ဖွံ့ဖြိုးရေးတွင် ခေါင်းဆောင်မှုသည် အရေးကြီးပါသလား

Type
222


 

 

သက်လေး(ကျေးလက်ဦးစီး)

 

“သဘာဝအရင်းအမြစ်     ပေါကြွယ်ဝမှုမရှိရင် နည်းပညာရှိရမယ်”  ဆိုသကဲ့သို့  တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက်   အရင်းအမြစ်တွေ    ကြွယ်ဝ ပြည့်စုံမှုမရှိလျှင်  နည်းပညာပိုင်းဆိုင်ရာ   ဖွံ့ဖြိုး တိုးတက်ဖို့ ပိုမို လိုအပ်ပါသည်။ 
လူ့စွမ်းအားအရင်းအမြစ်
အရင်းအမြစ်လို့  ပြောကြသည့်အခါ   သဘာဝ အရင်းအမြစ်၊ လူသားအရင်းအမြစ် (လူ့စွမ်းအား အရင်းအမြစ်) နှစ်ခုကို ပြေးမြင်မိပါသည်။ ကျွန်မတို့ လူသားတွေ   လုပ်ယူလို့မရနိုင်သော  သဘာဝက ပေးစွမ်းထားသည့်   သဘာဝအရင်းအမြစ်တွေ ပေါကြွယ်ဝပါက ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အပံ့ တစ်ရပ်ဖြစ်စေပါသည်။ ပေါကြွယ်ဝသည့်   အရင်း အမြစ်တွေကို စည်းစနစ်ရှိစွာ  မှန်မှန်ကန်ကန်သုံးစွဲဖို့ နှင့် ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်  ကျွန်မတို့မှာ  တာဝန်ရှိပါသည်။  နောက်ထပ်   အရင်းအမြစ်တစ်ခု ဖြစ်သည့် လူသားအရင်းအမြစ်၊ တစ်နည်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ်တွေကို   စွမ်းဆောင်ရည် မြင့်မားရန်   ပြုစုပျိုးထောင်ပေးဖို့    လိုအပ်ပါသည်။ သဘာဝအရင်းအမြစ် ပေါကြွယ်ဝပြီး လူ့စွမ်းအား အရင်းအမြစ်တွေ စွမ်းဆောင်ရည်မြင့်မားနေမည်ဆို လျှင်  နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့  အလားအလာများစွာ ရှိနေမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်ဒေသများ၏ အခြေခံလိုအပ် ချက်ဖြစ်သော    ကျေးလက်ကုန်ထုတ်လမ်းများ၊ တံတားများ၊ ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများ၊  ကျေးလက် အိမ်ရာများ၊ လည်ပတ်ရန်ပုံငွေထူထောင်ပေးခြင်း လုပ်ငန်းများနှင့်   စီမံကိန်းများကို    စီမံချက်များ ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသကဲ့သို့  ဝန်ထမ်းများနှင့် ကျေးလက်နေပြည်သူ များ    စွမ်းဆောင်ရည်     မြင့်မားလာစေရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်   စဉ်ဆက်မပြတ်   ဖွံ့ဖြိုးလာ စေရန်အတွက်    စီမံကိန်းများ    အကောင်အထည် ဖော်ဆောင်ရွက်ခြင်းနှင့်အတူ     စွမ်းဆောင်ရည် မြင့်မားစေရေးသင်တန်းများကို  တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၄   ခုနှစ်တွင်   အတည်ပြုချမှတ်ခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး  မဟာဗျူဟာမူဘောင် (RDSF) နှင့်အညီ ရေးဆွဲခဲ့သည့် ဘက်စုံစွမ်းဆောင် ရည်မြှင့်တင်ရေးအစီအစဉ် (၂၀၁၄ - ၂၀၁၈)  (Com-prehensive Capacity Development Plan 2014 - 2018) ပါ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် လူ့စွမ်းအား အရင်းအမြစ်နှင့်    စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာ    ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်ရန်    မဟာဗျူဟာချမှတ် ထားရှိပြီး    အဆိုပါ   မဟာဗျူဟာတွင်   ဘက်စုံ သင်တန်းပို့ချရေးခန်းမဝန်ဆောင်မှုနှင့် စွမ်းဆောင် ရည်မြှင့်တင်ရေးလုပ်ငန်းများကို  ပုံမှန်ဆောင်ရွက် ပေးခြင်းလုပ်ငန်းစဉ်ကို ချမှတ်ထားရာ နိုင်ငံသားနှင့် ခေါင်းဆောင်မှု၊ သက်မွေးဝမ်းကျောင်းနည်းပညာ၊ စီးပွားရေး  ဖွံ့ဖြိုးရေး၊   ပြည်သူ့ဆောက်လုပ်ရေး၊ ပြည်သူပူးပေါင်းပါဝင်မှု    ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့်   သင်တန်းများ   ဆောင်ရွက်ရန် မူဝါဒနှင့်အညီ ကျေးလက်ဦးစီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
လူထုအခြေပြုသော စနစ်
ယခုအခါ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ၊ စီမံကိန်းများ ဆောင်ရွက်ရာတွင် လူထုအခြေ ပြုသော  စနစ်(People Centered Approach) နည်းလမ်းကို   အသုံးပြုလာသည်နှင့်   တစ်ပြိုင်နက်    လူ့စွမ်းအားအရင်းအမြစ်များ    စွမ်းဆောင်ရည် မြင့်မားလာစေရန် လိုအပ်လာပါသည်။ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်း ၏ အောင်မြင်မှုရရှိစေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာ များ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးလှပါသည်။ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊  မြို့နယ်တို့သည် စီမံခန့်ခွဲသည့်အဆင့်တွင် ပါဝင်ကြရပြီး မြေပြင်တွင် အဓိက ပါဝင်ပတ်သက်ရသူများသည် ကျေးရွာအုပ်စု နှင့် ကျေးရွာများရှိ ကျေးရွာသူ ကျေးရွာသားများ ဖြစ်ပါသည်။
မည်သည့်အဆင့်မှ  ပါဝင်စေကာမူ  စီမံကိန်း အောင်မြင်ရန်    ပါဝင်ဆောင်ရွက်ရသူများသည် လူသားများဖြစ်သည့်အတွက် ထိုပါဝင်ဆောင်ရွက် သူများ၏ အရည်အသွေး စွမ်းဆောင်ရည်ပြည့်ဝရန် အရေးကြီးလှပါသည်။
