မိုးကုတ်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော PDF အကြမ်းဖက်အဖွဲ့များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်  ဒီဇင်ဘာ  ၁၂


နိုင်ငံတော်အစိုးရအနေဖြင့် CRPH ၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ် ဆောင်ရွက် လျက်ရှိရာ အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူများ၏သတင်းပေးချက်အရ   နိုဝင်ဘာ ၁၅ ရက်တွင် မိုးကုတ်မြို့ လယ်ဦးရပ်ရှိ မိညောင်(ခ)ညီညီအောင်၏ နေအိမ် တွင် မိုးကုတ် PDF အကြမ်းဖက်အဖွဲ့ဝင်များရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ တရားခံ အောင်ကိုဝင်း (၂၀)နှစ်အား KA-25 သေနတ် ခြောက်လက်၊ ကျည်အိမ် ခုနစ်ခု၊ ကျည်တောင့် ၂၅၀၊ ကြိုးဆွဲလက်ပစ်ဗုံး နှစ်လုံး၊ စစ်ချပ်ဝတ် ခြောက်စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ အောင်ကိုဝင်း၏ ထွက်ဆိုချက်အရ မိုးကုတ်မြို့ လယ်ဦးကျေးရွာ သံလွင်တောင်ရပ်ရှိ တောင်ယာတဲ၌ KA-25 သေနတ် နှစ်လက်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။


m ကျောဖုံးမှ
တရားခံအောင်ကိုဝင်း၏  ထွက်ဆိုချက်အရ နိုဝင်ဘာ ၂၁ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည်    မိုးကုတ်မြို့     အောင်မြေသုခရပ်၌ ဘိုဘိုအောင်(ခ)ဘိုတေ (၃၇)နှစ်ကို KA-25 သေနတ် သုံးလက်၊ ပလတ်စတစ် မိုင်း လေးလုံး၊ လက်လုပ်မိုင်း တစ်လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ ဘိုဘိုအောင်(ခ)ဘိုတေ၏ ထွက်ဆိုချက်အရ မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက် ပိတ်ဆွယ်နယ်မြေ(၃)အရှေ့ဘက်ရှိ တောင်ယာတဲမှ KA-25 သေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၎င်းကျည် ငါးတောင့်၊ M-79 ဗုံးပစ်လောင်ချာ နှစ်လက်၊ ၄၀ မမ ဗုံးသီး သုံးလုံး တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိ
တရားခံများ၏ထွက်ဆိုချက်အရ ဒီဇင်ဘာ ၃ ရက်တွင် မိုးကုတ်မြို့ ပြောင်းပြင်ကျေးရွာ ရတနာရှင်ကုမ္ပဏီအနီး၌ သန့်ဇော်(ခ)ပေါက်စ (၂၆)နှစ်၊  အောင်မြတ်သူ(ခ)မှဲ့ကြီး (၂၀)နှစ်တို့ နှစ်ဦးကို KA-25 သေနတ်  နှစ်လက်၊ ကျည်အိမ် နှစ်ခု၊ ကျည်တောင့် ၆၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ သန့်ဇော်(ခ)ပေါက်စ၏ ထွက်ဆိုချက်အရ ရေပူအုပ်စု ကျောက် လုပ်ကွက်ဟောင်းနေရာအား  သွားရောက်ရှင်းလင်းစဉ် အကြမ်းဖက် သမားများမှ စတင်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ဖမ်းဆီးခဲ့ရာ  ဇော်မျိုးထွန်း(ခ)အုပ်ကြီး(၄၀)နှစ်၊  ပေါလု(ခ)မုဆိုး(၂၉)နှစ်၊ ခွန်ထွန်း(၆၆)နှစ်တို့ သုံးဦးကို KA-25 သေနတ် သုံးလက်၊ ကျည်အိမ် သုံးခု၊ ကျည်တောင့် ၁၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဘိုစည် (၂၅)နှစ်နှင့် ချမ်းမြေ့ထွန်း(၃၅)နှစ်တို့ နှစ်ဦးကို အသေဖမ်းဆီးရမိခဲ့သည်။


