
နေပြည်တော် ဒီဇင်ဘာ ၁၀
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူ လူထုအချို့ကို လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့ ၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်း မရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူ၊ ဒလန်၊ သတင်းပေး”ဟု စွပ်စွဲ၍လည်းကောင်း၊ ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြမ်းဖက်သူများက တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံ တိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့ အကြမ်းဖက်မှုများပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၉ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ကျားကျေးရွာ၌ PDF အမည်ခံအကြမ်းဖက်များ၏ ကျေးရွာအတွင်းဝင်ရောက်သတ်ဖြတ်ခဲ့မှုကြောင့် ကျေးရွာနေ အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ကြောင်းသတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ကအခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာတွင် ရွှေဘိုမြို့နယ် ကျားကျေးရွာနေ ဦးမြင့် (၆၇)နှစ် (ဘ) ဦးဟိန်းပါ ကျေးရွာသား ရှစ်ဦးတို့သည် ၎င်းတို့၏နေအိမ်များ၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား ၃၀ ခန့်သည် မျက်နှာဖုံးများ တပ်ဆင်ကာ သေနတ်၊ တုတ်၊ ဓားများ ကိုင်ဆောင်ရောက်ရှိလာပြီး ကျေးရွာ အား ပိတ်ဆို့၍ ဦးမြင့်ပါ ရှစ်ဦးတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ကျေးရွာအရှေ့ဘက်ရှိ တဲစု အနီးတွင် “သူလျှို၊ ဒလန်၊ သတင်းပေး” များဟု စွပ်စွဲ ကာ တုတ်၊ ဓားများဖြင့် ရက်စက်စွာ ဝိုင်းဝန်းထိုးခုတ်၊ ရိုက်နှက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။
ထိုကဲ့သို့ အကြမ်းဖက်လက်နက်ကိုင်များ၏ ရက်စက်စွာ သတ်ဖြတ်ခဲ့မှုကြောင့် ရွှေဘိုမြို့နယ် ကျားကျေးရွာနေသူများဖြစ်သည့် ဦးမြင့် (၆၇)နှစ် (ဘ) ဦးဟိန်း၊ မောင်အောင်ခိုင် (၂၇)နှစ် (ဘ) ဦးမြင့်၊ မောင်ကျော်ထက်အောင် (၁၆)နှစ် (ဘ)ဦးမြင့်၊ မောင်အောင်မျိုးနိုင် (၂၇)နှစ် (ဘ)ဦးလှရှိန်၊ မောင်ဇင် မင်းထက် (၁၇)နှစ် (ဘ)ဦးသန်းဇော်၊ မောင်မျိုးမြင့် (၂၀)နှစ် (ဘ)ဦးနိုင်ဝင်း၊ မောင်ဇော်ထက်အောင်(၁၉)နှစ် (ဘ) ဦးတင်သိန်းနှင့် မောင်ပြည့်ဖြိုးသူ (၁၇)နှစ် (ဘ)ဦးမြတ်မင်းတို့ ရှစ်ဦးတို့၏ ခန္ဓာကိုယ်အနှံ့အပြား တွင် ထိုးသွင်း၊ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးလျက်ရှိ သည်ကို တွေ့ရှိခဲ့ရသည်။
အထက်ပါဖြစ်စဉ်တွင် ရပ်ရွာအတွင်း အေးချမ်း စွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်း ရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအပြစ်ပေး အရေးယူနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်