သင်တန်းများ ဖွင့်လှစ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ဌာန၏  ရည်မှန်းချက်နှင့်အညီ မိမိဌာနဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင် ပေးရုံသာမက    ကျေးလက်ဒေသနေ   ကျေးရွာသူ ကျေးရွာသားများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေး လျက်ရှိရာ   စီမံကိန်းများဆောင်ရွက်သည့်အခါ စီမံကိန်းတွင်   ပါဝင်၍  ဦးဆောင်ဦးရွက်ပြုရမည့် ဝန်ထမ်းများအား ရှေးဦးစွာ စွမ်းဆောင်ရည် ပြည့်ဝ စေရန်   စီမံကိန်းနှင့်သက်ဆိုင်သော   သင်တန်းများ၊ လုပ်ထုံးလုပ်နည်းများ၊   လိုက်နာရမည့်    စည်းမျဉ်း စည်းကမ်းများကို ဝန်ထမ်းများအား သင်ကြားပေး သည်။ ဝန်ထမ်းများမှတစ်ဆင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာရှိ ကျေးရွာသူ ကျေးရွာ သားများ၊ ကျေးရွာကော်မတီများအား သင်တန်းများ တက်ရောက်စေပြီး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရင်း   စွမ်းဆောင်ရည် ပြည့်ဝအောင် ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက် ဒေသနေပြည်သူများအတွက် သက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်း ဖြင့်လည်း  စွမ်းဆောင်ရည်မြှင့်တင်ပေးလျက်ရှိပါ သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်  ဆောင်ရွက်ရသည့်၊ အကောင်အထည် ဖော်ရသည့်လုပ်ငန်းများ၊       စီမံချက်များသည် ကျေးလက်ဒေသများတွင် ဆောင်ရွက်ရခြင်းကြောင့် ကျေးလက်ဒေသများ၌ ရနိုင်စွမ်းသော လူ့စွမ်းအား အရင်းအမြစ်ကိုယူ၍  ဆောင်ရွက်ရခြင်း   ဖြစ်ပါ သည်။ လုပ်ငန်းများ  ဆောင်ရွက်ရာတွင်  လူအများ ကို စီမံခန့်ခွဲခြင်းသည်  ခက်ခဲသည်မဟုတ်ပါလား။ ကျေးလက်ဒေသဖြစ်သည့်အတွက်   လူတန်းစား အမျိုးမျိုးအဖုံဖုံ   ရှိနေနိုင်ခြင်း၊    လူနေမှုအဆင့် အတန်းနှင့်   ပညာရေးအဆင့်အတန်း   ကွာဟချက် အမျိုးမျိုးရှိနေနိုင်ခြင်း အစရှိသည့်အခြေအနေများ အတွက်ပါ   ထည့်သွင်းစဉ်းစားရပါသည်။   အဆိုပါ အခြေအနေများတွင်   စီမံခန့်ခွဲရလွယ်ကူစေရန် ကျေးရွာဖွံ့ဖြိုးရေးကော်မတီများ   ဖွဲ့စည်း၍  မိမိ ကျေးရွာသူ   ကျေးရွာသားများအား  ကော်မတီမှ တစ်ဆင့်     စီမံခန့်ခွဲ၍     ပူးပေါင်းဆောင်ရွက် တတ်သော အလေ့အကျင့်ကို ဖော်ဆောင်ပေးရပါ သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ လုပ်ငန်းများ၊ စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်ထားရှိသော ကျေးရွာတိုင်းတွင် ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီများကို ဖွဲ့စည်းထားရှိပါသည်။ (ဥပမာ  ရေကော်မတီ၊ မီးကော်မတီ  စသည်ဖြင့်) ကော်မတီများ၊ ဆပ်ကော်မတီများ ဖွဲ့စည်းရာတွင် အဖွဲ့ ခေါင်းဆောင်၊ အဖွဲ့ဝင်၊ အတွင်းရေးမှူး၊ စာရင်း ကိုင် အစရှိသဖြင့် တာဝန်အသီးသီး ပေးအပ်ထားရှိ ပြီး တစ်ဦးချင်းစီ၏   လုပ်ဆောင်ရမည့်  လုပ်ငန်း တာဝန်များကိုလည်း   သတ်မှတ်ထားရှိပါသည်။ ထိုသို့   တာဝန်သတ်မှတ်ဆောင်ရွက်ထားခြင်းဖြင့် တစ်ဦးချင်းစီ၏   အရည်အချင်း  တိုးတက်လာကာ တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်ကို ပြုစုပျိုးထောင် ပေးလျက်ရှိပါသည်။
