မျိုးဗီဇပြောင်း အိုမီခရွန်ကြောင့် ရောဂါဖြစ်ပွားမှု များပြားမလာစေရေး ကြိုတင်ပြင်ဆင်ထားရှိမှုများ

Type

ဒေါက်တာသန်းနိုင်စိုး(ကျန်းမာရေးအသိပညာမြှင့်တင်ရေး)

====================================

 

အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရမှုကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်မှုမရှိစေရေး၊ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ဆက်လက်၍ သတိပြုကာကွယ်နိုင်ကြစေရေးနှင့် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများကြောင့် ရောဂါဖြစ်ပွားမှုတစ်ကျော့ပြန်လည်၍ များပြားမလာစေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိမှုများကို ပြည်သူများသိရှိ၍ ပူးပေါင်းပါဝင်ပံ့ပိုးဆောင်ရွက် နိုင်ရေးတို့အတွက် ရည်ရွယ်လျက် ယခုဆောင်းပါးကို တင်ပြလိုက်ရပါသည်။


ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်ခဲ့
ကျန်းမာရေးဝန်ကြီးဌာနသည်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟို ကော်မတီတို့၏   လမ်းညွှန်မှု၊  ကိုဗစ်-၁၉  ရောဂါ  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏  အနီးကပ်ကြီးကြပ်ကွပ်ကဲမှု တို့ဖြင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း စတင်ကျဆင်းလာချိန်ကာလ ကပင်   မိမိတို့နိုင်ငံအတွင်းသို့   မျိုးဗီဇပြောင်းရောဂါပိုးများ   ထပ်မံ ဝင်ရောက်လာခြင်းကြောင့် ရောဂါဖြစ်ပွားမှုများ ပြန်လည်မြင့်တက် မလာစေရေးနှင့် ရောဂါဖြစ်ပွားမှု နောက်ထပ်လှိုင်းတစ်လှိုင်းအဖြစ် ကြီးမားပြင်းထန်စွာ    ဖြစ်ပွားမလာစေရေး   ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ 


အဆိုပါ     ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ နိုင်ငံတကာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေ အနေများ၊    ကိုဗစ်-၁၉  မျိုးဗီဇပြောင်းရောဂါပိုးအသစ်  တွေ့ရှိရမှု အခြေအနေများကိုလည်း မျက်ခြည်မပြတ်စောင့်ကြပ်ကြည့်ရှုလျက် ရှိပါသည်။ ၂၆-၁၁-၂၀၂၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စိုးရိမ်ဖွယ်ကူးစက်မှုများ ဖြစ်ပွားနိုင်သည့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးအုပ်စု  (Variants of Concern)တွင်  (၅)ခုမြောက်အဖြစ် အသစ်ထပ်မံတွေ့ရှိရသည့် (B.1.1.529) မျိုးဗီဇပြောင်းရောဂါပိုးကို အိုမီခရွန် (Omicron)ဟု အမည်ပေး၍ ထပ်မံထည့်သွင်းခဲ့ရာ အဆိုပါ ရောဂါပိုးသည် အာဖရိကတိုက်တောင်ပိုင်း၊ တောင်အာဖရိကနိုင်ငံနှင့် ဘော့ဆွာနာနိုင်ငံတို့တွင် စတင်တွေ့ရှိခဲ့ရာမှ အခြားနိုင်ငံများသို့လည်း ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း    သတင်းထုတ်ပြန်ချက်အရ    ကမ္ဘာ တစ်ဝန်းလုံးတွင်    အိုမီခရွန်ကူးစက်မှုနှင့်ပတ်သက်၍   စိုးရိမ်မှုများ ပေါ်ပေါက်လာခဲ့ပါသည်။


ရောဂါပြင်းထန်စွာဖြစ်ပွားမှု မတွေ့ရသေးသော်လည်း 
ကူးစက်မှုနှုန်းမြင့်မားသည်ကိုတွေ့ရ                 
လတ်တလောတွေ့ရှိမှုများအရ အိုမီခရွန် မျိုးဗီဇပြောင်းမျိုးကွဲ သည် ကူးစက်မှုနှုန်းမြင့်မားစွာဖြင့် ကူးစက်နိုင်သည့်အနေအထားကို တွေ့မြင်နေရသော်လည်း ရောဂါပြင်းထန်စွာ ဖြစ်ပွားနိုင်မှုအခြေအနေ နည်းပါး၍ အိုမီခရွန်ရောဂါပိုးဝင်ရောက်ဖြစ်ပွားမှုကြောင့် သေဆုံးရမှု များကို  ဒီဇင်ဘာလ ၄ ရက်နေ့အထိ  တွေ့ရှိရခြင်းမရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တာဝန်ရှိသူထံမှ သိရှိရပါသည်။ မျိုးဗီဇ ပြောင်းရောဂါပိုးများ၏သဘာဝအရ ရောဂါပြင်းထန်စွာ ဖြစ်ပွားနိုင်မှု နှင့်ပတ်သက်၍  ရက်သတ္တပတ်အနည်းငယ်  ထပ်မံစောင့်ကြည့်ရဦးမည်ဖြစ်ပါသည်။   ရောဂါဖြစ်ပွားမှုပြင်းထန်ခြင်းမရှိဘဲ  လျင်မြန်စွာ ကူးစက်ဖြစ်ပွားခြင်းဖြင့်     ရောဂါပိုးကူးစက်ခံရသူများအနေဖြင့် ပြန်လည်ကောင်းမွန်လာသည့်အခါတွင် ရောဂါခုခံနိုင်သည့် ပဋိပစ္စည်း များ ခန္ဓာကိုယ်အတွင်း ထွက်ပေါ်လာစေသည့် ကိုယ်ခံအားရရှိခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ရာတွင် နိုင်ငံတကာမှ ပညာရှင်များ၏ သုံးသပ်ချက်အရ ရောဂါကူးစက်ဖြစ်ပွားသူများလာပါက ကာကွယ် ဆေးထိုးနှံခြင်း   အကြိမ်ပြည့်ခံယူရခြင်းမရှိသူများနှင့်  အကြောင်း အမျိုးမျိုးကြောင့် ကိုယ်ခံအားနည်းသူများအကြား ရောဂါပြင်းထန်စွာ ခံစားရသူအရေအတွက်လည်း များပြားလာနိုင်ရာမှ ဆက်လက်၍ ကျန်းမာရေးစနစ်အပေါ်  ဝန်ပိမှုများလည်း  ဖြစ်ပေါ်လာနိုင်သဖြင့် အိုမီခရွန်ရောဂါပိုး၏   ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်   သဘော သဘာဝကို သတိဖြင့်စောင့်ကြည့်၍ No-one is safe until everyone is safe ဖြစ်သည်နှင့်အညီ အားလုံးကိုယ်စီ ကာကွယ်မှုများအလေး ထား၍ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၊    ကုသရေးလုပ်ငန်းများစသည့်   ကျန်းမာရေးစနစ် တောင့်တင်းခိုင်မာစေရေးလုပ်ငန်းများကိုလည်း     အဘက်ဘက်မှ ကြိုတင်ပြင်ဆင် အားဖြည့်ဆောင်ရွက်နေရခြင်းဖြစ်ပါသည်။ 


