
ကိပ်တောင်း ဒီဇင်ဘာ ၁၀
တောင်အာဖရိကရှိ ပြည်သူ့ကျန်းမာရေးအရာရှိများ သည် ကိုဗစ် - ၁၉ မျိုးကွဲ အိုမီခရွန် ကူးစက်မှုများ ပျံ့နှံ့လာသည်ကို ခြေရာခံမိသည်။ ခုနစ်ရက်တာ ကာလအတွင်း အိုမီခရွန်ကူးစက်ခံရသူ ၂၅၅ ရာခိုင် နှုန်း တွေ့ရှိခဲ့သည်ဟု ဒီဇင်ဘာ ၉ ရက်တွင် ကြေညာ ခဲ့သည်။
တောင်အာဖရိကရှိ သိပ္ပံပညာရှင်များသည် လွန်ခဲ့သည့် သီတင်းနှစ်ပတ်အတွင်း ပထမဆုံး အိုမီခရွန် ကူးစက်ခံရမှုကို သတင်းပို့ခဲ့သည်။ ကမ္ဘာ တစ်ဝန်းရှိ သိပ္ပံပညာရှင်များကလည်း အတည်ပြု ခဲ့သည်။ သို့သော်လည်း ကမ္ဘာတစ်ဝန်း အိုမီခရွန် ကူးစက်ခံရမှု ၁၀၀၀ တွင် ၄၆ ရာခိုင်နှုန်းမှာ အာဖရိက မှဖြစ်သည်။ ယခုတွေ့ရှိရသည့်မျိုးကွဲမှာ ယခင်မျိုးကွဲ များနှင့် နှိုင်းယှဉ်လျှင် အပျော့စားလက္ခဏာများ ပြသမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အရာရှိ များက ယူဆကြသည်။ အိုမီခရွန်ကြောင့် ရောဂါ ပြင်းထန်သည့်လက္ခဏာနည်းပါးသည်ဟု အချက် အလက်များက ပြသလျက်ရှိသည်။
အထူးကြပ်မတ်ကုသဆောင်တွင် ကိုဗစ် - ၁၉ လူနာများနေရာယူမှုမှာ ၆ ရာခိုင်နှုန်းသာရှိသည်ဟု သိရသည်။ ယခင်ကူးစက်မှုအကျော့ထက် ပို၍ နည်းပါးသည်ဟုသိရသည်။ သို့သော်လည်း မျိုးကွဲ ၏ သက်ရောက်မှုများကို အပြည့်အဝ နားလည်ရန် အချိန်ယူရဦးမည်ဟု ၎င်းတို့က ပြောသည်။
အင်န်အိတ်ချ်ကေ