အဖွဲ့ခေါင်းဆောင်၏တာဝန်
ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ဦးဆောင်ဦးရွက် ပြုသူ အဖွဲ့ခေါင်းဆောင်၏ တာဝန်သည်  အဖွဲ့ဝင် များထက် များစွာအရေးကြီးသည်။  ခေါင်းဆောင် ကောင်းမှ  နောက်လိုက်ကောင်းမည်  ဆိုရိုးစကား အတိုင်း     ကျေးရွာ၏    ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင်      ခေါင်းဆောင်၏ ဦးဆောင်ဦးရွက်ပြုမှုသည် အရေးကြီးလှပါသည်။ ကျေးရွာများတွင်   ဖွံ့ဖြိုးရေးလုပ်ငန်း   ဦးဆောင် ဦးရွက်ပြုဆောင်ရွက်မည့်     ခေါင်းဆောင်အနေ ဖြင့် ကောင်းမွန်သည့် ခေါင်းဆောင်မှုနှင့်  ညံ့ဖျင်း သည့် ခေါင်းဆောင်မှုတို့၏  ကွာခြားပုံ၊  ကျေးရွာ အဆင့်တွင်  ကျင့်သုံးသင့်သည့်  ခေါင်းဆောင်မှုပုံစံ များ၊    ကျေးရွာဖွံ့ဖြိုးရေး     ဆောင်ရွက်ရာတွင်  ခေါင်းဆောင်၏အခန်းက     စွမ်းရည်များ၊ ခေါင်းဆောင်ကောင်းတစ်ဦး၏   ကောင်းမွန်သော ဆက်သွယ်ဆောင်ရွက်မှု   ပုံစံများ၊   ခေါင်းဆောင် ကောင်းတစ်ဦး   ပြုကျင့်ရမည့်   အမူအကျင့်များ၊ ကျေးရွာများတွင် ထားရှိရမည့် ကျေးရွာစိတ်ဓာတ် များအကြောင်းကို နှံ့နှံ့စပ်စပ်သိရှိထားရန် လိုအပ်ပါ သည်။
ခေါင်းဆောင်၏ အရည်အချင်းများ
ဦးဆောင်ဦးရွက်ပြုရသူ   အဖွဲ့ခေါင်းဆောင် သည်  ကျေးရွာအဆင့်တွင်လည်းကောင်း၊   ဌာန ဆိုင်ရာ   အဆင့်တွင်လည်းကောင်း   တာဝန်ယူ ဆောင်ရွက်ရာတွင် အဆင်မပြေမှုများ၊ အခက်အခဲ များကြားတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခြင်း တစ်နည်းအားဖြင့် ကြားဝင်စေ့စပ်ပေးရခြင်းသည် လည်း  ခေါင်းဆောင်ကောင်းတစ်ဦးတွင်  မရှိမဖြစ် သော လက္ခဏာရပ်တစ်ခုပင်ဖြစ်ပါသည်။
ဖွံ့ဖြိုးရေးလုပ်ငန်း   ဆောင်ရွက်ခြင်းသည် လွယ်ကူသောအလုပ်ဟု ထင်ရသော်လည်း အမှန် တကယ်   မြေပြင်တွင်  လုပ်ဆောင်ရသည့်အခါ လွယ်ကူလှခြင်း  မဟုတ်၍  ဖွံ့ဖြိုးရေးဆောင်ရွက် ရာတွင် စည်းလုံးညီညွတ်မှုရှိသော ကျေးရွာများ၌ ဆောင်ရွက်သည့်အခါ ပိုမိုအောင်မြင်သော်လည်း စည်းလုံးညီညွတ်မှု  အားနည်းသော ကျေးရွာများ တွင် ဆောင်ရွက်ရသည့်အခါ စီမံခန့်ခွဲရသူအတွက် ခက်ခဲလှပါသည်။ 
