အာဖရိကတွင် ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ကိုးသန်းနီးပါးရှိလာ

 

အဒစ္စအဘာဘာ ဒီဇင်ဘာ ၁၄  
အာဖရိကတွင်  ဒီဇင်ဘာ ၁၄ ရက်  မွန်းလွဲပိုင်းအထိ    ကိုဗစ်-၁၉ အတည်ပြု        လူနာပေါင်း ၈၉၄၄၀၉၇ ဦးအထိ    ရှိလာခဲ့ ကြောင်း     အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့်    ကာကွယ် ရေးဌာန    (အာဖရိကစီဒီစီ)   က ပြောသည်။  စီဒီစီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့်    သေဆုံး သူပေါင်းမှာ ၂၂၄၉၂၀  ရှိလာပြီ  ဖြစ်ကြောင်းနှင့်  ၈၂၅၁၃၀၇ ဦးမှာ ကိုဗစ်-၁၉   ကင်းစင်သွားပြီ  ဖြစ် ကြောင်း သိရသည်။ 
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှား၊  အီသီယိုးပီးယားနှင့် လစ်ဗျားနိုင်ငံတို့သည်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများဆုံး နိုင်ငံ များဖြစ်ကြောင်း    အာဖရိက ရောဂါထိန်းချုပ်ရေးနှင့်  ကာကွယ် ရေးဌာနက ပြောသည်။   တောင် အာဖရိကသည်    ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများဆုံး  ဖြစ် ပြီး    အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့သည် ဒုတိယကူးစက် ဖြစ်ပွားမှုအများဆုံး    ဖြစ်သည်။ အာဖရိကအလယ်ပိုင်းသည် ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားမှု အနည်းဆုံး ဖြစ်ကြောင်း  စီဒီစီ၏ ထုတ်ပြန် ချက်အရ သိရသည်။       ဆင်ဟွာ