တရားခံ ဇော်မျိုးထွန်း(ခ)အုပ်ကြီး၏ ထွက်ဆိုချက်အရ ကျောက် လုပ်ကွက်ဟောင်းအနီး တောင်ယာတဲ၌ KA-25 သေနတ် သုံးလက်၊ ကျည်အိမ် သုံးခု၊ ကျည်တောင့် ၁၄၀ ၊ M-79 ဗုံးပစ်လောင်ချာ တစ်လက်၊ ၄၀ မမဗုံးသီး ရှစ်လုံးနှင့် လက်ပစ်ဗုံး  နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး တရားခံ ဇော်မျိုးထွန်း(ခ)အုပ်ကြီး၏ ထွက်ဆိုချက်အရမိုးကုတ်မြို့ မင်းတံတားရပ် ဘော်မား-ကျောက်ဆင်သွားလမ်းဘေးရှိတောင်ယာတဲ၌ ထင်ကျော်(၄၆) နှစ်အား KA-25 သေနတ် တစ်လက်နှင့်အတူ ဖမ်းဆီးရမိ ခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ မင်းတံတားရပ်ကွက်  လွယ်ဆစ်တောင်ကုန်း အနီး၌ KA-25 သေနတ်အလက်  ၂၀၊ ကျည်အိမ် ရှစ်ခု၊ ကျည် ၇၃၅ တောင့်၊ စစ်ချပ်ဝတ် သုံးခုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။


ဖြစ်စဉ်တွင် တရားခံ အမျိုးသား ရှစ်ဦးကို လက်နက်ငယ်မျိုးစုံ ၄၂ လက်၊ ဗုံးသီးနှင့် မိုင်းမျိုးစုံ ၂၀၊ ကျည်မျိုးစုံ အတောင့် ၁၂၉၀၊ ကျည်အိမ် ၂၄ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


တရားခံများ၏  ထွက်ဆိုချက်အရ  ဘိုဘိုအောင်(ခ)ဘိုတေသည် ဧပြီလကုန်မှ  ဇွန်လပထမပတ်အထိ    NLD  လူငယ်အဖွဲ့ဝင်ဖြစ်သူ         ဖမ်းဆီးရန်ကျန်                                      


ထက်ဇော်နှင့် ငြိမ်းချမ်းတို့၏ ချိတ်ဆက်မှုဖြင့် မိုးမိတ်မြို့ ရွှေညောင် ကျေးရွာအနီး TNLA သောင်းကျန်းသူအဖွဲ့မှ ဖွင့်လှစ်သည့် အကြမ်းဖက် သင်တန်း အမှတ်စဉ်(၁/ခ)အား ဖမ်းဆီးရန်ကျန် စောဌေး၊ ဗလကြီး(ခ)စိုင်းစံ၊ စိုင်းစိုင်းတို့နှင့်အတူ တက်ရောက်ခဲ့ကြောင်း၊ တရားခံ ဇော်မျိုးထွန်း (ခ) အုပ်ကြီးသည် ဧပြီလဒုတိယပတ်တွင် ဖမ်းဆီးရန်ကျန် ရှောလီဝိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း စိုးမြင့်၏ချိတ်ဆက်မှုဖြင့်    KIA သောင်းကျန်းသူရင်း(၃၆)နယ်မြေတွင်    အကြမ်းဖက်သင်တန်း  တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


တရားခံများ၏ ထွက်ဆိုချက်အရ ပတ္တမြားမြေ PDF အကြမ်းဖက် အဖွဲ့အား ဖမ်းဆီးရန်ကျန် နိုင်ငံကျော်(ခ)အောင်နိုင် (NLDပါတီ မိုးကုတ် မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)၏ ထောက်ပံ့ပေး မှုဖြင့် ဖမ်းဆီးရန်ကျန် စိုးမြင့်ဦးဆောင်၍   ဘိုဘိုအောင်(ခ)ဘိုတေ၊ ဇော်မျိုးထွန်း(ခ)အုပ်ကြီးနှင့် ဖမ်းဆီးရန်ကျန် စောဌေး၊  ငြိမ်းချမ်း(ခ) ဘဂျမ်း၊ ထက်ရှိုင်း၊ မောင်ရှိုင်း၊ ဗလကြီး၊  မျောက်ညို၊ ကျွဲကြီးတို့ဖြင့် လည်းကောင်း၊ မိုးကုတ်(အနောက်ပိုင်း) PDF အကြမ်းဖက်အဖွဲ့အား ဖမ်းဆီးရန်ကျန် စိန်ထွန်းလင်း(NLD ပါတီ  မိုးကုတ်မြို့နယ်၊ တိုင်း-၂ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၏  ထောက်ပံ့ပေးမှုဖြင့်  ဖမ်းဆီး ရန်ကျန် ဖိုးနီ ဦးဆောင်၍ ပုချို၊ အေးမင်း၊ အယ်လ်ဖြူတို့ဖြင့် လည်းကောင်း၊ မုန်တိုင်း  PDF  အကြမ်းဖက်အဖွဲ့အား  ဖမ်းဆီးရန်ကျန်  မုန်တိုင်း(ခ)သန်းမြတ်စိုး ဦးဆောင်၍ လည်းကောင်း အသီးသီးဖွဲ့စည်းခဲ့ကြောင်းဖော်ထုတ်သိရှိရသည်။ 

