
နေပြည်တော် ဩဂုတ် ၂၄
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ မိုတဲဂိတိုရှိမိစု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ယနေ့ညနေပိုင်းတွင် နေပြည် တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမ ဆောင်၌လက်ခံတွေ့ဆုံသည်။
ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့သည် ဆက်ဆံရေး ကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများ၊ COVID- 19 ရောဂါနှင့် ပတ်သက်၍ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (World Health Organization - WHO) ၏ ညွှန်ကြား ချက်များနှင့်အညီ အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ယခုလအစောပိုင်းမှစ၍ ရခိုင် ပြည်နယ်အတွင်း ရောဂါကူးစက်မှုနှုန်း များပြားလာသည့်အတွက် နိုင်ငံတော် အစိုးရနှင့် တပ်မတော်မှ ဝိုင်းဝန်း ဖြေရှင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးအရ ရိုက်ခတ်မှုများစွာ ရှိခဲ့ပြီး အခြားလိုအပ်ချက်များစွာရှိ သော်လည်း စားရေးသည် နေ့စဉ် လိုအပ်ချက်ဖြစ်သည့်အတွက် စားနပ် ရိက္ခာဖူလုံရေးကို ထည့်သွင်းစဉ်းစား ရန် လိုအပ်သည့် အခြေအနေများ၊ ဂျပန်နိုင်ငံအနေဖြင့် ဆေးနှင့်ဆေး ပစ္စည်းများ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးခဲ့သည့် အခြေအနေများ၊ ရခိုင် ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် တရားဥပဒေ နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး တာဝန်ထမ်းဆောင်နေသည့် လုံခြုံ ရေး တပ်ဖွဲ့ဝင်များ၏ ကာကွယ်ရေး စိတ်ဓာတ်ကိုလည်း ထိခိုက်မှုမရှိ အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်အနေ ဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာ၀ရ ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်က အကြမ်း ဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများ တွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက် မှ ၃၀ ရက်အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမည့် အခြေအနေ များ၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ လွတ်လပ်၍ တရား မျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး ဆိုင်ရာကိစ္စရပ်များနှင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နေမှုများကို ဂျပန် နိုင်ငံမှ လေ့လာရေးအဖွဲ့ဖြင့် လာရောက် လေ့လာမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်