အပျိုစင်ဒေသထွက်ကုန်နှင့် ပြည်ပဈေးကွက်အလားအလာ (၂)

Type
5

 

ယုဇနမြင့်အောင်(ကုန်သွယ်ရေးဦးစီးဌာန)

 

ကော်ဖီသောက်သုံးမှုအများဆုံးနိုင်ငံများသို့ တင်ပို့မှု
အီးယူနိုင်ငံများ၏ကော်ဖီသောက်သုံးမှု


အီးယူသည်  စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသည့်   နိုင်ငံ ၂၇ နိုင်ငံကို ပေါင်းစည်းထားပြီး ကမ္ဘာ့အကောင်းဆုံးစီးပွားရေး ဘုံစနစ်တစ်ခုကို ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံများ သည် ကမ္ဘာပေါ်တွင် ကော်ဖီသောက်သုံးမှု အမြင့်မားဆုံးဖြစ်သော ကြောင့် အသိအမှတ်ပြုလက်မှတ်ရကော်ဖီများအတွက် ကမ္ဘာ့အကြီး မားဆုံး ဈေးကွက်တစ်ခုဖြစ်သည်။ အီးယူ ၂၇ နိုင်ငံအနက်မှ ဂျာမနီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊  အီတလီ၊ ဒိန်းမတ်၊ နယ်သာလန်နှင့် စပိန် တို့သည် မြန်မာ့ကော်ဖီကို နှစ်စဉ်တိုးတက်ဝယ်ယူခဲ့သည်။

 


အီးယူသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ Everything but Arms ဟုခေါ်သည့် လက်နက်မှအပ  ကျန်ကုန်စည်အားလုံးအပေါ် ကုန်သွယ်မှုဆိုင်ရာ     အထူးအခွင့်အရေးဖြစ်သော     ယေဘုယျ အကောက်ခွန်သက်သာခွင့် (Generalized System Perferences-GSP) သည့် စနစ်ကို မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် အပါအဝင် နိုင်ငံပေါင်း ၄၉ နိုင်ငံအား   ပေးအပ်ထားသည်။    ၁၉၉၇ ခုနှစ်တွင် International Labour Organization ၏ အစီရင်ခံစာထုတ်ပြန်မှုတွင် အလုပ်ရှင်များသည် အလုပ်သမားများကို အတင်းအကျပ်စေခိုင်းခြင်း များရှိနေကြောင်း   ဖော်ပြခဲ့သောကြောင့်   မြန်မာနိုင်ငံအား GSP ပေးသည့် နိုင်ငံစာရင်းမှ ရုပ်သိမ်းခဲ့သည်။ သို့ရာတွင် ဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးလာသောကြောင့် ၂၀၁၃ ခုနှစ်တွင်  GSP အခွင့် အရေး ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါအခွင့်အရေးကို အပြည့်အဝ  အသုံးချ၍ အီးယူသို့ ကော်ဖီတိုးမြှင့်တင်ပို့ရန် အစီအမံများချမှတ် ဆောင်ရွက်နိုင်မည် ဆိုပါက အကျိုးရလဒ်ကောင်းများစွာ ရရှိနိုင်ခြေ များသည်။

 


၂၀၁၈−၂၀၂၀ ခုနှစ်အတွင်း HS Line အလိုက် United Nation Trade Statistics Database တွင် ဖော်ပြထားသော မြန်မာနိုင်ငံမှ ကော်ဖီတင်ပို့မှုစာရင်း


{Coffee, whether or not roasted or decaffeinated: husks and skin: coffee substitutes containing coffee in any proportion (HS Line-0901)}
ခုနှစ်    အီးယူသို့
ရောင်းရငွေ
အမေရိကန်
ဒေါ်လာ    ရောင်းချခဲ့
သည့်
ကီလိုဂရမ်    မြန်မာနိုင်ငံ၏
စုစုပေါင်းရငွေ
အမေရိကန်ဒေါ်လာ    မြန်မာနိုင်ငံ
၏ စုစုပေါင်း
ရငွေ %
၂၀၁၈    ၁၈၄,၁၅၆    ၃၂,၃၁၀    ၂၇၃၉,၉၁၃    ၆.၇၂%
၂၀၁၉    ၂၈၄,၅၇၃    ၆၆,၉၆၃    ၂၇၀၄,၁၉၅    ၁၀.၅၂%
၂၀၂၀    ၃၄၅,၀၅၀    ၁၀၁,၁၀၀    ၂၄၃၇,၄၈၅    ၁၄.၁၅%