ရောဂါဝင်ရောက်လာနိုင်သည့်လမ်းကြောင်းများတွင် လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်        

        
မိမိတို့နိုင်ငံအတွင်းသို့ ကိုဗစ်-၁၉ ရောဂါ ဝင်ရောက်ဖြစ်ပွားမှု ဖြစ်စဉ်များ၌   ပထမလှိုင်းကာလတွင်   လေကြောင်းမှတစ်ဆင့် ဝင်ရောက်ခဲ့ခြင်း၊    ဒုတိယလှိုင်းနှင့်   တတိယလှိုင်းကာလများတွင် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့် နယ်စပ်ဒေသများမှတစ်ဆင့် စတင်ဝင်ရောက်ခဲ့ရာမှ      အဆင့်ဆင့်ကူးစက်ဖြစ်ပွားခဲ့ရမှုများကို အားလုံးအသိပင်ဖြစ်ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် အိုမီခရွန်အပါအဝင် မျိုးဗီဇပြောင်း   ကိုဗစ်-၁၉   ရောဂါပိုးများကြောင့်   ရောဂါဖြစ်ပွားမှု တစ်ကျော့ပြန်     များပြားမလာစေရေးအတွက်     ရောဂါကာကွယ် ထိန်းချုပ်ရေးအစီအမံများအား             ပိုမိုအားဖြည့်ဆောင်ရွက်ခဲ့ရာ တောင်အာဖရိကနှင့်    ဘော့ဆွာနာနိုင်ငံတို့တွင်      နေထိုင်သူများနှင့် အဆိုပါနိုင်ငံများသို့   လွန်ခဲ့သော   ၁၄   ရက်အတွင်း   ခရီးသွားရာဇဝင် ရှိသူများအား ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခြင်း၊  အသွားအလာကန့်သတ် ခြင်းကို ၁၄ ရက် ထားရှိခြင်း၊ RT-PCR နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခြင်း  သုံးကြိမ်တို့ကို   နှီးနွှယ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍   ဆောင်ရွက် လျက်ရှိပါသည်။ ဆက်လက်၍လည်း အိုမီခရွန်ရောဂါပိုး ကူးစက်မှု များပြားလာသည့် နိုင်ငံ/ဒေသများမှ လာရောက်သူများနှင့်ပတ်သက်၍ လိုအပ်သည့်   ရောဂါ   ကာကွယ်၊   ထိန်းချုပ်ရေး   ဆောင်ရွက်မှုများကို လိုအပ်ပါက   နိုင်ငံအရေအတွက်  တိုးချဲ့ဆောင်ရွက်နိုင်ရေး   နှီးနွှယ် ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ 


ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်သည် မြန်မာနိုင်ငံ ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်ပါ တွေ့ရှိလာရပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နယ်စပ်ဒေသ  ဝင်/ထွက်ဂိတ် များမှ ဝင်ရောက်လာသူများမှတစ်ဆင့်  ရောဂါကူးစက်မှုကို  တားဆီး  နိုင်ရေးအတွက်     နိုင်ငံခြားမှ     ပြန်လည်ဝင်ရောက်လာသူများအား ဝင်ရောက်လာသည့်   နယ်စပ်ဂိတ်မြို့များတွင်ရှိသည့်  ကွာရန်တင်း စင်တာများတွင် ခုနစ်ရက်ထားရှိ၍  သုံးရက်မြောက်နေ့တွင်  တစ်ကြိမ် နှင့်  ခုနစ်ရက်မြောက်နေ့တွင် တစ်ကြိမ်   စုစုပေါင်း   RT-PCR နည်းဖြင့် နှစ်ကြိမ်စစ်ဆေး၍ ရောဂါပိုးမတွေ့ရှိမှသာ သက်ဆိုင်ရာနေရပ်ဒေသ များသို့  ကိုဗစ်-၁၉   ရောဂါ    ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ပြန်လည်စေလွှတ်၍ ကွာရန်တင်းဝင်ရောက်ခြင်းကို မိမိတို့နေထိုင်ရာ ဒေသတွင် သုံးရက် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။    ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/  ပြည်နယ်အစိုးရအဖွဲ့များ၊  ဒေသ ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကွာရန်တင်းစင်တာ များ   တိုးချဲ့စီစဉ်ခြင်းအပါအဝင်     ရောဂါပိုးဝင်ရောက်မလာစေရေး လုပ်ငန်းများကို အထူးအားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။


