ဗီယက်နမ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၆၃၈ ဦးရှိ

ဟနွိုင်း   ဒီဇင်ဘာ   ၁၂


ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၆၃၈ ဦး ထပ်မံ တွေ့ရှိကြောင်း၊   ယင်းလူဦးရေအနက် ၁၄၆၂၁ ဦးသည် ပြည်တွင်း၌ ကူးစက် ခံရသူများဖြစ်ကြောင်းနှင့် ၁၇ ဦးသည် ပြည်ပမှ   ပြန်လည်ရောက်ရှိလာသူများ အနက်မှ  ကူးစက်ခံရခြင်းဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။


ကိုဗစ်-၁၉ ရောဂါအစုလိုက် အပြုံလိုက် ကူးစက်ခံရမှုအများစုမှာ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမှဖြစ်ကြောင်းနှင့် ဟိုချီမင်း စီးတီး၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၁၆  ဦး၊  တေနင်ပြည်နယ်၌ ၉၂၀  နှင့် ဒေါင်သက်ပြည်နယ်၌ ၇၄၅ ဦးရှိကြောင်း သိရသည်။


လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၄၁၃၀၅၁ ဦး ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၇၈၃၉ ဦးရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၂၉၅ ဦး ရှိခြင်းကြောင့်     အဆိုပါရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၀၅၄၇၂၀ ရှိလာကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၌     နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အစီအစဉ်အောက်တွင်  ကာကွယ်ဆေး  အလုံးရေ ၁၃၂ ဒသမ ၃ သန်းနီးပါး အသုံး ပြုပြီးဖြစ်ကြောင်း သိရသည်။


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်