
နေပြည်တော် ဒီဇင်ဘာ ၁၃
သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၃ နာရီခွဲတွင် သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးသွားကားလမ်း ကျွဲတပ်ဆုံကျေးရွာ အနီး မိုင်တိုင်အမှတ်(၃၁/၄)၌ မိတ္ထီလာမှ တောင်ကြီးသို့ ထွန်းလင်းနောင်(ခ)နောင်နောင် (၂၄)နှစ် မောင်းနှင်ပြီး ဇော်မျိုးဦး (၂၂)နှစ် လိုက်ပါလာသည့် ၂၂ ဘီး တွဲကား မော်တော်ယာဉ်အား သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၆၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း Toluene လီတာ ၇၅၀၀၊ Acetone လီတာ ၃၀၀၀ နှင့် Ethylacetate လီတာ ၇၅၀၀ တို့အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် များအရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်း များအား ရန်ကုန်တိုင်းဒေသကြီးမှ ရှမ်းပြည် နယ်(တောင်ပိုင်း)သို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်