နယ်စပ်ဒေသများတွင် RT-PCR နည်းဖြင့် 
ဓာတ်ခွဲစစ်ဆေးခြင်း တိုးမြှင့်ဆောင်ရွက်        

         
နယ်စပ်ဒေသများမှ ပြန်လည်ဝင်ရောက်လာသူများအား RT-PCR နည်းဖြင့် စစ်ဆေးနိုင်ရန်အတွက် RT-PCR နှင့် Gene X’pert စက်များ တပ်ဆင်ထားခြင်းအနေဖြင့်   နယ်စပ်ဝင်/ထွက်ဂိတ်ရှိသည့်မြို့များ ဖြစ်သည့်   မြဝတီ၊   တာချီလိတ်၊  ကျိုင်းတုံ၊   မူဆယ်မြို့များတွင် လည်းကောင်း၊ မော်လမြိုင်၊ တောင်ကြီး၊ လားရှိုး၊ ကွမ်းလုံ၊ မြစ်ကြီးနား၊ စစ်တွေ၊ ပဲခူး၊   ဘားအံမြို့များတွင်လည်းကောင်း၊    ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မြောက်ဥက္ကလာပသင်ကြားရေးဆေးရုံကြီး၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊   မန္တလေးနှင့်    ခုတင်  (၁၀၀၀)   ဆေးရုံကြီး၊ နေပြည်တော်တို့တွင်လည်းကောင်း        စက်များတပ်ဆင်ထားရှိ၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။       တပ်မတော်ဆေးရုံများ အနေဖြင့်လည်း RT-PCR နည်းဖြင့် စစ်ဆေးပေးနိုင်သည့် ဆေးရုံကြီး များအနေဖြင့် ခုတင် (၁၀၀၀)တပ်မတော်ဆေးရုံကြီး(မင်္ဂလာဒုံ)၊   ခုတင် (၁၀၀၀) တပ်မတော်ဆေးရုံကြီး (နေပြည်တော်)၊ တပ်မတော် ဆေးသုတေသနတပ်၊  ၁/၇၀၀    ပြင်ဦးလွင်တပ်မတော်ဆေးရုံနှင့် ၁/၁၇ တပ်မတော်ဆေးရုံ (စစ်တွေ)  တို့မှလည်း ဆောင်ရွက်ပေး နေခြင်းဖြစ်ပါသည်။  ထို့အပြင်  ကျန်းမာရေးဝန်ကြီးဌာနက   ခွင့်ပြု ထားသော RT-PCR နည်းဖြင့် စစ်ဆေးပေးနိုင်သည့် ပုဂ္ဂလိကဓာတ်ခွဲ ခန်းအရေအတွက်  ၁၀ ခုအထိရှိပြီဖြစ်ပါသည်။ 


ပြည်တွင်း/ပြည်ပ လေကြောင်းခရီးစဉ်များမှတစ်ဆင့် 
ဝင်ရောက်မလာစေရေး တိုးမြှင့်ဆောင်ရွက်


ပြည်တွင်းနှင့်   ပြည်ပ   လေကြောင်းခရီးစဉ်များမှတစ်ဆင့် ဝင်ရောက်လာသူများထံမှ  မျိုးရိုးဗီဇပြောင်းရောဂါပိုး ဝင်ရောက်မှု မရှိစေရေးအတွက်   “အပြည်ပြည်ဆိုင်ရာ   ဝင်/ထွက်ဂိတ်များနှင့် နယ်စပ် ဝင်/ထွက်ဂိတ်များမှ ဝင်ရောက်လာမည့်ခရီးသွားများအတွက် အသွားအလာကန့်သတ်မှုနှင့်         ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မည့်အစီအစဉ်(၃-၁၁-၂၀၂၁)”အရ  အထူးကိစ္စရပ်များမှ လွဲ၍   ပြည်ပမှဝင်ရောက်လာမည့်သူများအတွက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးပါက ကွာရန်တင်းကာလ ခုနစ်ရက်၊ RT-PCR စစ်ဆေးမှု နှစ်ကြိမ်၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု မခံယူရသေး ပါက ကွာရန်တင်းကာလ  ၁ဝ ရက်၊ RT-PCR  စစ်ဆေးမှု  နှစ်ကြိမ် စသည့်လုပ်ငန်းများအား တိကျစွာဆောင်ရွက်လျက်ရှိပါသည်။ ထပ်မံ အားဖြည့်မည့်အစီအစဉ်များအဖြစ် နိုင်ငံခြားမှ ပြန်လည်ဝင်ရောက် လာသူ  မြန်မာနိုင်ငံသားများနှင့်   နိုင်ငံခြားသားခရီးသည်များအား ယခင်က RT-PCR နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခြင်း နှစ်ကြိမ်ဆောင်ရွက်ခဲ့ ရာမှ  ကာကွယ်ဆေးအကြိမ်ပြည့်မရရှိသူအားလုံးနှင့် မြန်မာနိုင်ငံသို့ မလာရောက်မီ လွန်ခဲ့သော    ၇၂  နာရီအတွင်း   ဓာတ်ခွဲစစ်ဆေးမှုမခံယူ ထားသည့် မြန်မာနိုင်ငံသားများအား  သုံးကြိမ်အဖြစ်သို့  တိုးမြှင့် စစ်ဆေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။        

  
ပြည်တွင်းလေကြောင်းခရီးသွားလာခြင်းလုပ်ငန်းများ ပြေးဆွဲရာ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းလမ်းညွှန် (Version-2.5) အရ ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးအကြိမ် ပြည့်     ထိုးနှံပြီးသူများအနေဖြင့်    ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်ရန်မလိုဘဲ လိုက်ပါစီးနင်းနိုင်သော်လည်း ကာကွယ်ဆေး အကြိမ်ပြည့်     မထိုးနှံသူများအနေဖြင့်    ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆေးရုံ/ဆေးခန်းများတွင် RDT စစ်ဆေးခြင်းအား လေယာဉ်မစီးနင်းမီ  ၄၈ နာရီအတွင်း အခမဲ့စစ်ဆေး၍ လိုက်ပါစီးနင်း နိုင်ပါသည်။   ထို့အပြင်  အိုမီခရွန်ရောဂါပိုး   ကူးစက်ဖြစ်ပွားနေသည့် အိမ်နီးချင်းနိုင်ငံများနှင့်    ထိစပ်နေသည့်ဒေသများမှ    ခရီးသည်များ လိုက်ပါမည့် အချို့ပြည်တွင်းခရီးစဉ်များအား ယာယီရပ်ဆိုင်းခြင်းနှင့် ရပ်ဆိုင်းခြင်းမပြုသည့်ခရီးစဉ်များတွင် ခရီးသည်အားလုံးအား RDT နည်းဖြင့် စစ်ဆေး၍ ပိုးတွေ့ရှိခြင်းမရှိမှသာ လေယာဉ်စီးနင်းခွင့်ပြုခြင်း ကို ဆောင်ရွက်လျက်ရှိပါသည်။ 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို 
ကျယ်ပြန့်စွာ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်


ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်  ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ   စတင်ဆောင်ရွက်လျက်ရှိရာ   ၁၁-၁၂-၂၀၂၁ ရက်နေ့အထိ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ ပြီးစီးသူစုစုပေါင်းမှာ ၁၉ သန်းခန့်ရှိပြီး ၎င်းအနက် အကြိမ်ပြည့်ထိုးနှံ ပြီးစီးသူစုစုပေါင်း  ၁၃ သန်းကျော်ရှိပါသည်။  ကာကွယ်ဆေးအကြိမ် ရေ စုစုပေါင်း  ၃၁ ဒသမ ၈ သန်းကျော် ထိုးနှံပြီးဖြစ်ပါသည်။ 


p စာမျက်နှာ ၁၀ မှ
အခြေခံပညာဦးစီးဌာန၏ အခြေခံပညာကျောင်းများ၊ ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ပညာသင်ကျောင်းများ တွင် ကျောင်းအပ်နှံပြီး တက်ရောက်သည့်  အသက်  ၁၂ နှစ်နှင့်အထက် ကျောင်းသား /ကျောင်းသူများအား   ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ  ၁၁-၁၂-၂၀၂၁ ရက်နေ့အထိ  ကျောင်းသား/ ကျောင်းသူ  ၁ ဒသမ ၄ သန်းခန့်သည်  ပထမအကြိမ်ထိုးနှံပြီးစီး၍  ၁ ဒသမ ၂ သန်းခန့်သည် အကြိမ်ပြည့်ထိုးနှံပြီးဖြစ်ပါသည်။
 သို့ဖြစ်ပါ၍ ရည်မှန်းလူဦးရေ၏  ၅၀  ရာခိုင်နှုန်းခန့်အား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် လွှမ်းခြုံပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း ကာကွယ်ဆေးထိုးနှံမှုများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်      အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏     အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့်  နှီးနွှယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဝေးလံ ခက်ခဲကျေးလက်ဒေသများအထိ အရှိန်အဟုန်မြှင့်တင်၍ ကျယ်ပြန့်စွာ ဆောင်ရွက်နေလျက်ရှိပါသည်။
ပါးစပ်နှင့်နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်း (Mask Campaign) များ  အရှိန်အဟုန်ပြန်လည်မြှင့်တင် 
ရိုးရှင်းလွယ်ကူသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်း များဖြစ်သည့်   တစ်ဦးနှင့်တစ်ဦး   ခပ်ခွာခွာနေခြင်း၊  ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ ချောင်းဆိုး/နှာချေလျှင် တစ်ရှူး (သို့မဟုတ်) တံတောင်ကွေးဖြင့်လုံခြုံစွာဖုံးအုပ်ခြင်း၊ လက်ကို စက္ကန့်  ၂၀ ကြာ စနစ်တကျဆေးကြောခြင်း၊   လူစုလူဝေးရှောင်ကြဉ်ခြင်း၊ လေဝင်လေထွက်ကောင်းစေရေး  ဆောင်ရွက်ခြင်း  စသည်တို့ကို မိဘပြည်သူများအနေဖြင့် မမေ့မလျော့ ဆောင်ရွက်ကြစေရေးနှင့် စည်ပင်သာယာဈေး၊ ကားဂိတ် စသည့် အများပြည်သူစုဝေးရောက်ရှိ နိုင်သောနေရာများတွင်  ပါးစပ်နှင့် နှာခေါင်းစည်း (Mask) အခမဲ့ ဖြန့်ဝေပေးခြင်းနှင့်     ကျန်းမာရေးအသိပညာ     မြှင့်တင်ပေးခြင်း  လုပ်ငန်း (Mask Campaign)များကို  နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/    ပြည်နယ်အားလုံးတွင်      အရှိန်အဟုန်ပြန်လည် မြှင့်တင်ဆောင်ရွက်ရန်အတွက်   ညွှန်ကြားထားရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။
ပြည်သူလူထုအခြေပြုကွာရန်တင်းစင်တာနှင့်
ကုသရေးစင်တာများ တိုးချဲ့ပြင်ဆင်လျက်ရှိ
လက်ရှိသုတေသနတွေ့ရှိချက်များအရ အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲ သည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ခြေမြင့်မားပြီး ရောဂါလက္ခဏာ များ အလွန်မပြင်းထန်ကြောင်း တွေ့ရှိရသဖြင့်  ဓာတ်ခွဲအတည်ပြု လူနာများ သီးခြားထားရှိရန် ပြည်သူလူထုအခြေပြုစင်တာ (Commu-nity Positive Centre)  ၄၁၈  ခုတွင် လူနာဦးရေ  ၂၈၀၁၉ ဦးအား သီးခြားထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့်  ပြည်သူ လူထုအခြေပြုကုသရေးစင်တာ ၉၃ ခုတွင် လူနာဦးရေ ၉၆၀၉ ဦး အထိ လက်ခံကုသနိုင်ရေးတို့အတွက်  ကြိုတင်ပြင်ဆင်ထားရှိပါသည်။ ၎င်းအပြင်   ပြည်ပမှ   ပြန်လည်ဝင်ရောက်လာသူများနှင့်    ဓာတ်ခွဲ အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်သူများထားရှိရန် ကွာရန်တင်း စင်တာများ ပြင်ဆင်ထားရှိခြင်းတို့အား တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် ကွာရန်တင်းစင်တာ ၇၀၆ ခု၊ ဝင်ဆံ့မှု ၃၃၂၅၀  အထိကို လည်း    လက်ခံနိုင်ရန်  ပြင်ဆင်ထားရှိပြီးဖြစ်ပါသည်။  ထို့အတူ တပ်မတော်အနေဖြင့်    ကွာရန်တင်းစင်တာ  ၉၆၆  ခု၊   ဝင်ဆံ့မှု  ၃၁၃၃၂  ဦးအထိကိုလည်း   လက်ခံနိုင်ရန် ပြင်ဆင်ထားရှိကြောင်း သိရှိရပါသည်။  သို့ဖြစ်ပါ၍   ပြည်သူလူထုအခြေပြုစင်တာများတွင် ဓာတ်ခွဲအတည်ပြုလူနာ  ၃၇၆၂၈  ဦးနှင့်  ကွာရန်တင်းစင်တာများ တွင်    ၆၄၅၈၂   ဦးအထိ    ထားရှိနိုင်ရန်   စီစဉ်ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။


ရောဂါကုသရေးစင်တာများနှင့် ပြည်သူ့ဆေးရုံများအား 
ကြိုတင်ပြင်ဆင်တိုးချဲ့ဆောင်ရွက်


 ကုသရေးကဏ္ဍတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများနှင့် ပြည်သူ့ဆေးရုံများအား ကြိုတင်ပြင်ဆင်မှုများအနေဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ 