{Coffee, not roasted or decaffeinated (HS Line-090111)}
ခုနှစ်    အီးယူသို့
ရောင်းရငွေ
အမေရိကန်
ဒေါ်လာ    ရောင်းချခဲ့
သည့်
ကီလိုဂရမ်    မြန်မာနိုင်ငံ၏
စုစုပေါင်းရငွေ
အမေရိကန်ဒေါ်လာ    မြန်မာနိုင်ငံ
၏ စုစုပေါင်း
ရငွေ %
၂၀၁၈    ၇၅,၆၂၁    ၁၂,၄၂၀    ၂၃၁၃,၆၇၀    ၃.၂၇%
၂၀၁၉    ၆၄,၇၁၆    ၁၁,၀၄၀    ၁၇၅၃,၇၇၈    ၃.၆၉%
၂၀၂၀    ၁၆,၂၀၀    ၁၀၁,၁၅၀    ၂၄၃၇,၄၈၅    ၁.၃၂%

{Coffee, husks and skins; coffee substitutes containing coffee in any proportion (HS Line-090190)}
ခုနှစ်    အီးယူသို့
ရောင်းရငွေ
အမေရိကန်
ဒေါ်လာ    ရောင်းချခဲ့
သည့်
ကီလိုဂရမ်    မြန်မာနိုင်ငံ၏
စုစုပေါင်းရငွေ
အမေရိကန်
ဒေါ်လာ    မြန်မာနိုင်ငံ၏
စုစုပေါင်း
ရငွေ %
၂၀၁၉    ၂၀၉,၁၁၅    ၅၄,၆၀၀    ၃၃၆,၆၁၂    ၆၂.၁၂%
၂၀၂၀    ၂၅၃,၄၈၅    ၈၃,၄၀၀    ၆၅၄,၀၂၄    ၃၈.၇၆%

{Coffee, decaffeinated, not roasted (HS Line-09112)}
ခုနှစ်    အီးယူသို့
ရောင်းရငွေ
အမေရိကန်
ဒေါ်လာ    ရောင်းချခဲ့
သည့်
ကီလိုဂရမ်    မြန်မာနိုင်ငံ၏
စုစုပေါင်းရငွေ
အမေရိကန်
ဒေါ်လာ    မြန်မာနိုင်ငံ၏
စုစုပေါင်း
ရငွေ%
၂၀၁၈    ၅၁,၂၃၀    ၁၄,၁၅၀    ၂၆၆,၉၆၄    ၁၉.၁၉%

{Coffee, roasted  not decaffeinated (HS Line-09121)}
ခုနှစ်    အီးယူသို့ရောင်းရငွေ
အမေရိကန်
ဒေါ်လာ    ရောင်းချခဲ့
သည့်
ကီလိုဂရမ်    မြန်မာနိုင်ငံ၏
စုစုပေါင်းရငွေ
အမေရိကန်
ဒေါ်လာ    မြန်မာနိုင်ငံ ၏ စုစုပေါင်း ရငွေ %
၂၀၁၉    ၂,၁၆၂    ၁၂၃    ၂၁,၉၃၂    ၉.၈၅%
၂၀၂၀    ၂၅၃,၄၈၅    ၅၀    ၁၆,၅၁၅    ၃၈.၇၆%

အမေရိကန်နိုင်ငံ၏ ကော်ဖီသောက်သုံးမှု


အမေရိကန်နိုင်ငံသည်လည်း ကမ္ဘာ့ကော်ဖီသောက်သုံးမှု ဒုတိယ အများဆုံးနိုင်ငံဖြစ်၍ ကော်ဖီတိုးမြှင့်တင်ပို့ရန် ဦးစားပေးရွေးချယ်နိုင် သည့် နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း နေထိုင်ကြသူများအနက်မှ သန်း ၁၅၀ ကျော်သော အမေရိကန်တို့သည် နေ့စဉ် ကော်ဖီခွက်ရေ သန်း ၄၀၀ သောက်သုံးကြပြီး တစ်နှစ်သောက်သုံးမှုအတွက် ၁၄၀ ဘီလီယံ ကုန်ကျသည်။ ကော်ဖီသောက်သုံးမှုသည် ၂၀၁၅ မှ ၂၀၁၉ ခုနှစ်အတွင်း ၂၅ ရာခိုင်နှုန်း    တိုးတက်လာခဲ့ခြင်းဖြစ်ပြီး   ဆက်လက်၍လည်း ၂၀၂၁−၂၀၂၅   အတွင်း   နှစ်စဉ် ၇.၉၇  ရာခိုင်နှုန်းတိုးတက်မည်ဟု      ခန့်မှန်းလျက်ရှိသည်။   ၂၀၂၀ ပြည့်နှစ်တွင်    အမေရိကန်နိုင်ငံသို့ ကိုလံဘီယာနိုင်ငံမှ ၁.၂၁ ဘီလီယံနှင့် ဘရာဇီးနိုင်ငံမှ ၁.၁၆ ဘီလီယံ တန်ဖိုးရှိ ကော်ဖီများတင်သွင်းခဲ့သဖြင့် တင်သွင်းမှုအများဆုံးနိုင်ငံများ အဖြစ် ရပ်တည်ခဲ့ကြသည်။

