အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်နက် အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ သွားရောက်

ဂျေရုဆလင်   ဒီဇင်ဘာ   ၁၂


အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နက်ဖ်တာလီဘန်နက်သည် အာရပ် စော်ဘွားများပြည်ထောင်စု(ယူအေအီး)သို့ ဒီဇင်ဘာ ၁၂ ရက်တွင် ပထမဆုံးအကြိမ် တရားဝင်အလည်အပတ်ခရီး သွားရောက် ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ပြောကြားသည်။


အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်နက်၏ ခရီးစဉ်သည် ပြီးခဲ့သည့်နှစ်က     အစ္စရေးနိုင်ငံနှင့်    အာရပ်စော်ဘွားများ ပြည်ထောင်စုတို့အကြား  ဆက်ဆံရေးပုံမှန်ပြန်လည်ရရှိခဲ့ပြီးနောက် ထွက်ပေါ်လာသည့်ခရီးစဉ်လည်း ဖြစ်သည်။


အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်နက်သည် အဘူဒါဘီ အိမ်ရှေ့မင်းသား၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး အစ္စရေးနိုင်ငံနှင့်  ယူအေအီးနိုင်ငံတို့အကြား  နက်ရှိုင်းသည့် ဆက်ဆံရေးများထားရှိရန်အပါအဝင် စီးပွားရေး၊ ဒေသတွင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း      အလေးထားဆွေးနွေးခဲ့ ကြောင်း သိရသည်။


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်