လူနာများအနေဖြင့် ဆေးရုံတက်ရောက်ရာတွင် လွယ်ကူလျင်မြန် စွာ တက်ရောက်နိုင်ရေးနှင့် လူနာညွှန်းပို့ရာတွင် အဆင်ပြေချောမွေ့စွာ ဖြင့် လွှဲပြောင်းနိုင်ရေးအတွက် လူနာပို့ဆောင်မည့်လမ်းကြောင်းများ   ပြန်လည်ရေးဆွဲခြင်း၊     လူနာခုတင်စီမံခန့်ခွဲမှုကော်မတီ   (Bed Management Committee) များ ပြန်လည်ဖွဲ့စည်းခြင်း၊   သံသယလူနာ များကို ဓာတ်ခွဲစစ်ဆေး၍ ဆေးရုံမတက်ရောက်မီ ရောဂါရှာဖွေခြင်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်လုပ်ငန်းစီမံချက် များရေးဆွဲခြင်း၊  လိုအပ်သောဓာတ်ခွဲပစ္စည်းများ  Test Kit များနှင့် ဆက်စပ်ပစ္စည်းများ ဖြည့်ဆည်းခြင်း၊ ဓာတ်ခွဲစစ်ဆေးမည့် အစီအစဉ် များနှင့်ပတ်သက်၍ ကြိုတင်သတ်မှတ်ပြီး ပြည်သူလူထုကို အသိပေး ခြင်းတို့ကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိ ပြီးဖြစ်ပါသည်။ မျိုးဗီဇပြောင်းလဲမှုနှင့်ပတ်သက်၍ စနစ်တကျကုသမှု များပေးနိုင်ရေး အထူးကုဆရာဝန်ကြီးများ၊ ပါမောက္ခများပါဝင်သည့် COVID-19 Clinical Management Committee များကိုလည်း နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် စနစ်တကျပြန်လည်ဖွဲ့စည်းပြီးဖြစ်ပါသည်။ 


မြို့နယ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါလူနာများ လျော့နည်းလာ သည်နှင့်အညီ ယာယီရပ်ဆိုင်းထားခဲ့သော ကိုဗစ်-၁၉ ရောဂါကုသရေး ဌာနများကို အလွယ်တကူပြန်လည်ဖွင့်လှစ်နိုင်ရေး အသင့်ပြင်ဆင် ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ မြို့နယ်အသီးသီး ရှိ ပြည်သူ့ဆေးရုံများတွင် လိုအပ်သောကုသမှုများ အချိန်မီစနစ်တကျ ဆောင်ရွက်ရေး၊  လာရောက်ပြသသော  လူနာများတွင် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများကို သတိပြုစစ်ဆေးရေး၊ ကိုဗစ်-၁၉ ရောဂါလူနာများအတွက် သီးခြားနေရာများ စီစဉ်ဆောင်ရွက်ထားရေး၊ လိုအပ်ပါက ခုတင်များ ထပ်မံတိုးချဲ့နိုင်မည့်အစီအစဉ်များ ကြိုတင် စီစဉ်သတ်မှတ်ထားရေး၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရောဂါပိုး      ဝင်ရောက်မကူးစက်ရန်အတွက်           လိုက်နာဆောင်ရွက်ရမည့် တစ်ကိုယ်ရေကာကွယ်ခြင်းနည်းလမ်းများကို စနစ်တကျလိုက်နာရေး၊ သတ်မှတ်ချက်များနှင့်အညီ  တစ်ကိုယ်ရေသုံးအကာအကွယ်များ ဝတ်ဆင်ရေး၊     ကျန်းမာရေးဝန်ထမ်းများအတွက်   လိုအပ်သော သင်ကြားမှုများ  စဉ်ဆက်မပြတ်ပြုလုပ်ပေးရေးတို့ကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။


ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအတွက် အထူးကြပ်မတ်ကုသ ဆောင် (ICU) များ   သီးခြားဖွင့်လှစ်နိုင်ရေးအတွက်  ဆေးရုံအဆင့် အလိုက် အထူးကြပ်မတ်ကုသဆောင် (ICU) များနှင့် အောက်ဆီဂျင် စီးဆင်းမှုမြင့်မားစွာဖြင့်    ကုသပေးနိုင်မည့်   ကြပ်မတ်ကုသဆောင် (HDU) များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများတွင် ကိုဗစ်-၁၉  လူနာများအတွက်   အထူးကြပ်မတ်ကုသနိုင်သည့်  ခုတင်    ၆၁၆ ခုတင် ပြင်ဆင်ထားရှိပြီး ၃၈၄  ခုတင် ထပ်မံတိုးချဲ့နိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။  သို့ဖြစ်ပါ၍   အထူးကြပ်မတ်ကုသနိုင်သည့်ခုတင် အရေအတွက် ၁၀၀၀ အထိ   ရရှိနိုင်မည်ဖြစ်ပါသည်။   ထို့အတူ  ပြည်သူ့ဆေးရုံကြီးများအဆင့်မှ တိုက်နယ်ဆေးရုံအဆင့်အထိ ဆေးရုံ များတွင် အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ထားရှိသည့် လူနာ ခုတင်များ   တိုးတက်ရရှိရေး  ဆောင်ရွက်လျက်ရှိရာ ၄၄၄၅ ခုတင် ပြင်ဆင်ပြီးဖြစ်ကာ ထပ်မံတိုးချဲ့နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ 
၁၀-၁၂-၂၀၂၁ ရက်နေ့အထိ ပြင်ဆင်ထားရှိမှုအရ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၌  ကိုဗစ်-၁၉  ရောဂါလူနာ ထားရှိနိုင်မည့် Isolation Bed ၂၆၃၈၅ ခုတင်အထိ  ထားရှိနိုင်မည် ဖြစ်ပါသည်။  မြို့နယ်အလိုက်   ကိုဗစ်-၁၉   ရောဂါကုသရေးဌာနများ ဖွင့်လှစ်နိုင်ရေး    ညှိနှိုင်းထားရှိမှုအရ  လိုအပ်ပါက  ရောဂါလက္ခဏာ မပြသသူများနှင့် ရောဂါပြင်းထန်စွာ ခံစားရခြင်းမရှိသူများ (Asymto-matic and mild case) အတွက် ကုသရေးဌာန ၄၄၃ ခုနှင့် ၂၅၄၁၀ ခုတင် စုစုပေါင်း ၅၁၇၉၅ ခုတင် ပြင်ဆင်ထားနိုင်မည်ဖြစ်ပါသည်။ ထို့အပြင်  တပ်မတော်ကုသရေးစင်တာများအရေအတွက်   ၆၉ ခု ပြင်ဆင်ထားရှိပြီး လူနာဦးရေ ၃၈၆၇ ဦးထားရှိနိုင်၍ ၎င်းတို့အနက် အထူးကြပ်မတ်ကုသဆောင်    ခုတင်    ၂၄၅ ခု၊     အောက်ဆီဂျင် ကုထုံးဖြင့် ကုသနိုင်မည့်  ခုတင်  ၄၉၂  ခု ပါဝင်ကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ လူနာများအတွက် ခုတင်အရေအတွက် ၅၅၆၆၂ အထိ ရရှိနိုင်မည်ဖြစ်၍ တတိယလှိုင်း ကာလအတွင်းထက်  ပိုမို၍  လူနာဦးရေ    လက်ခံကုသပေးနိုင်မည် ဖြစ်ပါသည်။ 