       
တရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရမိ လက်နက်/ခဲယမ်း များအား အောက်တိုဘာလ ဒုတိယပတ်တွင် ဖမ်းဆီးရန်ကျန် စိုးမြင့်၏ ချိတ်ဆက်မှုဖြင့်  ပတ္တမြားမြေ PDF အကြမ်းဖက်အဖွဲ့မှ  တရားခံ ဇော်မျိုးထွန်း(ခ)အုပ်ကြီး ဦးဆောင်၍ KIA သောင်းကျန်းသူရင်း(၃၄)လှုပ်ရှားရာ မိုးမိတ်မြို့နယ် တုံးကြီးကျေးရွာမှ  မိုးကုတ်မြို့သို့ သယ်ဆောင် ခဲ့ရာ နိုဝင်ဘာလပထမပတ်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။


မိုးကုတ်မြို့နယ်အတွင်း PDF အကြမ်းဖက်အဖွဲ့များမှ ဖောက်ခွဲရေး လုပ်ငန်း ဆောင်ရွက်ခဲ့မှုများအနေဖြင့်-
-    မေ  ၁၆  ရက်တွင်  မိုးကုတ်မြို့နယ်  မြို့မရပ်ကွက်  ရပ်ကွက်      စီမံအုပ်ချုပ်ရေးမှူးရုံးအား      ဘိုဘိုအောင်(ခ)ဘိုတေနှင့် ဖမ်းဆီးရန်ကျန်  မီတာတို့က  လက်လုပ်မိုင်းဖြင့်  ဖောက်ခွဲခဲ့ ကြောင်း။


-    ဩဂုတ်   ၂၂ ရက်တွင် မိုးကုတ်မြို့   မြို့မအုပ်စု  ထင်းရှူးခြံ ရပ်ကွက်၌ လုံခြုံရေးဆောင်ရွက်နေသော မော်တော်ယာဉ်အား ဖမ်းဆီးရန်ကျန်     တက်တူး(ခ)သက်ဇော်ဟိန်းတို့အဖွဲ့က လက်လုပ်ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း။ 
-    စက်တင်ဘာ  ၃ ရက်တွင် မိုးကုတ်မြို့ မြို့မရပ်ကွက်   မြို့နယ် စည်ပင်ရုံးအား ဘိုဘိုအောင်(ခ)ဘိုတေ၊ ဇော်မျိုးထွန်း(ခ) အုပ်ကြီး နှင့် ဖမ်းဆီးရန်ကျန် ဘူချစ်(ခ)ထက်နေဝင်းတို့က လက်လုပ် မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း။            

 

-    စက်တင်ဘာလ ၁၃ ရက်တွင် မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက်   အရှေ့ရွာဘုန်းကြီး ကျောင်းအနီးရှိ  Mytel တာဝါတိုင်အား ဘိုဘိုအောင်(ခ)ဘိုတေနှင့် ဖမ်းဆီးရန်ကျန် ချိုငယ်၊  မီတာ၊  စိုင်းစိုင်း၊ ဗလကြီးတို့မှ လက်လုပ်မိုင်းဖြင့်    ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


မိုးကုတ်မြို့နယ်အတွင်း PDF အကြမ်းဖက် အဖွဲ့များမှ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက် သတ်ဖြတ်ခဲ့မှုများအနေဖြင့်-
-    မိုးကုတ်(အနောက်ပိုင်း) PDF အကြမ်းဖက် အဖွဲ့မှ ဇူလိုင်လ ၁၃ ရက်တွင်  မိုးကုတ်မြို့ မြို့မရပ်ကွက် ညောင်သုံးပင်ရပ်နေ အပြစ်မဲ့ ပြည်သူ တစ်ဦးအား လည်းကောင်း၊ နိုဝင်ဘာ လ ၁၂ ရက်တွင် မိုးကုတ်မြို့ ကျပ်ပြင်ကျေးရွာ ကျောက်ဖားရပ်နေ အပြစ်မဲ့ပြည်သူ တစ်ဦး အားလည်းကောင်း၊ နိုဝင်ဘာလ ၃၀ ရက် တွင်  မိုးကုတ်မြို့  ကျပ်ပြင်ကျေးရွာအုပ်စု ပန်းမ(အောက်)ရပ်နေ   အပြစ်မဲ့  ပြည်သူ       နှစ်ဦးအားလည်းကောင်း  လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း။ 
-    ပတ္တမြားမြေ  PDF အကြမ်းဖက်အဖွဲ့မှ ဇူလိုင်လ ၂၆ ရက်တွင် မိုးကုတ်မြို့ ချောင်းကြီး ကျေးရွာအုပ်စု အလယ်ကျေးရွာနေအပြစ်မဲ့ ပြည်သူတစ်ဦးအား     ဇော်မျိုးထွန်း(ခ)အုပ်ကြီး၊ ဖမ်းဆီးရန်ကျန် ဗလကြီး၊ မောင်ရှိုင်း၊ ထက်ရှိုင်း၊ ချိုငယ်၊ တက်တူး(ခ)သက်ဇော်ဟိန်း နှင့်  မျိုးလင်းကိုတို့ ခုနစ်ဦးမှ သတ်ဖြတ်၍ နေအိမ်ရှိ အဖိုးတန်ပစ္စည်းများအားယူဆောင် သွားခဲ့ကြောင်း။


