
နေပြည်တော် ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် (၁၉)ရပ်ကွက်နေ အေးကို(ဘ) ဦးစိန်အေးနှင့် ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၈) ရပ်ကွက်နေ မြတ်မင်းသူ(ခ)ကိုသူ(ဘ)ဦးမြင့်ကြိုင်တို့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ အောက်တိုဘာလအတွင်း ဆူပူဆန္ဒပြမှုဖြစ်စဉ် များတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာ ထားသည့် အဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း၊ ငွေကြေး ကောက်ခံ ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့သဖြင့် စစ်အုပ်ချုပ် ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)အရ ဒီဇင်ဘာ ၁၀ ရက်တွင် ၎င်းတို့နှစ်ဦးကို “ထောင်ဒဏ်တစ်သက် ” ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရ သည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ် ပြန်ကြေညာထားသည့် မြို့နယ် များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေး မည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက် ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန် ဆန်ဆန် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်