ဆေးဝါးနှင့်ဆေးပစ္စည်းများကို ဝယ်ယူဖြည့်တင်းသိုလှောင်လျက်ရှိ


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်   ဆေးဝါးနှင့်ဆေးပစ္စည်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်အတိုင်း ဝယ်ယူဖြည့်တင်းသိုလှောင် လျက်ရှိရာ ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် ပါးစပ်နှင့်နှာခေါင်းစည်း (Surgical Mask)များ၊ တစ်ကိုယ်ရေသုံးအကာအကွယ်ဝတ်စုံများ၊ ခွဲစိတ်ခန်းသုံး လက်အိတ်များ၊  မျက်နှာအကာ (Face Shield)များ၊ ဓာတ်ခွဲနမူနာများ ပို့ဆောင်နိုင်ရေးအတွက်  လိုအပ်သည့်  Viral Transport Medium များ၊ ဓာတ်ခွဲစစ်ဆေးရန် Test Kit များ အပါအဝင် ဆေးဝါးနှင့်ဆေး ပစ္စည်းအမျိုး ၃၀၊   ကုသရေးကဏ္ဍလုပ်ငန်းများတွင် အသုံးပြုရန် အတွက်  ဗိုင်းရပ်စ်ဆန့်ကျင်ဆေးဝါးများ၊  စတီးရွိုက်ဆေးဝါးများ၊ သွေးကျဲဆေးများ၊    ပဋိဇီဝဆေးဝါးများ    စသည့်သောက်ဆေးမျိုးစုံ  ၂၄  မျိုး၊ ထိုးဆေးမျိုးစုံ  ၂၁ မျိုးတို့ကို အများအပြားဝယ်ယူသိုလှောင် ထားရှိပါသည်။  ထို့အပြင်    နောက်ဆုံးပေါ်ကိုဗစ်-၁၉     ဗိုင်းရပ်စ်  ဆန့်ကျင်ဆေးဝါးများကိုလည်း         ဝယ်ယူနိုင်ရေးစီစဉ်ထားရှိပြီး ဖြစ်ပါသည်။


ရောဂါရှာဖွေကုသရေးတွင်    အသုံးပြုနိုင်မည့်   အသက်ရှူစက် (Ventilator) များကို ပြည်သူ့ဆေးရုံများသို့ ဖြန့်ဝေထားပြီး အသုံးပြု နည်းသင်တန်းများပါ ဆောင်ရွက်ပြီးဖြစ်ပါသည်။ ဝယ်ယူထားသော ရွှေ့ပြောင်းဓာတ်မှန်စက် (Mobile X-ray) များ၊ စားပွဲတင်အောက်ဆီ ဂျင်တိုင်းတာစက် (Desktop type Pulse Oximeter) များ၊ ECG စက်များကိုလည်း  ဆေးရုံများသို့   ဖြန့်ဝေရေးစီစဉ်လျက်ရှိပါသည်။ ဆက်လက်၍ Central Monitoring System များ၊ Patient Monitor များ၊ Transport Ventilator များ၊  Defibrilator များကို ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ပါသည်။ 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြည်သူ့ ဆေးရုံများနှင့်    အများပြည်သူအသုံးပြုရန်အတွက်   ဆေးဝါးနှင့် ဆေးပစ္စည်းများ လုံလောက်စွာရရှိရေးလုပ်ငန်းများကို မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း     လုပ်ငန်းရှင်များအသင်းနှင့်     ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး  ကျန်းမာရေးဝန်ကြီးဌာန၊  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့်လည်း  ဆေးဝါးနှင့်ဆေးပစ္စည်း များ အချိန်နှင့်တစ်ပြေးညီ   တင်သွင်းနိုင်ရေးအတွက်   ဝန်ဆောင်မှုများ တိုးမြှင့်ပေးအပ်ခြင်းနှင့် လိုအပ်သည့် ဖြေလျှော့မှုများကို ဆောင်ရွက် ပေးလျက်ရှိပါသည်။


