ဂျော်ဒန်နိုင်ငံ၌ ကိုဗစ် - ၁၉ ကူးစက်ခံရသူ တစ်သန်းကျော်ရှိလာ

 

အမ္မန်   ဒီဇင်ဘာ   ၁၁


ဂျော်ဒန်နိုင်ငံတွင်   ကိုဗစ် - ၁၉ ကပ်ရောဂါ      စတင်ဖြစ်ပွားသည့် အချိန်မှစတင်ကာ   ကူးစက်ခံရသူ တစ်သန်းရှိလာပြီဟု    ဂျော်ဒန် ကျန်းမာရေးဝန်ကြီးဌာနက   ပြော သည်။

 


ယခုအချိန်အထိ ဂျော်ဒန်နိုင်ငံ  တွင် ကူးစက်ခံရသူ ၁၀၀၃၄၂၈ ဦး ရှိပြီး  ဒီဇင်ဘာ ၁၀ ရက်တစ်ရက် တည်းတွင်ပင်     ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၄၉၃၆ ဦး ရှိသည်။  ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီးသေဆုံး သူ   ၃၈ ဦး  တိုးလာသည့်အတွက်   သေဆုံးသူ   စုစုပေါင်းမှာလည်း   ၁၁၉၁၇   ဦးရှိသည်။  ဒီဇင်ဘာ ၁၀ ရက်တွင်   ပြန်လည်ကျန်းမာ လာသူ     အရေအတွက်မှာ  ၄၆၇၄  ဦးရှိသည့်အတွက်       စုစုပေါင်း ပြန်လည် ကျန်းမာလာသူဦးရေမှာ ၉၂၄၇၀၂ ဦးရှိသည်။ ကိုဗစ် - ၁၉ ကာကွယ်ဆေး      ပထမတစ်ကျော့ ထိုးပြီးသူ   ၄၂၁၄၁၆၀    ရှိပြီး    နှစ်ကြိမ်  ကာကွယ်ဆေးထိုးပြီးသူ ၃၈၀၈၃၃၆ ဦးရှိသည်။ 

 


ဂျော်ဒန်နိုင်ငံတွင်    ဒီဇင်ဘာ ၈ ရက်မှစတင်ကာ      ကိုဗစ်-၁၉ မျိုးကွဲ    အိုမီခရွန်   ကူးစက်ခံရသူ နှစ်ဦး  တွေ့ရှိခဲ့သည်။    

ဆင်ဟွာ