ကျေးရွာများတွင် ဖွံ့ဖြိုးရေးဆောင်ရွက်သည့် အခါ  ဦးစွာပထမ   ကော်မတီများ   ဖွဲ့စည်း၍ ကော်မတီမှတစ်ဆင့် ကျေးရွာလူထုနှင့် ဆက်ဆံ ပြောဆိုခြင်းက ပိုမိုထိရောက်လှပါသည်။ ကော်မတီ ဝင်များသည်  ကျေးရွာမှ   ရွေးချယ်ထားသော ကျေးရွာသူ  ကျေးရွာသားများအား ကိုယ်စားပြုသူ များ ဖြစ်ပါသည်။ 
ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ “အများရွေးချယ်ခံခေါင်းဆောင်”  များအနေဖြင့် ကျေးရွာသူ ကျေးရွာသားများ၏ စိတ်ဓာတ်ရေးရာ ပြုပြင်ပြောင်းလဲလာစေရန်၊ မျှော်လင့်ချက် အိပ်မက် များ တည်ဆောက်ပေးရန်၊ ဆင်းရဲမွဲတေမှုအကြောင်း ရင်းကို ရှာဖွေရန်၊ ရွာသူရွာသားများကို ဆွဲဆောင် စည်းရုံးရန်နှင့်   ပူးပေါင်းပါဝင်လာစေရေးအတွက် လှုံ့ဆော်စည်းရုံးရန် အစရှိသည့် လုပ်ဆောင်ချက်များ ကို  ဆောင်ရွက်ရာတွင် မည်သည့်နေရာကနေ ကူညီ ပံ့ပိုးပေးနိုင်မလဲဆိုသောအချက်သည် အမြဲတွေး တောနေရမည့် အချက်ဖြစ်ပါသည်။
ဦးဆောင်သူ၊ ခေါင်းဆောင်သူတစ်ဦးအနေဖြင့် ကျေးရွာလူထုအတွက်   ကူညီပံ့ပိုးကူညီရာတွင်  ကျေးရွာသူ   ကျေးရွာသားများ၏   အနာဂတ်ပုံရိပ် (ပန်းတိုင်)ကို ဖော်ထုတ်၍  အားလုံးကို  သိမြင်စေပြီး လူထု၏    အနာဂတ်ပုံရိပ်ကို   လူထုကိုယ်တိုင် အကောင်အထည်ဖော်ရမည့် ဗျူဟာများ၊ နည်းလမ်း များကို လူထုနှင့်  ဆွေးနွေးစေခြင်း၊  လူအများအား စံနမူနာကောင်းဖြစ်အောင်   လမ်းပြပေးနိုင်ခြင်း၊ ဦးဆောင်သူကောင်းတစ်ဦးအနေဖြင့်   ဗဟုသုတ ပြည့်စုံခြင်းဖြင့် ကျေးရွာလူထု၏ ဆောင်ရွက်ချက် များအပေါ်       ဆုံးဖြတ်ချက်ချရာတွင် မှန်ကန်သော ဆုံးဖြတ်ချက်  လမ်းမှန်ကို  လမ်းညွှန်ပြသပေးခြင်း၊ တာဝန်နှင့်   လုပ်ပိုင်ခွင့်များကို   မိမိတစ်ဦးတည်း ချုပ်ကိုင်မထား ဘဲ အဖွဲ့ဝင်များကိုလည်း ဦးဆောင် ဦးရွက်ပြုခွင့်ပေး ခြင်း၊    တာဝန်ခွဲဝေပေးခြင်းနှင့် ဦးဆောင်သူကောင်း များ ဖြစ်လာစေရန် လက်တွဲခေါ်၍ လေ့ကျင့်ပေး ခြင်း၊ လူထုအား ပန်းတိုင်ရှင်  စိတ်ဓာတ်ဖွံ့ဖြိုးအောင် ပြုလုပ်ပေးခြင်း၊ လူထုနှင့်အတူတကွ  ဆောင်ရွက် ခြင်းဖြင့်   တညီတညွတ်တည်း    ဆုံးဖြတ်ဖြေရှင်း သည့် အလေ့အထဖြစ်ထွန်းအောင်   လေ့ကျင့်ပေး ခြင်း၊   အဖွဲ့ဝင်များအတွင်း အချင်းချင်းအငြင်းပွားမှု၊ ပဋိပက္ခဖြစ်မှုများအတွက်  ကျွမ်းကျင်ပါးနပ်စွာ    ဖြေရှင်းနိုင်သူဖြစ်အောင် လေ့ကျင့်ပေးခြင်း၊    ပါဝင် ဆောင်ရွက်သူများကို     ချီးကျူးအားပေးသော အလေ့အထဖြစ်အောင်    ပြုစုပျိုးထောင်ပေးခြင်း၊  အခြေအနေနှင့်  လိုက်လျောညီထွေစွာဖြင့် ပတ်ဝန်း ကျင် အခြေအနေနှင့်အညီ ပြောင်းလဲကျင့်သုံးတတ် ရန် လေ့ကျင့်ပေးခြင်းဖြင့် အလေ့အထကောင်းများ ကို ကူညီပံ့ပိုးပေးနိုင်သောသူ ဖြစ်ပါသည်။
