလတွင် ပစ္စတို တစ်လက်၊ ပွိုင့် ၃၈၀ တစ်လက်၊ ပေါင်း နှစ်လက်အား ချမ်းအေး သာစံမြို့နယ် မြို့တော်ဥယျာဉ် အနီး တရုတ်ဘုံကျောင်းရှေ့၌ သီဟထံသို့ ၄၉ သိန်းကျပ်ဖြင့် ရောင်းချခဲ့ပြီး ရရှိငွေများအား အောင်မြေသာစံမြို့နယ် မင်းတဲ အီကင်းရပ်ကွက်နေ စောဒေးဗစ် ထံတွင် အပ်နှံထားခဲ့ကြောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ ကိုသဲ ထံမှ ဩဂုတ်လအတွင်း လက်လုပ် ချိန်ကိုက်မိုင်း ခုနစ်လုံး ရရှိခဲ့ပြီး လက်လုပ်ချိန်ကိုက်မိုင်း တစ်လုံး စမ်းသပ်ဖောက်ခွဲ၍ လေးလုံး ကို ခင်မောင်ထွေးထံသို့ လည်းကောင်း၊ ကျန် နှစ်လုံးကို Speed ထံသို့ လည်းကောင်း ပေးအပ်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အပြစ်မဲ့ပြည်သူ များကို လုပ်ကြံသတ်ဖြတ်မှု (၅)ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ကျူးလွန် ခဲ့သော ပြစ်မှုများအနေဖြင့်-
ဇွန် ၂၆ ရက်တွင် ခင်မောင် ထွေးသည် ဝင်းအောင်နှင့်အတူ အမရပူရမြို့နယ် တောင်မြို့ရပ်နေ အပြစ်မဲ့ ပြည်သူတစ်ဦးကို ဓားဖြင့် လည်းကောင်း။
ဇူလိုင် ၃၁ ရက်တွင် ခင်မောင် ထွေးသည် ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်မှကွက် မြို့ဟောင်း ရပ်နေ အပြစ်မဲ့ ပြည်သူတစ်ဦးကို ဓားဖြင့် လည်းကောင်း။
အောက်တိုဘာ ၂၅ ရက်တွင် ခင်မောင်ထွေး၊ အောင်မြင့်မြတ် နှင့် ပြည့်စုံအောင်တို့ သုံးဦးသည် ပုသိမ်ကြီးမြို့နယ် မြောက်တံတိုင်း ရှည်ကျေးရွာနေ အပြစ်မဲ့ပြည်သူ တစ်ဦးကို လက်နက်ငယ်ဖြင့် လည်းကောင်း။
နိုဝင်ဘာ ၅ ရက်တွင် ခင်မောင်ထွေးသည် ချမ်းမြ သာစည်မြို့နယ် အောင်သာယာ ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ တစ်ဦးကို လက်နက်ငယ်ဖြင့် လည်းကောင်း။
နိုဝင်ဘာ ၈ ရက်တွင် ခင်မောင်ထွေးသည် ကိုသက်၊ ကိုဖြိုးတို့နှင့်အတူ မဟာအောင် မြေမြို့နယ် စိန်ပန်းရပ်ကွက်နေ အပြစ်မဲ့ ပြည်သူတစ်ဦးကို လက်နက်ငယ်ဖြင့် လည်းကောင်း လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖော် ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အများပြည်သူ အထိတ်တလန့် ဖြစ်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထိခိုက် ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ ဖောက်ခွဲဖျက်ဆီးမှု ပြုလုပ်ခြင်း (၅)ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ကျူးလွန်ခဲ့ သော ပြစ်မှုများအနေဖြင့်-