c စာမျက်နှာ ၁၁ မှ
အောက်ဆီဂျင်လုံလောက်စွာရရှိနိုင်ရေး ဆောင်ရွက်ထားရှိ
ကုသရေးကဏ္ဍတွင်     အောက်ဆီဂျင်လုံလောက်စွာရရှိနိုင်ရေး ဆောင်ရွက်ထားရှိမှုအနေဖြင့်      နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ     ပြည်သူ့ဆေးရုံများအတွက် အစိုးရကဏ္ဍအနေဖြင့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံ (Oxygen Plant) ၁၅၉ ခု၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ၂၁၂ ခု ပေါင်း ၃၇၁ ခု ကိုလည်းကောင်း၊ အောက်ဆီဂျင်အရည်ထုတ်လုပ်သည့် စက်ရုံနှင့် လှောင်ကန် (Liquid oxygen tank) များကို အစိုးရကဏ္ဍအနေဖြင့် ၂၂ ခု၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ကိုးခု ပေါင်း ၃၁ ခု တပ်ဆင်ထားရှိပြီး အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံ (Oxygen Plant) ၈၆ လုံးကို ထပ်မံတိုးချဲ့တပ်ဆင်လျက်ရှိပါသည်။   အောက်ဆီဂျင်ထုတ်လုပ်မှု အနေဖြင့် လက်ရှိအနေအထား၌ အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံ(Oxygen Plant)များမှ တစ်နေ့တာထုတ်လုပ်နိုင်မှု လီတာ ၄၀ ဝင် ဆလင်ဒါဖြင့် ၃၁၆၀၂ လုံးစာ ထုတ်လုပ်နိုင်ပြီး  အောက်ဆီဂျင်အရည်  ထုတ်လုပ်သည့်စက်ရုံနှင့် လှောင်ကန် (Liquid oxygen tank)များမှ ထုတ်လုပ်မှုလီတာ ၄၀ ဝင်  ဆလင်ဒါဖြင့်  ၉၇၅၀ လုံးစာ  ထုတ်လုပ် နိုင်ကာ   ထပ်မံတိုးချဲ့မည့်   အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံ (Oxygen Plant) များ တပ်ဆင်ပြီးပါက လီတာ  ၄၀ ဝင် ဆလင်ဒါဖြင့် ၁၄၁၄၈ လုံး ထပ်မံထုတ်လုပ်နိုင်မည်ဖြစ်ပါသဖြင့်   လာမည့်နှစ်လ အတွင်း စုစုပေါင်းအောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံ   (Oxygen Plant) ၄၈၈ လုံး တပ်ဆင်ပြီးစီးကာ ထုတ်လုပ်မှုအနေဖြင့် လီတာ ၄၀ ဝင် ဆလင်ဒါဖြင့်  ၅၅၅၀၀  နေ့စဉ်ထုတ်လုပ်နိုင်သည်အထိ   ပြင်ဆင်ထားရှိပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍   တတိယလှိုင်းကာလတွင်    အမြင့်ဆုံးအောက်ဆီဂျင်လိုအပ်ချက်အဖြစ်   နေပြည်တော်ကောင်စီ နယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ တင်ပြတောင်းခံလာသည့် တစ်နေ့တာအောက်ဆီဂျင်လိုအပ်ချက် လီတာ ၄၀ ဝင် ဆလင်ဒါ ၂၄၀၀၀၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များကိုအခြေခံ၍ တွက်ချက်မှုအရ  အမြင့်ဆုံး  တစ်နေ့တာအောက်ဆီဂျင်လိုအပ်ချက်   လီတာ ၄၀ ဝင် ဆလင်ဒါ ၃၂၀၀၀ တို့နှင့်  နှိုင်းယှဉ်ပါက အရေအတွက်  သိသာစွာ     နေ့စဉ်တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းဖြစ်ပါသည်။ ထို့အပြင်   ပြည်သူ့ဆေးရုံများ၌  အလွယ်တကူရွှေ့ပြောင်းနိုင်သည့် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်   (Oxygen   Concentrator) စုစုပေါင်း  ၆၃၉၉  ခုနှင့် အောက်ဆီဂျင် ဆလင်ဒါ စုစုပေါင်း ၂၃၈၂၇ ခု လက်ရှိစုဆောင်း ထားရှိ အသုံးပြုလျက်ရှိပြီး  နိုင်ငံတော်ဘဏ္ဍာငွေဖြင့်  ဝယ်ယူဖြည့်ဆည်း ခြင်း၊   အလှူရှင်လှူဒါန်းမှုဖြင့်   ဖြည့်ဆည်းခြင်းတို့ကို    ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင် ကုထုံးဖြင့် ကုသမှုပေးနိုင်မည့် (Oxygen Point) ၄၄၄၅ ခု တပ်ဆင် ထားရှိ အသုံးပြုလျက်ရှိပြီး ထပ်မံတိုးချဲ့တပ်ဆင်ခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။  
မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိ


ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် တပ်မတော် ဆေးသုတေသနတပ်တို့သည်  “ကိုဗစ်-၁၉ ရောဂါ  မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်အဖြစ် မျိုးရိုးဗီဇအစီအစဉ်   လေ့လာခြင်းလုပ်ငန်း” အား အချိန်နှင့်တစ်ပြေးညီ ဦးစားပေးလုပ်ငန်း တစ်ရပ်အဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ထိုလုပ်ငန်းစဉ် အရ မျိုးရိုးဗီဇအစီအစဉ်လေ့လာခြင်းလုပ်ငန်း (Genome Sequencing) ကို  နိုင်ငံတကာမှ   ဝင်ရောက်လာသူများအနက်    ကိုဗစ်-၁၉ ရောဂါ  ပိုးတွေ့ရှိသူများနှင့် အခြားဦးစားပေးအုပ်စုများရှိ ရောဂါပိုးတွေ့ရှိသူများ တွင် ဓာတ်ခွဲစစ်ဆေးလျက်ရှိပါသည်။  ၆-၁၂-၂၀၂၁ ရက်နေ့တွင်   တောင်ကြီး၊ မန္တလေး၊ မော်လမြိုင်၊ ကျိုင်းတုံ၊ နေပြည်တော်၊  ရန်ကုန် မြို့တို့မှ  ဓာတ်ခွဲနမူနာ  ၁၆ ခုကို တပ်မတော်ဆေးသုတေသနတပ်တွင်  စစ်ဆေးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ဒယ်လ်တာ (Delta) ပိုးတွေ့ရှိသူ  ၁၆  ဦးကိုသာ တွေ့ရှိရပြီး အိုမီခရွန် (Omicron) ပိုးကို   မတွေ့ရှိရကြောင်း   သိရှိရပါသည်။ ထို့အပြင် ဓာတ်ခွဲနမူနာများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထိုင်းနိုင်ငံရှိ   ရည်ညွှန်းဓာတ်ခွဲခန်းသို့လည်း   ပေးပို့ထားရှိပြီး   စစ်ဆေးလျက်ရှိကြောင်းကို  ကျန်းမာရေးဝန်ကြီးဌာနမှ  သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။ 