လူထုကို  ဦးဆောင်သည့်   လူထုအခြေပြုအဖွဲ့ ကိုယ်တိုင် မိမိအဖွဲ့အစည်း၏ အင်အားအရင်းအမြစ် များ ရှင်သန်ကြီးထွားအောင် ပြုလုပ်ရမည့် တာဝန် များစွာ  ရှိပါသည်။ အထူးသဖြင့်   အဖွဲ့အစည်းရဲ့ ခေါင်းဆောင်သူ၊ ဦးဆောင်သူသည် အဖွဲ့ဝင်များကို ဦးဆောင်နိုင်သည့် စွမ်းဆောင်ရည် ထက်မြက်ဖွံ့ဖြိုး ရန်   ကြိုးစားဖို့လိုအပ်ပါသည်။  အဖွဲ့တစ်ခုလုံး သည် လူထုကိုဦးဆောင်ခြင်းဖြစ်တဲ့အတွက် အဖွဲ့ ဝင် အားလုံးသည်လည်း  ဦးဆောင်မှု၊ ခေါင်းဆောင်မှု သဘောသဘာဝကို    နားလည်ထားရန်    လိုအပ်ပါ သည်။ နိုင်ငံတစ်ခုလုံးကစပြီး မိသားစုအဆင့်အထိ လူအဖွဲ့အစည်း   အသိုင်းအဝိုင်းက  ဦးဆောင်မှု၊ ခေါင်းဆောင်မှုကောင်းလျှင် တိုးတက်ကြီးပွားမှု ရလဒ်များ ရရှိနိုင်သည်ကို  လူတိုင်းလက်ခံနိုင် ပါလိမ့်မည်။   ခေါင်းဆောင်တစ်ယောက်တည်းပဲ အလုပ်တစ်ခုလုံးကို     လုပ်နေသည်ဆိုလျှင် သူသည် ခေါင်းဆောင်ဖြစ်နိုင်သလားဟု   မေးစရာဖြစ်လာ ပါလိမ့်မည်။        ကျန်အဖွဲ့ဝင်တွေ     အားလုံးက ခေါင်းဆောင်ကို ဝန်းရံပြီး ပံ့ပိုးကူညီဆောင်ရွက်မှသာ အဆင်ပြေကြမည် ဖြစ်ပါသည်။
ဦးဆောင်သူပဲဖြစ်ဖြစ်၊     အဖွဲ့ဝင်ပဲဖြစ်ဖြစ် လူတိုင်းဟာ မိမိတို့၏ ရပိုင်ခွင့်များ(Rights)ကို သိရှိ နားလည်ရန်  လိုအပ်ပြီး   မိမိတို့၏   တာဝန်များ (Responsibilities)ကိုလည်း ကျေပွန်စွာဆောင်ရွက် နိုင်ဖို့  လိုအပ်ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင်  ကျေးလက်နေပြည်သူများ၏  တာဝန် ယူမှု တာဝန်ခံမှု အားကောင်းလာမည်ဆိုပါက ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ရုံ သာမက ဖွံ့ဖြိုးမှုအရှိန်အဟုန်သည်လည်း မြန်ဆန် လာမည်ဖြစ်ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်   ဖွံ့ဖြိုးရေးလုပ်ငန်းများ   ဆောင်ရွက်ရာ တွင်  ပိုမိုအားကောင်းလာစေရန်နှင့်   တာဝန်ယူ တာဝန်ခံမှုရှိလာစေရန်  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဥပဒေတွင် ကျေးလက်ဒေသနေပြည်သူ များ၏ တာဝန်နှင့် ရပိုင်ခွင့်များကို အခန်းတစ်ခုအနေ ဖြင့် ပြဋ္ဌာန်းထားရှိပြီး ကျေးရွာသူ ကျေးရွာသားများ စည်းလုံးညီညွတ်လာစေရန်အတွက် ကျေးရွာများ တွင် ထားရှိရမည့်  “ကျေးရွာစိတ်ဓာတ်” ဆောင်ပုဒ် နဲ့အညီ ကျေးလက်နေပြည်သူများအနေဖြင့် မိမိ ဒေသ   ဖွံ့ဖြိုးရေးဆောင်ရွက်ပါက     စည်းလုံး ညီညွတ်၍ တာဝန်ယူတာဝန်ခံမှုရှိစွာဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို  ဆောင်ရွက်နိုင်မည်မှာ အသေအချာ ပင်ဖြစ်ပါသည်။       ။