စက်တင်ဘာ ၁၁ ရက်တွင် ခင်မောင်ထွေးသည် ကိုသက် ဦးစီးသည့် GZP အကြမ်းဖက် အဖွဲ့ဝင် ခုနစ်ဦးနှင့်အတူ Light Truck ယာဉ်ဖြင့် ချမ်းမြသာစည် မြို့နယ် သံလျက်မှော်တောင် ရပ်ကွက် ကန်တော်ကြီးပတ်လမ်း တွင် လုံခြုံရေးဆောင်ရွက်နေသည့် လှည့်ကင်း မော်တော်ယာဉ်အား လက်လုပ်ဗုံးဖြင့်လည်းကောင်း။
စက်တင်ဘာ ၂၇ ရက်တွင် ခင်မောင်ထွေးနှင့် ကိုဖြိုးတို့ နှစ်ဦးသည် မဟာအောင်မြေ မြို့နယ် ချမ်းမြသာစည် မြောက် ရပ်ကွက် ကညနရုံးအား လက်လုပ် ချိန်ကိုက်ဗုံးဖြင့် လည်းကောင်း။
နိုဝင်ဘာ ၂၁ ရက်တွင် ခင်မောင်ထွေးသည် ကိုသက်၊ ကိုဖြိုးတို့နှင့်အတူ မဟာ အောင်မြေမြို့နယ် ရတနာဘုမ္မိ ရပ်ကွက် ရစဖရုံးတွင် လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များကို လက်နက်ငယ်ဖြင့် လည်းကောင်း။
နိုဝင်ဘာ ၂၄ ရက်တွင် ခင်မောင်ထွေးသည် ကိုသက်၊ ကိုဖြိုးတို့နှင့်အတူ မဟာ အောင်မြေမြို့နယ် သံလျက်မှော် အနောက်ရပ်ကွက်တွင် လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များ၏ မော်တော်ယာဉ်ပေါ်သို့ လက်လုပ်ဗုံးဖြင့်လည်းကောင်း။
နိုဝင်ဘာ ၂၇ ရက်တွင် ခင်မောင်ထွေး၊ ကိုသက်၊ ကိုဖြိုးတို့ သုံးဦးသည် မဟာအောင်မြေ မြို့နယ် ကုန်စိမ်းဈေးအနီး၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ မော်တော်ယာဉ်အား လက်လုပ် ဗုံးဖြင့်လည်းကောင်း ဖောက်ခွဲ ဖျက်ဆီးမှုများ ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများ၏ ထွက်ဆိုချက် အရ မန္တလေးမြို့အတွင်း အကြမ်းဖက် ဖောက်ခွဲရေးနှင့် လုပ်ကြံ သတ်ဖြတ်မှုများအား ဆောင်ရွက်နိုင်ရေး BPO အကြမ်း ဖက် အဖွဲ့ခေါင်းဆောင် မင်းထက် ဦးမှ အဓိကစေခိုင်းခြင်း ဖြစ် ကြောင်း၊ ထိုသို့ ဆောင်ရွက် နိုင်ရေး အောင်မြေသာစံမြို့နယ်နေ ဖြူပြာကိုမှ ငွေကျပ် ၃၅၀၀၀၀ နှင့် သံဘောစေ့ ၁၀၀ ပါ (၁၀)ဘူး (၄ ဖာ)၊ အောင်မြင့်မြတ်၏ဖခင် ကျော်ဦးမှ ငွေကျပ် ၂ သိန်း၊ ပြည်ပနိုင်ငံများရှိ အစွန်းရောက် NLD ပါတီ ထောက်ခံသူများနှင့် အဖွဲ့အစည်းအချို့မှ လိုအပ်သော ငွေကြေးများ ထောက်ပံ့ပေးလျက် ရှိကြောင်း ဖော်ထုတ်သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိ တရားခံ များအား ဥပဒေအရ ထိရောက် စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက် နေသူများကို ပြည်သူတစ်ရပ်လုံး က ဝိုင်းဝန်းကာကွယ်တိုက်ဖျက် ကြရန်နှင့် ဆက်စပ်တရားခံများ အား အမြန်ဆုံး ဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာ နေရာ များ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေ များ ချီးမြှင့်ပေးမည် ဖြစ်ကြောင်း နှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အသိပေးထား ကြောင်း သက်ဆိုင်ရာမှ သတင်း ရရှိသည်။
သတင်းစဉ်