 


အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံသို့ ယေဘုယျအကောက်ခွန် သက်သာခွင့်   (Generalized System Perferences-GSP) အား ၂၀၁၃ ခုနှစ်မှ   စတင်ပေးအပ်ခဲ့သည်။     အဆိုပါအခွင့်အရေးအား ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို စသည့်နိုင်ငံများကိုလည်း ပေးအပ် ထားရာ ကမ္ဘာ့ကော်ဖီသောက်သုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံသို့ တင်ပို့ရာတွင် ဒေသဆိုင်ရာအညွှန်းလျှောက်ထား ပိုင်ဆိုင်ထားမှသာ ၎င်းတို့နှင့်  ရေရှည်ယှဉ်ပြိုင်တင်ပို့နိုင်စွမ်းရှိမည် ဖြစ်သည်ဟု ယူဆသည်။ 

 


၂၀၁၈−၂၀၂၀ခုနှစ်အတွင်း HS Line အလိုက် United Nation Trade Statistics Database တွင် ဖော်ပြထားသော မြန်မာနိုင်ငံမှ ကော်ဖီတင်ပို့မှုစာရင်း
{Coffee, whether or not roasted or decaffeinated: husks and skin: coffee substituties containing coffee in any proportion (HS Line-0901)}
ခုနှစ်    အမေရိကန်သို့
ရောင်းရငွေ
အမေရိကန်
ဒေါ်လာ    ရောင်းချခဲ့
သည့်
ကီလိုဂရမ်    မြန်မာနိုင်ငံ၏
စုစုပေါင်းရငွေ
အမေရိကန်
ဒေါ်လာ    မြန်မာနိုင်ငံ၏
စုစုပေါင်း ရငွေ %
၂၀၁၈    ၇၄၀,၅၁၈    ၃၂,၃၁၀    ၂၇၃၉,၉၁၃    ၂၇.၀၂%
၂၀၁၉    ၃၅၁,၈၄၅    ၆၆,၉၆၃    ၂၇၀၄,၁၉၅    ၁၀.၅၂%
၂၀၂၀    ၁၄၂,၃၆၆    ၁၀၁,၁၅၀    ၂၄၃၇,၄၈၅    ၅.၈၄%

{Coffee, not roasted or decaffeinated (HS Line-090111)}
ခုနှစ်    အမေရိကန်သို့
ရောင်းရငွေ
အမေရိကန်
ဒေါ်လာ    ရောင်းချခဲ့
သည့်
ကီလိုဂရမ်    မြန်မာနိုင်ငံ၏
စုစုပေါင်းရငွေ
အမေရိကန်
ဒေါ်လာ    မြန်မာနိုင်ငံ၏
စုစုပေါင်း ရငွေ %
၂၀၁၈    ၇၃၅,၀၂၈    ၁၁၂,၆၂၀    ၂၃၁၃,၆၇၀    ၃၁.၇၇%
၂၀၁၉    ၁၄၁,၅၄၆    ၂၄,၄၂၀    ၁၇၅၃,၇၇၈    ၈.၀၇%

{Coffee, decaffeinated not roasted (HS Line-090112)}
ခုနှစ်


    အမေရိကန်သို့
ရောင်းရငွေ
အမေရိကန်
ဒေါ်လာ    ရောင်းချခဲ့
သည့်
ကီလိုဂရမ်    မြန်မာနိုင်ငံ၏
စုစုပေါင်းရငွေ
အမေရိကန်
ဒေါ်လာ    မြန်မာနိုင်ငံ၏
စုစုပေါင်း
ရငွေ %
၂၀၁၈    ၅,၄၀၀    ၃,၆၀၀    ၂၆၆,၉၆၄    ၂.၀၂%
၂၀၁၉    ၂၁၀,၃၀၈    ၂၆,၄၀၀    ၄၉၆,၈၇၅    ၄၂.၃၃%

{Coffee, husks and skins; coffee substitutes containing coffee in any proportion (HS Line-090190)}
ခုနှစ်    အမေရိကန်သို့
ရောင်းရငွေ
အမေရိကန်
ဒေါ်လာ    ရောင်းချ
ခဲ့သည့်
ကီလိုဂရမ်    မြန်မာနိုင်ငံ၏
စုစုပေါင်းရငွေ
အမေရိကန်
ဒေါ်လာ    မြန်မာနိုင်ငံ၏
စုစုပေါင်း
ရငွေ %
၂၀၁၈    ၉၀    ၃၀    ၉၀    ၁၀၀%