ဘီလာရုဇ်နိုင်ငံ၌ သောင်တင်နေသည့် အီရတ်ရွှေ့ပြောင်းနေထိုင်သူ ၄၁၇ ဦးကို ပြန်လည်ခေါ်ဆောင်

 

ဘဂ္ဂဒက်  ဒီဇင်ဘာ  ၁၁


ဘီလာရုဇ်နိုင်ငံတွင်  သောင်တင် နေသည့်     အီရတ်ရွှေ့ပြောင်း နေထိုင်သူ ၄၁၇ ဦးကို ဒီဇင်ဘာ ၁၀ ရက်က  ပြန်လည်ခေါ်ဆောင် နိုင်ခဲ့သည်ဟု သိရသည်။

 


မိမိတို့         သဘောဆန္ဒ အလျောက်     နေရပ်ပြန်လိုသည့် အီရတ်နိုင်ငံသားများကို ကယ်ဆယ် ရေးလေယာဉ်ကိုးစင်းဖြင့် ပြန်လည် ခေါ်ဆောင်နိုင်ခဲ့သည်ဟု နိုင်ငံခြား ရေးဝန်ကြီးဌာန    ပြောရေးဆိုခွင့် ရှိသူ အာမက်အယ်ဆာဟတ်ဖ် က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 


ဘီလာရုဇ်-  ပိုလန်နယ်စပ်မှ ကယ်တင်နိုင်ခဲ့သည့် ရွှေ့ပြောင်း နေထိုင်သူဦးရေမှာ ၃၅၅၀  ရှိလာ ပြီဖြစ်ပြီး အဆိုပါ  လူများထဲတွင် အမျိုးသမီးများနှင့်   ကလေးများ ပါဝင်သည်ဟု    နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။ 

 


ဘီလာရုဇ်-   ပိုလန်နယ်စပ် ဘီလာရုဇ်ဘက်ခြမ်းတွင်    စုဝေး နေကြသည့်     ရွှေ့ပြောင်းနေထိုင် သူများမှာ        အီရတ်၊ ဆီးရီးယား နှင့်   ယီမင်နိုင်ငံတို့မှ   အများစု ဖြစ်ကြသည်။      ၎င်းတို့သည် ပိုလန်နိုင်ငံမှတစ်ဆင့်       ဂျာမနီနှင့် ဥရောပနိုင်ငံများသို့     ဝင်ရောက် ကာ ခိုလှုံခွင့်တောင်းခံရန် ကြိုးပမ်း နေကြသူများ ဖြစ်သည်။

ဆင်ဟွာ