-    စက်တင်ဘာလ  ၆ ရက်တွင် မိုးကုတ်မြို့    မြို့မရပ်ကွက် ဈေးသစ်ရပ်ရှိ ကွမ်းနှင့်  ကွမ်း ပစ္စည်းဆိုင်၌  အပြစ်မဲ့ပြည်သူ  နှစ်ဦးအား ဇော်မျိုးထွန်း(ခ)အုပ်ကြီးမှ လက်နက်ငယ် ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း။ 


-    စက်တင်ဘာလ ၁၆ ရက်တွင် မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက် ရွှေကူ(၁၉)ရပ်နေ အရန် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးအား ဇော်မျိုးထွန်း (ခ)အုပ်ကြီး၏ စေခိုင်းမှုဖြင့် ဖမ်းဆီးရန်ကျန် မီတာ၊ ချိုငယ်၊ မောင်ရှိုင်းတို့ သုံးဦးမှ လက်နက် ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း။


-    စက်တင်ဘာလ  ၂၂  ရက်တွင် မိုးကုတ်မြို့ မင်းတံတားရပ်ကွက်  မြို့နယ်လျှပ်စစ်ရုံး၌ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်း တစ်ဦးအား  ဘိုဘိုအောင်(ခ)ဘိုတေ၊ ဇော်မျိုး ထွန်း(ခ)အုပ်ကြီး၊  ဖမ်းဆီးရန်ကျန် မီတာ၊ ဗလကြီး၊   မောင်ရှိုင်းနှင့် မျိုးလင်းကိုတို့မှ လက်နက်ငယ်ဖြင့်   ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း။
-    နိုဝင်ဘာလ  ၁၄  ရက်တွင် မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက် ပိတ်စွယ်နယ်မြေ (၃)နေ အပြစ်မဲ့ပြည်သူ လေးဦးအား ဇော်မျိုးထွန်း (ခ)အုပ်ကြီး၏ စေခိုင်းမှုဖြင့်  အောင်ကိုဝင်း (ခ)မိုးသီး၊   ဖမ်းဆီးရန်ကျန်  ထက်ရှိုင်း၊ မောင်ရှိင်း၊ ကိုကိုး၊ ဗလကြီးတို့မှ လက်နက်ငယ် များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း။
-    ဒီဇင်ဘာလ ၃ ရက်တွင် မိုးကုတ်မြို့ ရှောလီ ဝိုင်းရပ်ကွက် ပိတ်စွယ်နယ်မြေ(၃)နေ အပြစ်မဲ့ ပြည်သူတစ်ဦးအား ဇော်မျိုးထွန်း(ခ)အုပ်ကြီး ၏  စေခိုင်းမှုဖြင့်  ဖမ်းဆီးရန်ကျန် ကျွဲကြီးနှင့် ဘိုစီတို့ နှစ်ဦးမှ လက်နက်ငယ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


မိုးကုတ်မြို့နယ်အတွင်း PDF  အကြမ်းဖက်အဖွဲ့ များမှ ဖောက်ခွဲရေးလုပ်ငန်းဆောင်ရွက်မှု ၄ ကြိမ်၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု ၉ ကြိမ် ကျူးလွန်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူ ၁၄ ဦးအားသတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက် ဖောက်ခွဲမှုနှင့် လုပ်ကြံသတ်ဖြတ်မှုများအား ဖမ်းဆီးရန် ကျန် နိုင်ငံကျော်(ခ)အောင်နိုင်  (NLD ပါတီမိုးကုတ် မြို့နယ်၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း) နှင့် စိန်ထွန်းလင်း(NLD ပါ

တီမိုးကုတ်မြို့နယ်၊ တိုင်း-၂ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)တို့မှ နောက်ကွယ် မှ ထောက်ပံ့၍ စေခိုင်းနေခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။    
အထက်ပါ ဖမ်းဆီးရမိသူများအား  ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက်  ၎င်းတို့ပုန်းခိုရာ နေရာများ၊  လှုပ်ရှားသွားလာနေထိုင်မှု  သတင်းများ ရရှိပါက  သက်ဆိုင်ရာသို့  လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့်  မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာ ရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ် ပါသည်။                                        

   သတင်းစဉ်