အိုမီခရွန် ကူးစက်ဖြစ်ပွားခြင်းကိုကာကွယ်ရန် ဖိလစ်ပိုင်နိုင်ငံက နိုင်ငံနှင့်ဒေသပေါင်း ၁၅ ခုမှ နိုင်ငံတကာခရီးသွားများကို ပြည်ဝင်ခွင့်တားမြစ်

 

မနီလာ  ဒီဇင်ဘာ   ၁၀     


ဖိလစ်ပိုင်နိုင်ငံ၌  ဒီဇင်ဘာ ၁၀ ရက်က ကိုဗစ်-၁၉    ထပ်မံကူးစက်ဖြစ်ပွားသူ ၃၇၉ ဦး    တိုးလာပြီးနောက်    နိုင်ငံအတွင်း ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူပေါင်း ၂၈၃၆၂၀၀ အထိ ရှိလာခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က   သတင်းထုတ်ပြန်   ဖော်ပြလိုက် သည်။

 


နိုင်ငံအတွင်း   ကိုဗစ်-၁၉  ကြောင့် ၂၅  ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူပေါင်း ၄၉၉၆၁ ဦး အထိ ရှိလာခဲ့သည်။

 


နိုဝင်ဘာ ၂၄ ရက်ကတည်းက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၀၀၀ အောက် လျော့နည်းခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း အိုမီခရွန်ကိုဗစ်-၁၉ ဗိုင်းရပ်စ်သစ်ကူးစက် ဖြစ်ပွားမှုကို ကာကွယ်ရန်   ဖိလစ်ပိုင် အစိုးရသည် ပေါ်တူဂီမှ နိုင်ငံခြားသား ခရီးသွားများဝင်ရောက်ခြင်းကို တားမြစ် ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ 

 


 ကာကွယ်ဆေးအပြည့်အဝထိုးထား သည့် ပေါ်တူဂီမှ နိုင်ငံခြားသား ခရီးသွား များသည် ၁၄ ရက်ကြာ ကွာရန်တင်းဝင် ရန်  လိုအပ်မည်ဖြစ်သလို   ကိုဗစ်-၁၉ စစ်ဆေးရန်လည်းလိုအပ်ကြောင်း အစိုးရ အဖွဲ့အတွင်းရေးမှူး ကာလိုနိုဂရာလက်စ် က ဒီဇင်ဘာ ၁၀ ရက်က ပြောကြားလိုက် သည်။ 

 


ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံနှင့် ဒေသ ပေါင်း ၁၅ ခုမှ နိုင်ငံတကာခရီးသွားများ ကို    ပြည်ဝင်ခွင့်တားမြစ်ထားကြောင်း သိရပြီး အဆိုပါ နိုင်ငံနှင့်ဒေသပေါင်း ၁၅ ခုမှာ တောင်အာဖရိက၊ ဘော့ဆွာနာ၊ နမီး ဘီးယား၊ ဇင်ဘာဘွေ၊ လီဆိုသို၊ အက်စ်ဝါ သီနီ၊ မိုဇမ်ဘစ်၊ သြစတြီးယား၊ ချက်သမ္မတ နိုင်ငံ၊ ဟန်ဂေရီ၊ နယ်သာလန်၊ ဆွစ်ဇာ လန်၊ ဘယ်လ်ဂျီယံ၊ အီတလီနှင့် ပြင်သစ် နိုင်ငံတို့ဖြစ်သည်။ 

 


အရှေ့တောင်အာရှနိုင်ငံ  တစ်နိုင်ငံ ဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေ သန်း ၁၁၀ ရှိသည့်အနက်  ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း  ၂၃  သန်း ကျော်လွန်လာပြီဖြစ်သည်။      

 
ဆင်ဟွာ