ရောဂါဝင်ရောက်ကူးစက်ဖြစ်ပွားမှုများ ကာလအတန်ကြာ 
နောက်ကျ၍ဖြစ်ပွားခြင်း၏အားသာချက်


ကိုဗစ်-၁၉ ရောဂါ၏    သဘောသဘာဝအရ   လူအချင်းချင်း ထိတွေ့ရာမှ အဆင့်ဆင့်ကူးစက်ခြင်းကြောင့် မိမိတို့နိုင်ငံအတွင်းသို့ ရောဂါပိုးဝင်ရောက်ကူးစက်မှုများကို အပြည့်အဝတားဆီးရန် အလွန် ခက်ခဲပါသည်။  သို့ရာတွင်  ကမ္ဘာ့နိုင်ငံများ၊  အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံသည် ရောဂါဝင်ရောက် ကူးစက်ဖြစ်ပွားမှုများ ကို ကာလအတန်ကြာ နောက်ကျ၍  ဖြစ်ပွားခြင်းရှိသည်ကို တွေ့ရှိ ရခြင်း ဖြစ်ပါသည်။ ထိုသို့ တွေ့ရှိရမှုနောက်ကျခြင်း၏ အားသာချက် တစ်ခုမှာ ယခုကဲ့သို့ မျိုးဗီဇပြောင်းရောဂါပိုးများ ပေါ်ပေါက်လာချိန်တွင် မိမိတို့အနေဖြင့်    ကာကွယ်ဆေးလွှမ်းခြုံမှု    မြင့်မားစွာရရှိစေခြင်း အပါအဝင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များ၊   ကုသရေးစင်တာများပြင်ဆင်သည့်လုပ်ငန်းများစွာကို   ပိုမို၍ ဆောင်ရွက်နိုင်ခြင်းနှင့် အဆိုပါဗီဇပြောင်းရောဂါပိုး၏ သဘောသဘာဝ ကို ပိုမိုသိရှိနားလည်နိုင်ခြင်းဖြစ်ပါသည်။ 


ရောဂါဖြစ်ပွား/သေဆုံးမှုများ ကျဆင်းလာသော်လည်း
အားသွန်ခွန်စိုက်ဆက်လက်ဆောင်ရွက်


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တတိယလှိုင်းကာလအတွင်း ဓာတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ယခုရက်သတ္တပတ် အတွင်း တစ်နေ့လျှင် ပျမ်းမျှဓာတ်ခွဲနမူနာ ၁၇၂၄၄ နီးပါး စစ်ဆေး နိုင်ခဲ့ပြီး တစ်နေ့ပျမ်းမျှလူနာ ၃၂၅ ဦးရှိခဲ့သဖြင့် ပိုးတွေ့နှုန်းမှာ ၁ ဒသမ ၈၉ ရာခိုင်နှုန်းသာရှိပါသည်။  တတိယကူးစက်မှုလှိုင်းအတွင်း   နေ့စဉ် ဓာတ်ခွဲအတည်ပြုလူနာများ   အများဆုံးတွေ့ရှိခဲ့ပြီး    ကူးစက်မှု အပြင်းထန်ဆုံးဖြစ်ခဲ့သည့် ဇူလိုင်လ ဒုတိယရက်သတ္တပတ် ၁၄-၇-၂၀၂၁ မှ  ၂၀-၇-၂၀၂၁ နှင့် နှိုင်းယှဉ်ပါက တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ပထမပတ်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၂၀၂၉ ဦး စစ်ဆေးနိုင်ခဲ့ရာ  ဓာတ်ခွဲစစ်ဆေးမှုအား ၂၁ ရာခိုင်နှုန်း အထိ တိုးမြှင့်ဆောင်ရွက်နိုင်ပြီး လူနာသစ်တွေ့ရှိမှုမှာ  ၉၃ ရာခိုင်နှုန်း အထိ ကျဆင်းလာခဲ့ပြီဖြစ်ပါသည်။ တစ်နိုင်ငံလုံးအနေဖြင့် နေ့စဉ် ပိုးတွေ့နှုန်းများမှာ သုံးရာခိုင်နှုန်းအောက်သို့ ကျဆင်းလျက်ရှိသည် မှာ တစ်လခန့်ရှိပြီဖြစ်ပြီး  ပိုးတွေ့နှုန်းအနိမ့်ဆုံးအနေဖြင့်  ၆-၁၂-၂၀၂၁ ရက်နေ့တွင်  ၁ ဒသမ ၃၇ ရာခိုင်နှုန်း  တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ ရောဂါဖြစ်ပွားမှုနှုန်းနှင့် ရောဂါကြောင့် သေဆုံးမှုများကျဆင်းလာသော် လည်း   ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများနှင့်    ကာကွယ်၊    ထိန်းချုပ်ရေးလုပ်ငန်းများကို     အရှိန်အဟုန်မပျက်  ဆက်လက်၍    အားသွန်ခွန်စိုက်   ဆောင်ရွက်နေချိန်ဖြစ်ပါသည်။ နိုင်ငံတော်၏ပံ့ပိုးမှု၊     မိဘပြည်သူများ၏ ပူးပေါင်းပါဝင်မှုများကြောင့်   ယခုကဲ့သို့  ရောဂါ ဖြစ်ပွားမှုများ ကျဆင်းလာခြင်းဖြစ်ပြီး ဆက်လက်၍ အားလုံးအနေဖြင့် ပူးပေါင်းပါဝင်ပေးရန် လိုအပ်လျက်ရှိပါသည်။


အလွန်စိုးရိမ်ထိတ်လန့်ခြင်းမပြုဘဲ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း များတွင် ပူးပေါင်းပါဝင်ရန်လိုအပ်
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  အိုမီခရွန်အပါအဝင် မျိုးဗီဇ ပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများကြောင့် ရောဂါဖြစ်ပွားမှုတစ်ကျော့ပြန် များပြားမလာစေရေး အထက်တွင်ဖော်ပြပါအတိုင်းလုပ်ငန်းများကို အဘက်ဘက်မှ  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို စီမံချက် အသွင်ရေးဆွဲ၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီတို့၏ လမ်းညွှန် မှု၊   ကိုဗစ်-၁၉   ရောဂါ   ထိန်းချုပ်ရေးနှင့်   အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် နှီးနွှယ်ဌာနဆိုင်ရာ များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါသဖြင့် ပြည်သူများအနေ ဖြင့်လည်း    အိုမီခရွန်မျိုးဗီဇပြောင်း   ကိုဗစ်-၁၉  ရောဂါပိုးနှင့်ပတ်သက် ၍ အလွန်စိုးရိမ်ထိတ်လန့်ခြင်းမပြုဘဲ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပံ့ပိုးဆောင်ရွက်ပေးရန်နှင့် အလှည့်ကျ ရရှိလာသည့် ကာကွယ်ဆေး မပျက်မကွက် အကြိမ်ပြည့်ထိုးနှံမှုခံယူ ခြင်းအပါအဝင် ရိုးရှင်းသည့်အခြေခံ ကိုဗစ်-၁၉  ကာကွယ်ရေးနည်းလမ်း များကို  ကိုယ်စီ ဆက်လက်လိုက်နာကြရန် လိုအပ်သည့်အကြောင်း အသိပေးတင်ပြလိုက်ရပါသည်။     ။
n