မက္ကဆီကို၌ ယာဉ်မတော်တဆဖြစ်မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၄၉ ဦးသေဆုံး

 

မက္ကဆီကိုစီးတီး ဒီဇင်ဘာ ၁၀


မက္ကဆီကိုနိုင်ငံ၌ ဒီဇင်ဘာ ၉ ရက် က   ရွှေ့ပြောင်းနေထိုင်သူများကိုခိုးဝှက်   သယ်ဆောင်လာသော  ထရပ်ကားတစ်စီးမှာ      နံရံကို ဝင်တိုက်မိသည့်         အတွက်  ရွှေ့ပြောင်းနေထိုင်သူ ၄၉  ဦးထက် မနည်း   သေဆုံးခဲ့သည်ဟု   သိရသည်။

 


မက္ကဆီကို တောင်ပိုင်းပြည်နယ်    ချီရာပတ်စ်၌   အဆိုပါ   အခင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။      အဆိုပါ ဒေသမှာ      အမေရိကန်     ပြည်ထောင်စုသို့    ရောက်ရှိရန်     ကြိုးပမ်းကြသည့်   ရွှေ့ပြောင်း နေထိုင်သူများအတွက် အဓိက  ထွက်ပေါက်တစ်ခု   ဖြစ်သည်။    ယင်းဖြစ်စဉ်ကြောင့် နောက်ထပ် ၅၈ ဦးမှာ         ဒဏ်ရာရရှိခဲ့ပြီး သုံးဦးမှာ   စိုးရိမ်ရသည့်     အခြေ အနေရှိသည်ဟုလည်း        သိရသည်။   ရွှေ့ပြောင်း      နေထိုင်သူများကို     ထရပ်ကား အတွင်း အပြည့်အသိပ် တင်ဆောင်ခဲ့ခြင်း    ဖြစ်သည်ဟု         ပြည်သူ့  ကာကွယ်ရေးအရာရှိများ က ပြောသည်။

 


 ဒေသဆိုင်ရာရုပ်သံတွင်လည်း     လူနာတင်ယာဉ်များ၊      မီးသတ် သမားများနှင့်     ကယ်ဆယ်ရေး လုပ်သားများ     အလုပ်ရှုပ်နေ သည့်မြင်ကွင်းကို  ပြသခဲ့သည်။ ဂွာတီမာလာ  သမ္မတ အလက်ဟန် တို  ဂျော်မတီကလည်း ရွှေ့ပြောင်း နေထိုင်သူများထဲမှ      ၎င်းတို့နိုင်ငံ သားများ       နေရပ်ပြန်လိုပါက ကူညီသွားမည်ဟု        တွစ်တာပေါ် တွင် ရေးသားခဲ့သည်။

 


ဇန်နဝါရီလနှင့် စက်တင်ဘာ လအတွင်း ရွှေ့ပြောင်းနေထိုင်သူ ၁၉၀၀၀၀ ကျော်ကို   မက္ကဆီကို အာဏာပိုင်များက   ထောက်လှမ်း မိခဲ့သည်ဟု  သိရသည်။ အဆိုပါ ပမာဏမှာ   ၂၀၂၀ ပြည့်နှစ်ကထက်     သုံးဆပို၍     များပြားသည်ဟု      သိရသည်။          

 အေအက်ဖ်ပီ