ကွတ်ခိုင်မြို့နယ်တွင် ငွေကျပ်သိန်း ၂၃၀၀ ကျော်တန်ဖိုးရှိ ဓာတုဆေးရည်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၀


ကွတ်ခိုင်မြို့နယ်တွင်        ငွေကျပ်သိန်း   ၂၃၀၀ ကျော် တန်ဖိုးရှိ   ဓာတုဆေးရည် များ ဖမ်းဆီးရမိခဲ့ကြောင်း    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ  သိရသည်။

 


ဖြစ်စဉ်မှာ    လုံခြုံရေး တပ်ဖွဲ့ဝင်များ    ပါဝင်သော      ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီတွင်   ကွတ်ခိုင်မြို့နယ်    မန်ပြိန်း ကျေးရွာအနီး   ရပ်တန့်ထားသည့်  UD Nissan ၁၂ ဘီး မော်တော်ယာဉ်ကို  သတင်းအရရှာဖွေ ရာ    ယာဉ်မောင်း  မျိုးမင်းသန့်(ခ)ဒိုးလုံး(၃၁)နှစ်၊ ဝေဖြိုးအောင် (ခ)ဝေဖြိုး (၁၉)နှစ်နှင့်    ဇော်ငြိမ်းထွန်း (၃၆)နှစ် တို့ကို  တွေ့ရှိပြီး ယာဉ်ပေါ်တွင်  တရား မဝင်သယ်ဆောင်လာသည့်       ဒေသ ကာလတန်ဖိုးငွေကျပ် သိန်း၂၃၀၀ကျော် တန်ဖိုးရှိ ဓာတုဆေးရည်  Sulfurous Dichloride   လီတာ   ၆၈၀၀နှင့် Dimethyl Sulfate လီတာ ၄၂၀၀ တို့ကို     သိမ်းဆည်းရမိခဲ့ပြီး   ဓာတုဆေးရည် များကို   တာဝန်ခံသယ် ဆောင်လာသည့် ကျော်စိုး(၅၀)နှစ်နှင့်   ဝေလွင်  (၅၈)နှစ်တို့   နှစ်ဦးကို   အဆိုပါ နေရာအနီး တွင် ရပ်ထားသည့် Mark-II အမျိုးအစား     မော်တော်ယာဉ်နှင့်အတူ  ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့်  ၎င်းတို့ကို   ဓာတု ပစ္စည်းနှင့်     ဆက်စပ်ပစ္စည်းများ  အန္တရာယ်မှ   တားဆီးကာကွယ်ရေး ဥပဒေအရ           အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်    စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။          

သတင်းစဉ်